brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

မိဘများ အဝတ်မပါခြင်း။ သင့်ကလေးသည် ဘယ်အရွယ် ရောက်လျှင် သင် အဝတ်မပါသည်ကို မမြင်သင့်တော့သလဲ

မိဘများက ကလေးများကို ရေချိုးပေးခြင်းသည် လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။ ကလေးငယ်များသည် အချိန်တိုင်း နီးပါး ဂရုစိုက်စောင့်ရှောက်မှု လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သင့်ကလေးမှ သင်အဝတ်မပါသောအခါ မေးခွန်းများ စတင်မေးသော သို့မဟုတ် ဟာသများလုပ်သော အချိန် ရှိလာမည်။ ထို့ကြောင့် ဘယ်အချိန်တွင် သင်သည် သင့်ကလေး ရှေ့တွင် ကိုယ်တုံးလုံးနေခြင်းကို ရပ်မလဲ။

မိဘများ အဝတ်မပါခြင်း။ သင့်ကလေးသည် ဘယ်အရွယ် ရောက်လျှင် သင် အဝတ်မပါသည်ကို မမြင်သင့်တော့သလဲ

မိဘများ အဝတ်မပါခြင်း၏ ကလေးအပေါ်သက်ရောက်မှု

UCLA ရှိ The David Geffen School of Medicine မှ Dr. Stephanie Mihalas သည် ၈၀ပြည့်နှစ်တွင် စစ်တမ်းတစ်ခုဖြင့် အောက်ပါတို့ကို သက်သေပြခဲ့သည်။ မိဘများ အဝတ်မပါမှု ကို စောစီးစွာ ထိတွေ့ခြင်း ( မွေးခါစမှ အသက်၅နှစ်) သည် လိင်နှစ်မျိုးစလုံးအတွက် အရေပြားပွတ်တိုက်ခြင်းနှင့် စွဲလန်း ခြင်းကို နှစ်သက်စေသည်။ အသက် ၆နှစ်မှ ၁၁နှစ်တွင် ကလေးများသည် လိင်ပိုင်းဆိုင်ရာ အထိန်းအကွပ်လျော့ရဲခြင်း ပိုဖြစ်နိုင်သည်။ သို့သော်လည်း ဤအချက်အလက်များသည် မိဘများ ကလေးငယ်များရှေ့တွင် အဝတ်မပါခြင်း၏ သက်ရောက်မှု များဟု ခိုင်မာစွာပြောရန် မလုံလောက်ပါ။ လေ့လာမှုများစွာ မရှိသောကြောင့် ဖြစ်သည်။

ဘယ်အချိန်တွင် ရပ်တန့်သင့်သလဲ။

  • သီအိုရီအရ

The Self-Aware Parent ၏ စာရေးဆရာ Dr. Fran Walfish က မိဘများအဝတ်မပါခြင်းကို ကလေးအသက် ၆ နှစ်ပြည့်သောအခါ ရပ်သင့်သည်ဟု အကြံပြုသည်။ ထိုအချိန် တွင် မိဘများသည် ကလေးရေချိုးရာတွင် အတူချိုးခြင်း၊ ကလေးရှေ့တွင် အဝတ်ချွတ်ခြင်း၊ သူတို့၏ သီးသန့်ကိုယ်အင်္ဂါ အပိုင်းများဖြင့် ထိတွေ့ခြင်းတို့ကို ရပ်တန့်သင့်သည်။ သို့သော် လည်း Carole Lieberman M.D သည် မိဘများ အဝတ်မပါ ခြင်းကို ပို၍စောသော ပို၍တိကျသော အသက် ၃နှစ်တွင် ရပ်သင့်သည်ဟု အကြံပြုသည်။ အကြောင်းမှာ အသက် ၃နှစ် သည် ကလေးငယ်၏ လိင်ပိုင်းဆိုင်ရာ စိတ်အခြေအနေ စတင် ဖွံ့ဖြိုးသော အချိန်ဖြစ်သောကြောင့်ဖြစ်သည်။

  • လက်တွေ့ဘဝတွင်

အမှန်တကယ်တွင် ကလေးများရှေ့တွင် မိဘများ ကိုယ် တုံးလုံးနေခြင်းရပ်သော အချိန်သည် ယဉ်ကျေးမှုနှင့် နိုင်ငံ အမျိုးမျိုးအပေါ်မူတည်ပြီး ကွဲပြားပါသည်။ ထို့ကြောင့် ကလေး ၏ အပြုအမှုသည် မသက်သာမှုကို ပြသော ပို၍ရှင်းလင်းသော ညွှန်ပြမှုတစ်ခု ဖြစ်သည်။ မိဘများ ကလေးရှေ့တွင် အဝတ် စချွတ်ပါက ကလေးသည် မျက်နှာလွှဲခြင်း သို့မဟုတ် လက်ဖြင့် ဖုံးအုပ်ခြင်းပြုပါက ၎င်းသည် သူတို့ မသက်သာဖြစ်ခြင်းကို ပြခြင်းဖြစ်သည်။

ကြီးပြင်းလာသည်နှင့်အမျှ ကလေးများသည် သူတို့ ခန္ဓါကိုယ်ကို စူးစမ်းရှာဖွေလာပြီး သီးသန့်ရေချိုးရန်ပင် တောင်းဆိုလာနိုင်သည်။ သို့သော်လည်း မိဘများသည် ကလေး တောင်းဆိုရာကို လိုက်လျောရန် မလိုပါ။ ကလေး သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရန် စောလွန်းသ လား ဆုံးဖြတ်ပါ။ ထို့နောက် လိုအပ်သော ကိုယ်ရေးကိုယ်တာ ပေးရန် မှန်ကန်သောအချိန်ကို တွက်ချက်ပါ။

အဝတ်မဝတ်ခြင်း

တကယ်တော့ မိဘများ အဝတ်မဝတ်ခြင်းကို ရပ်တန့် ရန်အချိန် အတိအကျ မရှိပါ။ သို့သော်လည်း ကိုယ်ရေးကိုယ် တာအတွက် အကူးအပြောင်းအချိန် ရှိရမည်။ သင့်ကလေးမှ သူတို့ခန္ဓါကိုယ်နှင့် အခြားသူများ ခန္ဓါကိုယ်အကြောင်း ဘာတွေပြောသလဲကို နားထောင်ပါ။ အဝတ်မဝတ်ခြင်းကို အပျက်သဘောဖြင့် မပြောပါနှင့်။ သင့်ကလေးတွင် သူတို့လိင်အပေါ် မှားယွင်းသော အမြင်များ ဖြစ်စေနိုင်သော ကြောင့်ဖြစ်သည်။ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် မပြောပါနှင့်။ မိဘများ အဝတ်မပါခြင်းကို ဘယ်အချိန်တွင် ရပ်ရမလဲ သိရှိရန် ကလေးဖြင့် သေချာဆွေးနွေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။