ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ

ကလေးများအတွက် ကစားစရာများဝယ်ရာတွင် ရွေးချယ်စရာ များစွာရှိပါသည်။ ဤဆောင်းပါးတွင် ကလေးများ၏အသက်အလိုက် သင့်လျော်သောကစားစရာများ ကိုဖော်ပြပေးထားပါသည်။ ၎င်းတို့သည် ကလေးများကို ပျော်ရွှင်စေမည့်အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါတိုးတက်စေပါလိမ့်မည်။ ၁။ အသက်သုံးလအရွယ်ကလေးများအတွက်ကစားစရာများ ပထမပိုင်းလများတွင်အရာဝတ္ထုများကိုဘယ်လိုဆုပ်ကိုင်ရမည် သို့မဟုတ် ဘယ်လိုထိုင်ရမည်ဆိုသည်ကို ကလေးများမလုပ်တတ်သေးခင်တွင် ကလေးများသည် နားထောင်နိုင်မည့်အရာများကို ပိုမိုမျှော်လင့်ကြသည်။ အရောင်အသွေး တောက်ပပြီးစုံလင်သော ကစားစရာများသည် ကလေးများကြည့်ဖို့အတွက် အကောင်းဆုံး၊အလွယ်ကူဆုံး ပင်များဖြစ်သည်။ သင်သည်ကလေးများကို mp3 player သို့မဟုတ် သီချင်းနားထောင်သည့်အရာ၊လက်နှင့်ကိုင်နိုင်သောအရာ၊ ရွေ့လျားပြီးမကွဲနိုင်သောမှန်များ၊ အရောင်တောက်ပသည့်နူးညံ့သောစာအုပ်များ၊ အာရုံခံနိုင်သည့် ကစားစရာများ၊ ဂျောက်ဂျက်များ၊သံစုံခေါင်းလောင်းများဝယ်ပေးနိုင်ပါသည်။   ၂။ သုံးလမှခြောက်လအထိ ကလေးများအတွက် ကစားစရာများ ဤအရွယ်ကလေးများ၏ လက်များသည် လက်သီးဆုပ်ရုံသာမကဘဲ အရာဝတ္ထုများကိုပါ ဆုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် သူတို့၏လက်များကို ပိုမိုအသုံးချလိုကြပါသည်။ သို့ဖြစ်၍ကလေးများသည် သူတို့၏လက်ထဲတွင်ဆုပ်ကိုင်နိုင်သောအရာများကို ဆော့လိုကြသည်။ ပေါ့ပါးသောဂျောက်ဂျက်များ၊ နူးညံ့သောတိရိစ္ဆာန်အရုပ်များ၊ ညှစ်၍ရသောရော်ဘာရုပ်များ၊ အရောင်စုံပါသောကွင်းများ စသည်တို့ဖြစ်ပါသည်။   ၃။ ခြောက်လမှကိုးလအရွယ် ကလေးများအတွက် ကစားစရာများ ဤအဆင့်တွင်ကလေးများသည် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ

သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။ (၁) နွေးထွေးပါ။ ချစ်ခင်ပါ။ တာဝန်ယူတတ်ပါစေ။ လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။   (၂) ကလေးတွေကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။ သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။   (၃) ဖန်တီးနိုင်ဖို့ အားပေးပါ။ အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးတွေ ချောင်းဆိုးခြင်းကို ကုသနိုင်မည့်နည်းလမ်းများ

အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတွေဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ လူကြီးတစ်ယောက်က ချောင်းဆိုးနေမယ်ဆိုရင် သူတို့ဝေဒနာကိုသက်သာစေဖို့ ကိုယ့်ဖာသာ ဆေးဆိုင်ကနေ ဆေးတွေဝယ်သောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက်တော့ ဆေးညွှန်းမပါဘဲ ကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်လို့ရတဲ့ ဆေးတွေကို အမြဲတမ်းသုံးစွဲလို့မရနိုင်ပါဘူး။ လူကြီးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ကင်းအောင်ထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေးတွေရဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ၂နှစ်အောက်ကလေးတွေမှာ အသက်အန္တရာယ်ကိုပါထိခိုက်နိုင်စေတဲ့အတွက် ထိုဆေးကိုလုံးဝမသုံးစွဲသင့်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးတွေ ချောင်းဆိုးခြင်းကို ထိရောက်စွာကုသနိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြချင်ပါတယ်။ (၁) ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို စမ်းကြည့်ပါ။ ပျားရည်ဟာ ကျန်းမာရေးဆိုင်ရာပြဿနာအမျိုးမျိုးမှာ သုံးစွဲနိုင်တဲ့ မှော်ဝင်ပစ္စည်းပါ။ အထူးသဖြင့် အအေးမိခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေမှာ ပိုပြိးထိရောက်ပါတယ်။ တကယ်လို့သင့်ကလေးက အပြင်းအထန်ချောင်းဆိုးနေတယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုတိုက်ကြည့်ပါ။ ဒါကလည်ချောင်းနာတာကိုသက်သာစေပြီး ချောင်းဆိုးခြင်းကိုလျော့ကျစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ပျားရည်ဟာ သူတို့လေးတွေရဲ့ အားနည်းတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း

သင့်ကလေးကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာကျွေးရတာခက်နေလျှင် အထူးသဖြင့် သင့်ကလေးမှာအစာခြေခြင်းနှင့်ဆိုင်သောဆိုးဝါးသည့်ရောဂါတစ်ခုရှိနေလျှင် ဒီဆောင်းပါးက သင့်အတွက်အကောင်းဆုံးပါပဲ။ ဤဆောင်းပါး၌ သင့်ရဲ့ကလေးကိုကောင်းမွန်စွာဘယ်လိုကျွေးမလဲ ကျန်းကျန်းမာမာကြီးပြင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြထားပါသည်။ (၁) ကုသမှုကိုလိုက်နာပါ သင့်ကလေးမှာ အစာခြေရောဂါရှိနေပြီဟုအဖြေထွက်လျှင် ကောင်းကောင်းမကုသပါက ကောင်းလာမည်မဟုတ်ပါ။ သူတို့လိုအပ်သည့်ဆေးကိုရရှိသည်နှင့် နေကောင်းပြီးအစားပိုစားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုသမှုကိုသေချာလိုက်နာရန် အရေးကြီးပါသည်။ (၂) ကလေးအာဟာရပညာရှင်ကိုရှာပါ ကလေးအတွက်လိုအပ်သည့်အာဟာရသည် လူကြီးများနှင့်မတူပါ။ ထို့ကြောင့်သူတို့အတွက် အထူးကုကိုလိုအပ်ပါသည်။ ကလေးများနှင့်ဆက်နွယ်သည့်ပညာရှင်ကိုရှာရမည်ဖြစ်သည်။ (၃) ဖြည့်စွက်စာများကျွေးပါ အခုသင့်မှာအာဟာရပညာရှင်ရှိသွားပြီဆိုလျှင် ကလေးကိုဖြည့်စွက်စာဘာကျွေးရမလဲဆိုသည်ကိုမေးပါ။ အစာခြေရောဂါများသည် များသောအားဖြင့် အာဟာရချို့တဲ့ခြင်းနှင့်တွဲတတ်သည်။ ကလေးတွင် နာတာရှည်ဝမ်းလျှောနေပါက ဇင့်ဖြည့်စွက်စာလိုအပ်ပါလိမ့်မည်။ သွေးထွက်သောရောဂါမျိုးရှိလျှင်မူ သံဓါတ်ဖြည့်စွက်ခြင်းက အတော်လေးအထောက်အကူ ပြုပါလိမ့်မည်။ (၄) Calories လိုသည်ကိုဖြည့်ပါ အားလူချောင်းကြော်သည် ကလေးများအကြိုက်ဖြစ်သည်။ သို့သော် Junk Food တိုင်းက ကလေးအလေးချိန်တိုးစေရန် ကူညီမည်တော့မဟုတ်ပါ။ ထောပတ်သီးလို သံလွင်ဆီလို အဆီများက ကလေးလိုအပ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများဖြစ်သည်။ ကာဗိုဟိုက်ဒြိတ် သို့မဟုတ် ပရိုတင်းအမှုန့်များ သောက်စရာများကလဲ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တိုက်ခိုက်မှုခံနေရသည်ကို သိနိုင်မည့်လက္ခဏာများ

ဒီနေ့ခေတ်တွေမှာ ကလေးတွေက နည်းပညာဆိုင်ရာပစ္စည်းတွေ နဲ့ လူမှုကွန်ရက်တွေမှာ အချိန်ကုန်ဆုံးမှုများလာတာနဲ့အမျှ သူတို့တွေကို အွန်လိုင်းကနေ တိုက်ခိုက်အနိုင်ကျင့်နိုင်မှုတွေလည်း မြင့်တက်လာပါတယ်၊ သင့်ရဲ့ကလေးက အနိုင်ကျင့်ခံနေရသူဖြစ်နေပြီလားဆိုတာကို မသိနိုင်သေးခင်မှာတင် အွန်လိုင်းပေါ်မှာအနိုင်ကျင့်တိုက်ခိုက်ခံရခြင်းက တကယ့်လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံရခြင်းထက် မလျော့နည်းတဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်လို့နေပါပြီ။ အွန်လိုင်းပေါ်ကနေတိုက်ခိုက်အနိုင်ကျင့်ခံရခြင်းတွေမှာ ခြိမ်းခြောက်စာတွေ၊ ဆိုးရွားပြီး စော်ကားတဲ့ စကားလုံးတွေ ပုံတွေကို ဖေ့စ်ဘုတ်ခ်၊ အင်စတာဂရမ် စသည့်အမျိုးမျိုးသော မီဒီယာတွေကနေတဆင့် ပေးပို့ခံရတာတွေပါဝင်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကလေးဟာ သူတို့ရဲ့ရှက်ဖွယ်ပုံတွေကို တခြားသောအွန်လိုင်းအသုံးပြုသူတွေရဲ့ လိုက်ခ်ပေးခံရခြင်း၊ မျှဝေခံရခြင်းတွေအားဖြင့် များစွာသောအွန်လိုင်းအသုံးပြုသူတွေဆီမှာ အနိုင်ကျင့်ခံရသူတစ်ဦးဖြစ်နေနိုင်သလို ၊ ဆိုးရွားတဲ့နာမည်ပြောင်တွေရထားတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးတွေကို အလွန်အမင်းစိတ်ဓါတ်ကျစေပြီး သူတို့ကို အထီးကျန်ကာ တခြားလူတွေဆီကနေ တသီးတခြားနေတတ်သူတွေ ဖြစ်သွားစေပါလိမ့်မယ်။ ဒါဆို သင့်ကလေးက ဘာကြောင့် သင့်ကို အဲဒီကိစ္စ ပြောမပြရတာလဲ။ သင့်ကိုသင် ယခုမေးနေလောက်ပြီပေါ့။ အဲ့ဒါက ပထမဆုံးအနေနဲ့တော့ ကလေးဟာ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ဆယ်ကျော်သက်များ ကျန်းမာရေးနှင့်အညီ ဝိတ်လျှော့နည်း

လူတိုင်း အထူးသဖြင့် ဆယ်ကျော်သက်လေးတွေဟာ စံ ပြ ကိုယ်အလေးချိန်နဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓါကိုယ်ကို လိုချင်ကြပါတယ်။ ဒါပေမယ့် မလျော်ကန်တဲ့ ဝိတ်လျှော့နည်းတွေဟာ အန္တရာယ်ကြီးတဲ့ ရလဒ်တွေဆီ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့်နည်းမှန်လမ်းမှန်နဲ့ ဝိတ်လျှော့ဖို့အတွက် ကောင်းမွန်တဲ့ ကျန်းမာရေးအလေ့အကျင့်တွေကို ဖယ်ထားလို့မရဘူးလေ။ သင့်ကလေးကို စာနာအားပေးပါ အဝလွန်ခြင်းဟာ သင့်သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်နိုင်တာကြောင့် မိဘတစ်ယောက်အနေနဲ့ သင်ဟာ မိမိကလေးကိုနားလည်ပေးပြီး ကူညီပေးရပါမယ်။ ဒါကြောင့် သူတို့အလိုရှိတဲ့အခါတိုင်း ကူညီဖို့အသင့်ဖြစ်နေကြောင်း အရင်ပြလိုက်ပါ။ လက်တွေ့တော့ကျပါစေ ပြီးပြည့်စုံတဲ့ပုံစံဆိုတာ မရှိဘူးဆိုတာကိုတော့ သူတို့နားလည်ပါစေ။ လူတိုင်းမှာ ကိုယ်ပိုင် အရွယ်အစား ပုံစံအချိုးအစားရှိတဲ့အတွက် တခြားလူတစ်ယောက်နဲ့ တထပ်တည်းတူစရာမလိုပါဘူး။ အမှန်တော့ ဝိတ်လျှော့ခြင်းဆိုတာ လှလာဖို့အပြင် ကျန်းမာပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့လည်းပါပါတယ်။ ဒါကြောင့် သင့်ကလေးကို သူနဲ့အလိုက်ဖက်ဆုံးနဲ့ ဖြစ်နိုင်ချေအရှိဆုံး ခန္ဓါကိုယ်အချိုးအစားကိုသာ ဦးတည်ချက်ထားဖို့ ကျွမ်းကျင်သူနဲ့တိုင်ပင်ပေးပါ။ ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်တတ်ပါစေ ခေတ်စားနေတဲ့ အစားရှောင် အမြန်ဝိတ်ချနည်းတွေရဲ့ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ဆယ်ကျော်သက်သားသမီးတွေကို စိတ်ဓါတ်မကျအောင် ဘယ်လိုကာကွယ်ပေးကြမလဲ

အပျိုဖော်လူပျိုဖော်ဝင်လာတဲ့အခါ ဆယ်ကျော်သက်လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ အများအပြားတွေ့ကြုံရပါတယ်။ ထိုအရွယ်မှာ စိတ်ဓါတ်ကျခြင်းဟာ အကြီးမားဆုံးပြဿနာကြီးပါ။ ထိုကိစ္စကိုဖြေရှင်းဖို့ မိဘတွေရဲ့အားပေးမှုက အလွန်အရေးကြီးပါတယ်။ မိဘနဲ့သားသမီးကြား သံယောဇဉ်ခိုင်မာပါစေ မိဘနဲ့သားသမီးတွေကြားမှာ ရင်းနှီးမှုရှိခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ဓါတ်ကျမှုပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ မိဘတွေဟာ : • ကလေးတွေနဲ့နေ့စဉ်စကားပြောမယ် • သူတို့ခံစားချက်တွေ၊ လျှို့ဝှက်ချက်တွေကို မျှဝေမယ် • အားပေးမယ်၊ ချီးကျူးမယ် • သူတို့ရဲ့ဆိုးတဲ့အပြုအမူလေးတွေကိုလည်း တဖက်လှည့်နဲ့ ညင်သာစွာပြုပြင်ပေးမယ် တခြားဆက်ဆံရေးတွေကိုအားပေးပါ သူငယ်ချင်းတွေ တခြားလူမှုဆက်ဆံရေးတွေကလည်း ဆယ်ကျော်သက်စိတ်ဓါတ်ကျခြင်းအတွက် အရေးကြီးပါတယ်။ သင့်ကလေးတွေကို သူငယ်ချင်းကောင်းတွေနဲ့ အချိန်ကုန်ပါစေ၊ အဖွဲ့လိုက်လုပ်ဆောင်ရတာတွေ၊ အားကစားအဖွဲ့တွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ပါစေ။ ဒါတွေဟာ သူတို့ကို မိမိကိုယ်ကိုယုံကြည်မှုတိုးစေပြီး အရည်အချင်းတွေလည်း တက်လာစေပါတယ်။ ချစ်သူရည်းစားပြဿနာတွေမှာလည်း အကြံပေးပါ။ ထိုပြဿနာများမှ စိတ်ဖိစီးမှုတွေကလည်း စိတ်ဓါတ်ကျခြင်းကို ဖြစ်စေနိုင်လို့ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ ကိုယ်လက်လှုပ်ရှားမှုတွေဟာ စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ တစ်ရက်လျှင် အနည်းဆုံးတစ်နာရီလောက်လှုပ်ရှားပေးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာမှစလို့ တောင်တက်တာ၊ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံ့ဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တိုက်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။ မိခင်နို့တိုက်သောအခါတွင် နာကျင်ပါသည်။ မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည် နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။ အကယ်၍ သင့်နို့သီးခေါင်းသည် နို့တိုက်ပြီး အချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုးဝင်နေခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြင်းသည် အချိန်ကြာရှည်စွာ နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာဝန်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။ ရင်သားအရွယ်အစားသည် မိခင်နို့ထွက်ရှိသည့်ပမာဏနှင့် မဆိုင်ပါ။ ရင်သားအရွယ်အစားသည် သင့်တွင် အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကိုသာ ဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလင်းပါဝင်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ […]


ကလေးငယ်အာဟာရ

သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။ မည်သည့်အချိန်တွင်ကလေးကိုအစာအမာ စတင်ကျွေးသင့်သနည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ထွက်များခြင်း အကြောင်းသိကောင်းစရာများ

မိခင်နို့လုံလုံလောက်လောက်မထွက်ခြင်းသည် မိခင်များစိတ်ပူသည့်အကြောင်းအချက်တစ်ရပ်ဖြစ်သကဲ့ သို့ နို့ထွက်များခြင်းသည်လည်း ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤဆောင်းပါးတွင် နို့ထွက်များခြင်း အကြောင်းရင်များနှင့် ဘယ်လိုလျော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ ဘာကြောင့် နို့်ထွက်များရသလဲ။ နို့ထွက်များရခြင်းအကြောင်းအရင်းများ စွာရှိပါသည်။ အချို့မိခင်များ၏ခန္ဓါကိုယ်များသည် အစကတည်းကပင် နို့ထွက်များကြသည်။ အချို့ကိစ္စရပ်များတွင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် နို့ထွက်များကြသည်။ အကယ်၍ မိခင်သည် ကလေးနို့စို့နည်းစေရန် နို့မတိုက်မီ ပမာဏများစွာကို ညှစ်ထုတ်ထား လျှင် ဖြစ်တတ်ပါသည်။ နောက်တစ်ချက်အတော့ သူငယ်ချင်းများ၊မိသားစု သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူများထံမှ ကြားသိဖူးသော ရှေးရိုးစွဲယုံကြည်မှုကြောင့်ဖြစ်သည်။ နို့တိုက်လျှင်တစ်ဖက်ကို မိနစ် အနည်းငယ်စီမျှတိုက်ခြင်း သို့မဟုတ် ကလေးက နို့တိုက်တိုင်း နှစ်ဖက်လုံးကို စို့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။   နို့ရည်ထွက်နှုန်းကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ အကယ်၍သင့်ကလေးသည် နှစ်နာရီအတွင်း နို့ပြန်ဆာပါက ပထမတိုက်ခဲ့သော နို့တစ်ဖက်တည်းကိုပြန်တိုက်ပါ။ ကလေး၏တုံ့ပြန်မှုကိုကြည့်ပါ။ သင့်ကလေး၏လိုအပ်ချက်ကြောင့်နို့ရည်သည် ထွက်သွားသည်နှင့်အမျှ နို့ထုတ်လုပ်နှုန်းလည်းနှေးသွားပါလိမ့်မည်။ နို့ရည်ထုတ်လုပ်နှုန်းသည် ကလေး၏လိုအပ်ချက်နှုန်းနှင့် သက်ဆိုင်ပါသည်။ နို့သောက်နှုန်းမြင့်လေလေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း