သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားပြဿနာများ

သွားနှုတ်ပြီးရင် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့ သွားကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ်ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။ ဒီအချက်လေးတွေကလွယ်ကူပေမယ့် နေရခက်တာတွေ သက်သာစေပြီး၊ အနာမြန်မြန်ကျက်စေမယ်၊ သွားနှုတ်ပြီးနောက်ပိုင်း ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မယ်လေ။ ၁) ဂွမ်းစလေးကို ကိုက်ထားပါ သွားနှုတ်ပြီးတဲ့အခါ အနာပေါ်မှာဂွမ်းစကိုဖိကိုက်ထားပါ။ အနာကသွေးတိတ်စေဖို့ဖြစ်ပါတယ်။ ဂွမ်းမှာသွေးတွေ များနေရင် နောက်တစ်ခုလဲပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားနှုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိ ပါတယ်။ ဒီထက်ကျော်ပြီးသွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။ ၂) ပထမဆုံးနှစ်ရက်မှာ ရေခဲကပ်ပေးပါ အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေ ရေခဲအိတ် သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ သွားနှုတ်ပြီး ပထမဆုံး၂၄နာရီအတွင်း ၁၅ မိနစ်-မိနစ်၂၀လောက်ကြာအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန် သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ်ပေးတာကအရောင်ပိုကျစေနိုင်ပါလိမ့်မယ်။ နောက် ၂ ရက်-၃ ရက်ကြာရင် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားကို ဖြူစင်စေမယ့် အလွယ်ဆုံးနည်းလမ်းတွေ သင်သိထားပြီးပြီလား

အိပ်ရာမဝင်ခင် သွားတိုက်ဖို့ကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ သွားကိုဖြူဖွေးစေချင်ရင် ဒါကိုဝယ်သုံးပါ ဘာညာနဲ့ ကြော်ငြာတွေကလည်း စုံလို့ပါပဲ။  ဒါပေမယ့် နေ့စဉ်ဘဝမှာ မြင်တွေ့နေရကျအရာတွေလည်းဖြစ် နည်းလမ်းကလည်း လွယ်လွယ်လေးပေမယ့် သွားကိုဖြူစင်စေနိုင်တဲ့ ကိုယ်မသိသေးတဲ့ အရာတွေ ဘာတွေရှိနိုင်မလဲ ကြည့်လိုက်ရအောင် - စတော်ဘယ်ရီ စတော်ဘယ်ရီမှာ သွားချေးတွေမကပ်အောင်ကာကွယ်ပေး၊ ဖယ်ရှားပေးနိုင်တဲ့ malic acid ပါဝင်မှုကြောင့် သွားကိုဖြူဖွေးတောက်ပြောင်စေနိုင်တယ်လို့ သိရပါတယ်။ စတော်ဘယ်ရီသီးကိုဖိချေပြီး မုန့်ဖုတ်ဆိုဒါ(စားဆော်ဒါ) နဲ့ရော၊ အနှစ်ဖြစ်လာရင် သွားတိုက်ဆေးလိုသုံးနိုင်တယ်လို့ သိရပါတယ်။ နေကြာဆီ အိန္ဒိယကလာတဲ့ ရှေးဟောင်းဆေးနည်းတစ်ခုအရ နေကြာ သို့မဟုတ် နှမ်းဆီကို ပါးစပ်ထဲ နည်းနည်းဖျန်းပေးပြီး မိနစ် ၂၀လောက်ထားရင် သွားမှာကပ်ငြိနေတဲ့အညစ်အကြေးတွေကင်းစင်ပြီး ဖြူဖွေးလှပလာနိုင်တယ်လို့ ဆိုပါတယ်။ နေကြာဆီက ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဆွဲဆောင်ပြီးဖယ်ရှားပေးနိုင်တဲ့အပြင် သွားချေးတွေ၊ ချိုးတွေကို ပျော်ဝင်စေပါတယ်။ ပီကေ အချိုမပါတဲ့ ပီကေကိုစားခြင်းဖြင့် သွားနဲ့ခံတွင်းမှာ ကြွင်းကျန်နေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝနည်းလမ်းဖြစ်တဲ့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သင့်သွားပေါ်က ဆေးလိပ်ချိုးတွေကို ဘယ်လိုဖယ်ရှားမလဲ

သင့်သွားကို ဖြူဖွေးတဲ့ အသွင်ပုံစံပျောက်စေပြီး အရောင်စွန်းထင်းစေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီအကြောင်းအရာတွေထဲမှာ ဆေးလိပ်ချိုးတွေလည်း အဓိက ပါဝင်ပါတယ်။ အဓိကကတော့ နီကိုတင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ ကြာလာတာနဲ့အမျှ နီကိုတင်းဓာတ်များ သင့်သွားရဲ့ အပေါ်ယံကြွေလွှာပေါ်မှာ စုပုံလာပြီး အဖြူရောင်ကနေ ညစ်နွမ်းလာရပါတယ်။ တော်သေးတာကတော့ သင့်သွားပေါ်က နီကိုတင်းတွေကို ဖယ်ရှားမယ့် နည်းလမ်းတွေဟာ ကျွမ်းကျင်သူတွေ လုပ်ဆောင်ပေးမှ ရနိုင်တဲ့နည်းလမ်းတွေရှိသလို မိမိဖာသာ အိမ်တွင်းကုထုံးတွေနဲ့လည်း ဆောင်ရွက်လို့ ရနိုင်တယ်ဆိုတာပါပဲ။ သင့်သွားတွေ တဖန်ပြန်ပြီး ဖြူဝင်းလာနိုင်ပါသေးတယ်။ နီကိုတင်းဟာ သွားတွေမှာ အစွန်းအထင်း ပိုဖြစ်စေတတ်သလား ... ဟုတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးရွက်ကြီးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို သုံးစွဲခြင်းဟာ သင့်သွားတွေရဲ့ အပေါ်ယံလွှာတွေကို အစွန်းအထင်းတွေ ဖြစ်လာစေပါတယ်။ သင့်အနေနဲ့ နီကိုတင်းပါတဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထုတ် ပစ္စည်းတစ်ခုခုကို […]


သွားပြဿနာများ

သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား

သွားချေးကျောက်ဆိုတာ ဘာလဲ။ သွားချေးကျောက်ဆိုတာ ကျွန်တော်တို့သွားတွေရဲ့ အပေါ်ယံကြွေလွှာနဲ့ သွားကြားထဲက အစာတွေ ကပ်ငြိနေလောက်တဲ့ ကြားနေရာ၊ သွားဖုံးပေါ်မှာ ဖြစ်တည်လာတတ်ပါတယ်။ အစပိုင်းမှာ အဝါရောင် အရိအချွဲတွေက သွားပေါ်မှာ ကပ်နေပြီး တစ်သျှူးစနဲ့ သုတ်လိုက်တဲ့အခါမျိုးမှာ အလွယ်တကူကပ်ပါလာတတ်ပါတယ်။ နောက်ပိုင်း အရိအချွဲတွေက များလာပြီး ခြောက်သွားတဲ့အခါ ကျောက်ပုံစံ မာမာအခဲတွေ ဖြစ်လာတာပါ။ အရိအချွဲပုံစံနဲ့ဖြစ်စေ၊ ကျောက်အခဲပုံစံနဲ့ဖြစ်စေ သွားချေးတွေဟာ တခြားလူတွေ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ သွားချေးကျောက်က ဘယ်လိုကနေ စဖြစ်လာတာလဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ အဲ့ထဲက အဖြစ်အများဆုံး တရားခံအကြောင်းရင်းတွေကတော့ သွားမှန်မှန်မတိုက်တာ သွားကို နည်းစနစ်တကျ မတိုက်တာ အစာစားပြီး ပလုတ်မကျင်းတာ သွားပွတ်ကြိုး အသုံးမပြုတာ တစ်ဖက်တည်းနဲ့ အစာကို ဝါးပြီး ကျန်တဲ့တစ်ဖက်နဲ့ လုံးဝအစာမဝါးဘဲ ပစ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ သွားချေးကျောက်ဖယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာတွေလဲ။ ၁။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ

ယူကလစ်ဆိုတာ တကယ်ကိုအသုံးဝင်တဲ့အပင်တစ်မျိုးပါ။ သူ့ရဲ့အရွက်တွေကို အခြောက်ခံ၊ကြိတ်ချေပြီးရလာတဲ့အဆီကို ဆေးဖက်ဝင်အဆီအဖြစ် အသုံးပြုကြတယ်။ ယူကလစ်ပင်ကရတဲ့အဆီက ကျန်းမာရေးအတွက် ဘယ်လိုတွေအကျိုးကျေးဇူးရှိနေလို့များလဲ။ ယူကလစ်အဆီ(Eucalyptus Oil) ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့ ချောင်းဆိုးသက်သာစေတယ် ယူကလစ်ပင်ကရတဲ့အဆီကို ချောင်းဆိုးဝေဒနာသက်သာစေတဲ့ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဟိုးအရင်တည်းကသုံးခဲ့ကြသလို ကနေ့ခေတ်ချောင်းဆိုးပျောက်ဆေးတွေမှာလည်း ပါဝင်ပစ္စည်းအဖြစ်ထည့်သွင်းလာကြပါတယ်။ လူသုံးများတဲ့နည်းကတော့ ဒီအဆီကို ရင်ဘတ်နဲ့လည်ပင်းမှာ ပွတ်လူးပေးရင် အအေးမိ၊တုပ်ကွေးကြောင့်ဖြစ်တဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေနိုင်ပါတယ်။ ချွဲသလိပ်ပျော်ပြီး ရင်ချောင်စေတယ် ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးရတာတောင်မောနေပြီ၊ ချွဲသလိပ်တွေက ကျပ်နေတုန်းပဲလား။ ယူကလစ်အဆီက ချောင်းဆိုးသက်သာစေရုံမကဘဲ ရင်ဘတ်ထဲကျပ်နေတဲ့ချွဲတွေကိုလည်း ချောင်စေပါတယ်။ ယူကလစ်အဆီအသုံးပြုပြီး ရေနွေးငွေ့ရှုတာ၊ ရင်ဘတ်မှာ လူးတာ စတဲ့နည်းတွေကို သုံးကြပါတယ်။ အသက်ရှုလမ်းကြောင်းအတွက်ကောင်းတယ် ပန်းနာရင်ကျပ်နဲ့ ထိပ်ကပ်နာတို့လို အသက်ရှုလမ်းကြောင်းရောဂါတွေအတွက်ဆို ယူကလစ်ဆီနဲ့ရေနွေးငွေ့ရှုတာက အတော်လေးအထောက်အကူဖြစ်စေပါတယ်။ ဒီအဆီက ချွဲသလိပ်ကပ်နေတဲ့အမြှေးပါးနံရံတွေကို အာနိသင်သက်ရောက်မှုရှိတဲ့အတွက် ချွဲသလိပ်တွေပျော်စေပြီး ချောင်းဆိုးတဲ့အခါ ခတ်ထုတ်ရလွယ်စေပါတယ်။ ခံတွင်းနံ့ကောင်းစေတယ် ခံတွင်းနံ့ဆိုးနေတဲ့သူတွေအတွက် ပူရှိန်းတွေကပဲ အသုံးဝင်နေတာမဟုတ်ပါဘူး။ ယူကလစ်အဆီက ဘက်တီးရီးယားနှိမ်နင်းတဲ့အာနိသင်ရှိလို့ ခံတွင်းနံ့ဆိုးတွေဖြစ်စေတဲ့ပိုးမွှားတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

အဖြစ်များသော ခံတွင်းပြဿနာများနှင့် ငုံဆေး၏ အသုံးဝင်မှု

လူတစ်ယောက်အတွက် ခံတွင်းကလည်းအရေးပါပါတယ်။ ခံတွင်းတစ်ခုက လူတစ်ယောက် ကျန်းမာရေးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ စကားပုံတောင်ရှိသေးတယ်မလား။ လူဟာ သူစားတဲ့အတိုင်း ဖြစ်လာတာပဲဆိုတာလေ။ စကားပြောဆက်သွယ်ဖို့လည်း ဒီခံတွင်း၊ အစားအသောက်တွေ ကြိတ်ချေမျိုချဖို့လည်း ဒီခံတွင်းဆိုတော့ ဒီခံတွင်းကို ဂရုတစိုက်ထိန်းသိမ်းဖို့ အရမ်းလိုအပ်ပါတယ်။ အဖြစ်များတဲ့ခံတွင်းပြဿနာတွေက ဘာတွေများလဲ... နေ့စဉ်နဲ့အမျှ ခန္ဓါကိုယ်မှာ အာဟာရပြည့်နေအောင် ရှေ့တန်းကနေ တာဝန်ယူပေးနေတဲ့ ခံတွင်းမှာ အခုလိုပြဿနာလေးတွေဖြစ်နိုင်ပါတယ်။ ခံတွင်းနံ့ဆိုးတာ ပါးစပ်ထဲမှာ အနာပေါက်တာ သွားကိုက်တာ သွားဖုံးရောင်တာ ခံတွင်းခြောက်တာ လျှာမှာအနာပေါက်တာ လည်ချောင်းနာတာ ချောင်းဆိုးတာ မျိုးတွေခံစားရနိုင်ပါတယ်။ ခံတွင်းပြဿနာက ဘာမှမထိခိုက်စေဘူးလား........ အပေါ်မှာပြောခဲ့တဲ့ ခံတွင်းပြဿနာလေးတွေက နားထောင်တော့သာ ဘာမှမဟုတ်သလိုနော်။ တကယ်တမ်းခံစားရတဲ့အခါကျ ခံစားရတော်တော်လေး ခက်ပါတယ်။ ခံတွင်းအနံ့ဆိုးတာ - လူအများနဲ့ပြောဆိုဆက်ဆံတဲ့အခါ တော်တော်လေး စိတ်ကသိကအောက်ဖြစ်စရာပါ။ အများကြားမှာ စကားပြောဆိုခါနီးတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့သည်အထိပြင်းထန်နိုင်ပါတယ်။ ပါးစပ်ထဲမှာ အနာပေါက်တာ - […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းနံ့ဆိုး သက်သာစေဖို့ အထိရောက်ဆုံးနည်းလမ်းတွေက ဘာတွေများလဲ

စကားပြောမယ်ကြံတိုင်း ခံတွင်းကအနံ့ဆိုးတွေထွက်နေလို့ လူအထင်သေးမှာစိုးပြီး မပြောရဲဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီနေ့ပဲ ဒီပြဿနာကို ဖြေရှင်းလိုက်ရအောင်လား။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် Helloဆရာဝန်ပရိသတ်ကြီးရေ.... ခံတွင်းနံ့ဆိုးကို ဒီလိုမောင်းထုတ်ပါ ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို အလေ့အထလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပါ။ သွားပုံမှန်တိုက်ပါ သွားမှာ သွားချေးတွေရှိနေတာကလည်း ခံတွင်းအနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားကြားထဲမှာ စားကြွင်းစားကျန်တွေမရှိစေဖို့လည်း သွားပွတ်ကြိုးအသုံးပြုပေးဖို့ မမေ့ပါနဲ့။ ပလုတ်ကျင်းပါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေများတာကလည်း ခံတွင်းနံ့ကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက စားကြွင်းစားကျန်တွေကိုရှင်းပေးပြီးသားဖြစ်စေမှာပါ။ ဘက်တီးရီးယားတွေကိုလည်း ဟန့်တားပြီးသားဖြစ်စေမှာပါ။ ငုံဆေးငုံပါ ဒါကလည်း ခံတွင်းနံ့ဆိုးကင်းစေပြီးခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေထဲကတစ်ခုပါ။ သဘာဝအဆီအနှစ်တွေကနေထုတ်ထားတဲ့ ငုံဆေးဆိုရင် ပိုအဆင်ပြေပါမယ်။ လျှာကို သန့်ရှင်းပါ လူအများစုက ခံတွင်းသန့်ရှင်းပါလို့ပြောလိုက်ရင် လျှာကိုမေ့ထားတတ်ကြပါတယ်။ တကယ်တော့ ခံတွင်းအနံ့ဆိုးကင်းစေဖို့က လျှာကို သန့်စင်ပေးဖို့လည်း လိုပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာကိုပါတိုက်ပေးပါ။ ခံတွင်းနံ့ဆိုးစေနိုင်တာတွေကိုရှောင်ပါ အစားစားတဲ့အခါ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဓညင်းသီး၊ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သင့်ခံတွင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးသကြားလုံး

သကြားလုံးလို့ကြားတာနဲ့ သွားပိုးစားမယ်၊ချောင်းဆိုးမယ်လို့ သိထားကြတယ်။ ဒါပေမယ့် ချောင်းဆိုးသက်သာစေတဲ့အပြင် လည်ချောင်းနဲ့ ခံတွင်းကျန်းမာရေးအတွက် ကာကွယ်မှုပေးတဲ့ သကြားလုံးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ချောင်းဆိုးကိုပါသက်သာစေလဲဆိုတာသိချင်လာပြီမဟုတ်လား။ ငုံဆေးသကြားလုံးဆိုတာ လည်ချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်အောင် အိတ်ကပ်ထဲဆောင်ထားလို့ရတဲ့ဆေးသကြားလုံးတွေပါ။ ဥပမာ အစည်းအဝေးမှာ လည်ချောင်းသလိပ်ကပ်နေလို့ ကိုယ့်ရဲ့တင်ပြချက်ကိုကောင်းကောင်းမပြောနိုင်တာမျိုး မဖြစ်ရအောင် သူကဖြေရှင်းပေးနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ လည်ချောင်းယားတာတွေဆိုလည်း ငုံဆေးလေးတော့ အားကိုးရတာပဲလေ။ ခံတွင်းမှာ ငုံထားလိုက်ရုံနဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက တံတွေးဂလင်းတွေကိုနှိုးဆွပြီး လည်ချောင်းနံရံတွေကိုဆေးနဲ့ပျံ့နှံ့စေတယ်၊ လည်ချောင်းနာ၊လည်ချောင်းယားသက်သာစေတယ်။ ဒီလိုငုံဆေးတွေကို အာနိသင်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာများလဲ ။ ခံတွင်းနဲ့ လည်ချောင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးဆိုတာ ယူကလစ်ဆီ (Eucalyptus Oil) ယူကလစ်ဆီကို အအေးမိ၊ လည်ချောင်းနာ၊ချောင်းဆိုးဝေဒနာတွေအတွက်ရောဂါပိုးကိုသေစေတဲ့ဆေးအဖြစ်အသုံးပြုကြပါတယ်။ သုတေသနတွေမှာလည်း ယူကလစ်ဆီရဲ့အာနိသင်တွေအကြောင်းဖော်ပြခဲ့ကြပါတယ်။ အမျိုးအစားကွဲအမျိုးမျိုးရှိပေမယ့် အားလုံးက အတိုင်းအတာတစ်ခုအထိ ဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ပရုပ်အေး (Menthol) ပရုပ်အေးကိုဆေးဝါးတွေထဲ အသုံးပြုပုံအမျိုးမျိုးရှိပါတယ်။ ပရုပ်အေးက ချောင်းဆိုးသက်သာစေတယ်၊ သွားဖုံးရောင်စေနိုင်တဲ့ […]


သွားပြဿနာများ

သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား

ရုပ်ရှင်တွေထဲမှာ မင်းသား၊ မင်းသမီးတွေရဲ့ သွားကိုကြည့်လိုက်ရင် ဖြူဖွေးနေတာပဲ၊ မှန်ကြည့်တဲ့အချိန်ကျတော့ ကိုယ့်သွားက ဘာလို့ဝါနေတာလဲလို့ တွေးမိဖူးလား။ တကယ်တော့ ကိုယ်ထင်မထားမိတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ခံတွင်းသန့်ရှင်းရေးနည်းစနစ်တွေကြောင့် ကိုယ့်သွားက နဂိုဝါတဲ့သူဆိုရင်တောင် အဝါညစ်ရောင် နောက်ကျိကျိ ဖြစ်လာနိုင်တယ်နော်။ သွားဝါရင် ဘာဖြစ်နိုင်လဲ။ သွားဝါတာက ဒီနေရာမှာပဲ ရပ်သွားတာမဟုတ်ပါဘူး။ သူ့အနောက်မှာ သွားဖုံးကြွေလွှာပျက်စီးတာ၊ သွားအရောင်မှိန်တာ၊ သွားပိုးစားတာ၊ ခံတွင်းကနေ ချဉ်စော်နံလာတာ၊ သွားချေးတက်ပြီး အဝါရောင် သွားချေးကျောက်တွေဖြစ်လာတာ၊ ခံတွင်းကင်ဆာ စတဲ့ ပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီသွားဝါတဲ့ကိစ္စကို ပေါ့သေးသေးတော့ မမှတ်ယူသင့်ပါဘူး။ ဒါဆို ဘာတွေက သွားကို ပိုဝါစေတာလဲ။ အသားအရောင်လိုပါပဲ။ တချို့က မျိုးရိုးလိုက်ပြီး မွေးကတည်းက သွားက အဝါရောင်ဘက်သမ်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်သွားက နဂိုက ဘာအရောင်ပဲဖြစ်နေပါစေ ခုပြောပြပေးမယ့်အရာတွေကတော့ သွားအရောင်ကို နဂိုထက် ပိုနောက်ကျသွားစေနိုင်ပါတယ်။ […]


သွားအလှပြုပြင်ခြင်း

သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။ ။

သွားတွေမညီလို့၊ သွားကျဲနေလို့၊ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်း ကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်အောင် လုပ်ပေး နိင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါပဲ။ သွားထိန်းတစ်ခု တပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် စိတ်ရှည်ရပါမယ်။ ဒီနေ့တပ် နောက်တစ်ပတ်လောက်ဆို သွားတွေကို ပြန်ညှိနိုင်တာမဟုတ်ဘူးလေ။ သွားထိန်း တပ်ထားတဲ့အချိန် အနည်းငယ်ပြောင်းနေတဲ့ ကိုယ့်ရုပ်ကို သည်းခံနိုင်ရမယ်။ သွားထိန်းနဲ့ သွားတွေကို သေချာ သန့်ရှင်းရေးလုပ်တတ်ရမယ်။ အစားရှောင်ရမယ်။ ဒီအချက်တွေ လိုက်နာနိုင်မှ သွားထိန်းတပ်သင့်ပါတယ်။ သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။ သွားထိန်း တပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ။  အစားအစာရှောင်ရမယ့်သူတွေထဲမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း