backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

မွေးကင်းစကလေးလေးတွေဟာ စစချင်း မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ အပြင်ကို ထွက်လာတဲ့တာကြောင့် သူတို့ရဲ့ အရေပြားလေးတွေဟာ အပြင်ဘက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အရေပြား ပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကတော့

1. Milia

ဒီ milia တွေကတော့ အရေပြားရှိ ဂလင်းတွေကထုတ်တဲ့ အရည်တွေကြောင့်ဖြစ်တတ်ပါတယ်။ milia လို့ခေါ်တဲ့ ကလေးလေးရဲ့ မျက်နှာပေါ်မှာ ဖြစ်လာတဲ့ သေးငယ်တဲ့ အဖြူရောင် (သို့) အဝါရောင် အလုံးလေးတွေဟာ တကယ်တော့ keratin နဲ့ အဆီ တွေပြည့်နေတဲ့ အရည်အိတ်တွေပဲဖြစ်ပါတယ်။

milia တွေက သွားဖုံးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီလို အလုံးလေးတွေဟာ ကုသမှုခံယူစရာမလိုပဲ ဖြစ်ပြီး ရက်အနည်းငယ်အကြာ (သို့) ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ပြန်ကောင်းသွားနိုင်ပါတယ်။ အဆီတွေ၊ ခရင် တွေလိမ်းခြင်းက ဒီလို ဖြစ်တာကို ပိုဆိုးစေနိင်ပါတယ်။

2. Miliaria ( “ heat rash” အပူကြောင့်ဖြစ်သော အနီဖုများ(သို့) “ pricky heat” ဟုလည်းခေါ်သည်။)

Miliaria ဆိုတာဟာ ကလေးလေးရဲ့ နောက်ကျော၊ ရင်ဘတ်၊ (သို့) လက်မောင်းအောက် တွေမှာ ဖြစ်လာတတ်တဲ့ အရည်(သို့) ပြည်တွေရှိနေတဲ့ သေးငယ်တဲ့ အရည်ကြည်ဖုလေးတွေ (သို့)သေးငယ်တဲ့ အနီရောင် အဖုလေးတွေ ဖြစ်ပါတယ်။ အဲဒါက အရေပြားမှာရှိနေတဲ့ ချွေးထုတ်တဲ့ ပြွန်တွေ ပိတ်သွားလို့ဖြစ်ရတာပါ။ ဒီလို အခြေအနေတွေကို ပူပြီး၊ စိုစွတ်တဲ့ နေရာဒေသတွေ မှာ တွေ့ရများပါတယ်။ (သို့) ကလေးကို အဝတ်အစားတွေအများကြီးနဲ့ အလွန်အကျွံ ထုတ်ထားရင် ဖြစ်နိုင်ပါတယ်။

3. Cradle cap

Cradle cap ဆိုတာကတော့ အရေပြားမှာ အဆီတွေအများကြီးထုတ်တာကြောင့် အရေပြားဆဲလ်တွေက ပုံမှန်အတိုင်း မကွာကျတော့ပဲ တစ်ခုနဲ့တစ်ခု ပူးကပ်နေပြီး ဖြစ်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးလေးရဲ့ ဦးရေပြားမှာ ချွဲကျိပြီးအဝါရောင်ရှိတဲ့ အကွက်လေးတွေ တွေ့ရတတ်ပါတယ်။

4. မွေးကင်းစကလေးလေးတွေမှာ ဖြစ်တဲ့ ဝက်ခြံ

၃၀% လောက်သော မွေးကင်းစ ကလေးလေးတွေရဲ့ ဘ၀ အစပထမ ၄လအတွင်းမှာ ဝက်ခြံ ဖြစ်တတ်ပါတယ်။( များသောအားဖြင့် ၂ ပတ်အကြာမှာ စဖြစ်လေ့ရှိသည်။) ကျွမ်းကျင်သူတွေကတော့ ဒီလို အနီရောင်(သို့) အဖြူရောင် ဝက်ခြံ အလုံးလေးတွေ ဖြစ်ရတာကတော့ မိခင်ဆီက ဟော်မုန်းတွေ ကလေးလေး ဆီရောက်သွားတာကြောင့် ဖြစ်ရတာလို့ ယုံကြည်ကြပါတယ်။ ဒီလို ဝက်ခြံတွေကလည်း သူ့ဘာသာသူ ပျောက်ကင်းသွားနိုင်တာကြောင့် အဆီတွေ၊ ခရင်တွေ မလိမ်းသင့်ပါဘူး။ အဲလို လိမ်းတာတွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။

5. Erythema toxicum ( E. Tox ဟုလည်းခေါ်သည်။)

ဒီအခြေအနေကတော့ များသောအားဖြင့် ကလေးရဲ့ နောက်ကျော၊ မျက်နှာ၊ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ တွေ့ရတတ်တဲ့ ပုံစံမမှန်တဲ့ အနီကွက်၊ အနီစက်တွေဖြစ်ပါတယ်။ တစ်ချို့ကလေးလေးတွေမှာ အလယ်မှာ အဝါဖျော့ရောင် အဖုလေးတွေရှိတတ်ပါတယ်။ ဒီအရေပြား ပြဿနာကလည်း ကလေးလေးကို အန္တရာယ် မပေးနိုင်တဲ့ အပြင် လအနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားမှာပါ။

6. မွေးရာပါ အမှတ်အသားများ။

တစ်ချို့သော အမှတ်အသားတွေကတော့ အချိန်ကြာလာတာနဲ့ အမျှ မှေးမှိန်သွားပြီး တချို့ အမှတ်တွေကတော့ ကလေးလေးရဲ့ ဘ၀ တစ်ခုလုံးမှာ ဆက်လက်ရှိနေနိုင်ပါတယ်။ တွေ့ရများတဲ့ မွေးရာပါအမှတ်အသား အမျိုးအစား တွေကတော့

– Mogolian spots ( မွန်ဂိုလီယမ် အစက်အပြောက်များ)

တွေက ၉၀%သော အာရှလူမျိုး၊ အမေရိကန်၊ အာဖရိကန်၊ နဲ့ Hispanic လူမျိုး ကလေးလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒါတွေက ကလေးရဲ့ နောက်ကျော(သို့) တင်ပါးတွေမှာ အများဆုံးတွေ့ရတဲ့ စိမ်းပြာရောင်(သို့) အပြာရောင် မွေးရာပါအမှတ်အသားတွေပဲ ဖြစ်ပါတယ်။ အဲဒီ အမှတ်အသားတွေက ပြားကပ်နေပြီး ၂ နှစ်အကြာလောက်မှာ မှေးမှိန်သွားလေ့ရှိပါတယ်။

– Stork bites pink birthmarks တွေကတော့ ပြားတဲ့ ပန်းရောင် အမှတ်အသားတွေ ဖြစ်ပြီး နှာတံ အပေါ်၊ မျက်ခွံအောက်ဘက်၊ (သို့) လည်ပင်း အနောက်ဘက်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလို အမှတ်အသားတွေက အရှေ့ဘက်မှာ ရှိရင် “ Angel’s kiss- နတ်သမီးက နမ်းလိုက်တဲ့ အမှတ်အသား” လို့ တင်စားခေါ်ကြပြီး အဲလို အမှတ်အသားတွေက အနောက်ဘက်မှာရှိရင် “ stork bite – ငှက်ကျားက ကိုက်လိုက်တာကြောင့် ဖြစ်တဲ့ အမှတ်အသား” ဆိုပြီး ခေါ်ကြပါတယ်။

– Infantile (သို့ စတော်ဘယ်ရီ)

Hemangiomas- တွေဟာ သွေးကြောတွေ နဲ့ပြုလုပ်ထားပြီး အဲဒီ မွေးရာပါ အမှတ်အသားတွေဟာ အချိန်ကြာလာတာနဲ့ အမျှ အရွယ်အစားရော၊ အမြင့်ပါ တဖြည်းဖြည်းကြီးလာပါတယ်။ ကလေးလေးရဲ့ အသက် ၂ပတ် မှ ၄ပတ် အတွင်းမှာ စဖြစ်လေ့ရှိပါတယ်။ ကုသမှု မခံယူဘဲ ဒီအမှတ်လေးတွေပျောက်ဖို့ကတော့ ၈ နှစ်လောက်ကြာနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement