ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးများတွင် Penumococcus ရောဂါပိုးကူးစက်ခြင်း

Pneumococcal ရောဂါပိုးကူးစက်ခြင်းသည် နှစ်စဉ် ကလေးငယ်ပေါင်း ၅၀၀၀၀၀ ကို သေဆုံးစေပါသည်။ သို့သော် လည်း စစ်တမ်းတစ်ခုအရ မလေးရှားမိခင်များ၏ ၉၆ ရာခိုင်နှုန်းသည် pneumococcus အကြောင်း တစ်လုံးမှ မသိ ပါ။ ၉၇ ရာခိုင်နှုန်းသည် ၎င်းအတွက် ကာကွယ်ဆေးရှိမှန်း မသိပါ။ Pneumococcus ဆိုတာဘာလဲ။ Streptococcus pneumoniae သို့မဟုတ် pneumococcus ဆိုသည်မှာ ၁၉ရာစု အနှောင်းပိုင်းတွင် အဆုပ်ရောင်ရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းဟု သိထားသော ဘတ်တီးရီးယား ရောဂါပိုး တစ်မျိုး ဖြစ်သည်။ ဘယ်သူတွေ အများဆုံး ကူးစက်ခံရနိုင်လဲ။ မွေးခါစမှ ၂၄လအတွင်း ကလေးငယ်များ၏ ခန္ဓါကိုယ် သည် သွေးထဲတွင် pneumococcal antibodies အလွန် နည်းပါသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ ကိုယ်ခံအားနည်းသော ကလေးငယ်များ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

မိဘများ အဝတ်မပါခြင်း။ သင့်ကလေးသည် ဘယ်အရွယ် ရောက်လျှင် သင် အဝတ်မပါသည်ကို မမြင်သင့်တော့သလဲ

မိဘများက ကလေးများကို ရေချိုးပေးခြင်းသည် လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။ ကလေးငယ်များသည် အချိန်တိုင်း နီးပါး ဂရုစိုက်စောင့်ရှောက်မှု လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သင့်ကလေးမှ သင်အဝတ်မပါသောအခါ မေးခွန်းများ စတင်မေးသော သို့မဟုတ် ဟာသများလုပ်သော အချိန် ရှိလာမည်။ ထို့ကြောင့် ဘယ်အချိန်တွင် သင်သည် သင့်ကလေး ရှေ့တွင် ကိုယ်တုံးလုံးနေခြင်းကို ရပ်မလဲ။ မိဘများ အဝတ်မပါခြင်း၏ ကလေးအပေါ်သက်ရောက်မှု UCLA ရှိ The David Geffen School of Medicine မှ Dr. Stephanie Mihalas သည် ၈၀ပြည့်နှစ်တွင် စစ်တမ်းတစ်ခုဖြင့် အောက်ပါတို့ကို သက်သေပြခဲ့သည်။ မိဘများ အဝတ်မပါမှု ကို စောစီးစွာ ထိတွေ့ခြင်း ( မွေးခါစမှ အသက်၅နှစ်) သည် လိင်နှစ်မျိုးစလုံးအတွက် အရေပြားပွတ်တိုက်ခြင်းနှင့် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

လမစေ့ဘဲမွေးသော ကလေးများတွင်ဖြစ်သည့် အရိုးနှင့် အခြားကျန်းမာရေးပြသနာများ

လမစေ့ဘဲ ကလေးမွေးခြင်းသည် မွေးကင်းစ တစ်လအောက် ကလေးများတွင် အသေအများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ထိုကလေးများသည် အသက်ရှင်သွားလျှင်ပင် အသက်ကြီးလာသည်နှင့်အမျှ ဖွံ့ဖြိုးမှုနှေးခြင်း၊ နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း နှင့် ဦးနှောက်ဉာဏ်ရည်မမီခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရပါသည်။ ထိုအခါ မိသားစုဝင်များသည်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ဆေးကုသစရိတ်အတွက် ငွေရေးကြေးရေး မပြေလည်မှုများကြုံတွေ့လာရသည်။   လမစေ့ဘဲ မွေးသောကလေးများတွင် အသက်ကြီးလာလျှင် ထိုကလေး၏ အရိုးများကို ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲ။ လမစေ့ဘဲ ကလေးမွေးခြင်း၏ အသိသာဆုံးသော နောက်ဆက်တွဲပြသနာမှာ အရိုးပြသနာများဖြစ်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးအပတ်များတွင် မိခင်ထံမှ ကယ်လ်ဆီယံဓါတ်များသည် သန္ဓေသားဆီသို့ရောက်ခြင်းဖြင့် သန္ဓေသား၏အရိုးများကို အားဖြည့်ပေးခြင်းဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများတွင် ထိုဖြစ်စဉ်ကို မမီလိုက်သောကြောင့် အရိုးသိပ်သည်းဆလျော့နည်းကယ အသက်ကြီးလာသည်နှင့်အမျှ အရိုးပြသနာများဖြစ်လာရခြင်းဖြစ်ပေသည်။ ယင်းသီအိုရီကို အမေရိကန်နိုင်ငံ ဟော်မုန်းနှင့် အရိုးရောဂါလေ့လာရေးမှ Professor Unni Syversen ကလေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုလေ့လာမှုတွင် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များ အိမ်မှထွက်ပြေးခြင်းကို တားဆီးခြင်း

ဆယ်ကျော်သက်အရွယ်သည် လူငယ်များ သူတို့ကိုယ် တိုင်နှင့် သူတို့ဘဝတွင် ပြဿနာများစွာကို ကြုံတွေ့ရသော အသက်အရွယ် ဖြစ်သည်။ အိမ် သို့မဟုတ် ကျောင်းတွင် အခက်အခဲများ တွေ့ကြုံရခြင်းသည် ထွက်ပြေးရန် အကြံကို ဖြစ်စေသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့်ထွက်ပြေးကြသလဲ။ ဆယ်ကျော်သက်များသည် အကြောင်းရင်းများစွာကြောင့် ထွက်ပြေးကြပါသည်။ သူတို့ကိုယ်တိုင်ကြောင့် စိတ်ဝင်စားမှု လွန်ကျူးခြင်း ( အွန်လိုင်းအချစ်၊ ဗီဒီယို ဂိမ်းများ၊ ဆေးများ) အမိန့်မနာခံခြင်း မိဘများက အိမ်တွင် ထိန်းသိမ်းထားခြင်း ချစ်သူကောင်လေးမှ ခိုးပြေးခြင်း မိသားစုနှင့် နေထိုင်ရာနေရာကြောင့် မိဘများ ရန်ဖြစ်ခြင်း သို့မဟုတ် ကွာရှင်းခြင်း မိသားစုဝင်အချင်းချင်း ကြင်နာမှု မရှိခြင်း မိသားစု အလွဲသုံးစားလုပ်ခြင်း ငွေကြေး ခက်ခဲခြင်း အိမ်နီးနားချင်းများ မကောင်းခြင်း ဆယ်ကျော်သက်လူငယ်များ ထွက်ပြေးနိုင်သော လက္ခဏာ များ စိတ်ခံစားမှု ပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်း ပုံပန်းသွင်ပြင် သတိထားမိဖွယ် […]


ကလေးအစာခြေစနစ်ပြဿနာများ

ပဋိဇီဝဆေးကြောင့်ဖြစ်တဲ့ ကလေးတွေဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Probiotics များ

ပဋိဇီဝဆေးတွေနဲ့ ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ။ ပဋိဇီဝဆေးတွေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ခြင်း (ADD)ဆိုတာ colonial နဲ့ gastrotestinal microflora မညီမျှခြင်းကြောင့် ဖြစ်ရတဲ့ ရလဒ်ပါ။ ဒီအခြေအနေကတော့ ပဋိဇီဝဆေးတွေသောက်ရတဲ့ လူနာတွေမှာ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒီဝမ်းပျက်ခြင်းကိုတော့ ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်ခြင်းနဲ့အတူ တစ်ရက်ကို ယေဘုယျအားဖြင့် အကြိမ်ပေါင်းများစွာ ဝမ်းအရည်တွေချည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ Probiotic ဆိုတာဘာလဲ။ Probiotic ဆိုတာဟာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေနဲ့ yeast တွေဖြစ်ပြီး သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်ကျန်းမာစေနိုင်ပါတယ်။ လူတိုင်းရဲ့အစာခြေလမ်းကြောင်းတွေမှာ လုံလောက်တဲ့ Probiotic တွေ ရှိနေပေမယ့်လည်း လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး လယ်ဗယ်တွေ ပြောင်းလဲတတ်ပါတယ်။ Probiotic တွေ နည်းပါးခြင်း၊ မရှိခြင်းဟာ အစာမကြေခြင်းနဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်း နည်းပါးစေပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ Probiotics တွေပေးစွမ်းနိုင်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ထောက်ပံ့မှုနည်းခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း

နို့ထွက်နည်းသည်ဟုထင်ခြင်းသည် မိခင်များစွာ ရင်ဆိုင် ရသော အဖြစ်များသော နို့တိုက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းသည် မိခင်များမှ နို့အလုံအလောက် ရှိသော် လည်း နို့အလုံအလောက် မထုတ်နိုင်ဘူးဟု ထင်နေသော အခြေအနေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင် အသစ်များစွာသည် မိခင်နို့တစ်မျိုးတည်းသာ ကလေးအား တိုက်ကျွေးရန် စိတ်ခံစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု နည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အာဟာရ ကို ပေးနိုင်သည်ဟု သက်သေရှိသော်လည်း လူများစွာသည် ဖော်မြူလာနို့နှင့်ယှဉ်လျှင် မိခင်နို့ကို အထင်သေးကြသည်။ မိခင်များသည် နို့ထောက်ပံ့မှု လုံလောက်သလား ဆုံးဖြတ် ရန် မှားယွင်းသော လက္ခဏာများကို သုံးကြသည်။ သူတို့သည် ကလေးငယ်၏ ကိုယ်အလေးချိန် တက်မှုကို အခြေခံသင့် သည်။ မိခင်နို့တိုက်သော ကလေးငယ်သည် […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂

ကလေးငယ်များသည် နေလောင်ခြင်း နှင့် အပူလျှပ်ခြင်း လျင်မြန်စွာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်များကို နေ အပူတွင် ကာကွယ်ပေးရန် အရေးပါသည်။ နေလောင်ခြင်း သည် နာကျင်ခြင်း၊ အဖျားတက်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း ကို ဖြစ်စေနိုင်သည်။ ကလေးဘဝတွင် နေလောင်ခြင်းသည် melanoma ( သေစေနိုင်သော အရေပြားကင်ဆာ) ဖြစ်နိုင်ခြေ ကို မြင့်စေသည်။ အသက်ကြီးလာပါက အရေပြားတွန့်ခြင်း ပိုဖြစ်နိုင်သည်။ ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂ ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အနေနဲ့ နေလောင်ခံလိမ်းဆေး ထူထူလိမ်းပါ။ နေဒဏ်ကာကွယ်မှုပစ္စည်း (SPF) အနည်းဆုံး ၁၅ ပါဝင် သော နေလောင်ခံလိမ်းဆေးကို အသုံးပြုပါ။ တံဆိပ်တွင် broad spectrum ဟူသော စာလုံးကိုရှာပါ။ Broad […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်

ကလေးငယ်တစ်ယောက်၏ ညဏ်စွမ်းရည် ကျန်းမာမှု သည် မိခင်တိုင်း၏ အဓိက ဦးစားပေးမှု ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေရန် အကောင်းဆုံး အာဟာရများကို ရှာဖွေ ကျွေးမွေးကြခြင်း ဖြစ်သည်။ သို့သော်လည်း မိဘများသည် အလွန်အရေးကြီးပြီး ရိုးရှင်းသော အချက်တစ်ခုကို မေ့နေ တတ်ကြသည်။ ၎င်းသည် အရေပြားအချင်းချင်း ထိတွေ့မှု ဖြစ်သည်။ လေ့လာမှုများအရ မိခင်နှင့် ရင်သွေးငယ်ကြား တွင် အရေပြားအချင်းချင်း ထိတွေ့မှု ရှိခြင်းသည် ကလေး ၏ ဦးနှောက်ကို အလွန်အကျိုးရှိစေသည်ဟု ဆိုသည်။ အရေပြားအချင်းချင်းထိတွေ့မှု ဆိုတာဘာလဲ။ ကလေးမွေးဖွားပြီးပါက ကလေးကို ဝမ်းလျားမှောက်ပြီး ရင်ဘတ်ပေါ်တွင် ထားပါ။ အရေပြားအချင်းချင်း ထိတွေ့မှု သည် သင်နှင့် သင့်ကလေးငယ်ကို ပူးကပ်ထိတွေ့စေပြီး တစ်ဦးနှင့် တစ်ဦး သိရှိရင်းနှီးစေသည်။ လူသိများသော အရေပြားအချင်းချင်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ကြုံတွေ့ရတတ်တဲ့ လက်သည်း၊ခြေသည်းပြဿနာတွေ

ကလေးတွေမှာ လက်သည်း၊ခြေသည်းပြဿနာတွေ ရင်ဆိုင်ရတာဟာ ပုံမှန်ပဲ လို့တောင် ပြောလို့ရတဲ့အတွက် သင့်အနေနဲ့ အထူးအထွေ စိုးရိမ်ပူပန်စရာ၊သောကရောက်စရာ မလိုပါဘူး။ သာမန်အလှအပရေးရာ ပြဿနာတခုအဖြစ်သာ ရှုမြင်ကြလေ့ရှိပါတယ်။ သင့်ကလေးမှာ အများဆုံးတွေ့ကြုံလာရနိုင်တဲ့ လက်သည်း၊ခြေသည်းဆိုင်ရာ ပြဿနာတွေကို အောက်မှာဖော်ပြထားပါတယ်။   Beau’s lines Beau’s lines ဆိုတာဟာ လက်သည်းမှာ ကန့်လန့်ဖြတ်ချိုင့်နေတာကို ဆိုလိုပါတယ်။Beau’s lines တွေဟာ သင့်ကလေးရဲ့ လက်သည်းခွံလေးမှာ ကန့်လန့်ဖြတ်ပြီး အချိုင့်ကြီးအနေနဲ့ ရှိနေပါမယ်။ တကယ်တမ်းပြောရရင် ပုံမှန်မွေးကင်းစကလေးအများစုမှာ Beau’s lines တွေ ရှိနေတတ်ပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ အပြင်းဖျားပြီးတဲ့အခါ တွေ့မြင်နိုင်သလို ဇင့်ဓါတ်ချို့တဲ့ နေတဲ့ ကလေးတွေမှာလည်း ရှားရှားပါးပါး တွေ့မြင်နိုင်ပါတယ်။   Koilonychia ကလေးတွေမှာ Koilonychia ဒါမှမဟုတ် ဇွန်းပုံစံ ခြေသည်း၊လက်သည်းတွေဟာ အနည်းငယ် အဖြစ်များပါတယ်။Koilonychia ဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးထိန်းနှင့် နေ့ပိုင်းစောင့်ရှောက်မှုစင်တာ ၊ ဘယ်ဟာက သင့်ကလေးအတွက် အကောင်းဆုံးလဲ

သင့်ကလေးသည် တဖြည်းဖြည်း ကြီးပြင်းလာပြီး သင် သည် ပုံမှန်အလုပ်များ သွားရောက်လုပ်ကိုင်ရသောအခါ မေးခွန်းတစ်ခု ရှိလာပါသည်။ သင်အိမ်မှာမရှိလျှင် သင့် ကလေးကို ဘယ်သူစောင့်ရှောက်ပေးမလဲ။ နောက်ပြီး သင့် ကလေးတွေအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။ ကလေးထိန်းလား ဒါမှမဟုတ် နေ့ပိုင်းစောင့်ရှောက်မှု စင်တာ လား။ ဤနှစ်ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သိခြင်း သည် ကူညီနိုင်သည်။ ကလေးထိန်း ကလေးထိန်းဆိုတာ ဘာလဲ။ ကလေးထိန်းသည် ကလေး၏ အစောပိုင်း ဖွံ့ဖြိုးမှုများ အကြောင်းကို သေချာလေ့ကျင့်သင်ကြားထားသည်။ မိဘ များနှင့် လိုအပ်ချက်အပေါ်မူတည်၍ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း အလုပ်လုပ်သည်။ အချို့အချိန်များတွင် ကလေး ကို ထိန်းပေးရန် ငှားထားသော ကလေးကြည့်ပေးသူနှင့် ယှဉ်လျှင် ကလေးထိန်းသည် ပိုပြီး အလုပ်ကျွမ်းကျင်ပါသည်။ ကလေးထိန်းအမျိုးအစား နှစ်မျိုးရှိသည်။ အတူနေ နှင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း