ကလေးလေးပျော်ရွှင်နေဖို့က မိဘတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်သလို တောင်းဆုတစ်ခုဆိုလည်းမမှားပါဘူး။ ကလေးငိုနေရင် စိတ်မကောင်းဖြစ်မိတယ်လေနော်။ ကလေးက အကြောင်းအရင်းလည်းမယ်မယ်ရရမရှိဘဲ မတိတ်တမ်းငိုနေတာမျိုးကြုံဖူးကြလား။ ချော့လို့လည်းမရတာမျိုးလေ။ ဘာများဖြစ်တာလဲဆိုတာမျိုး ကြု့နေရသလား။ ကလေးကချော့မရအောင်ငိုနေတာက ဘာကြောင့်လဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။