သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားပြဿနာများ

Odontoma (သွားအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Odontoma (သွားအကျိတ်) ကဘာလဲ။ ပါးစပ်အတွင်းမှာပေါက်တဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်ပါတယ်။ သွားဖြစ်လာမယ့်တစ်ရှူးအနည်းငယ်သို့အားလုံးကနေ ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီတစ်ရှူးတွေက သွားတစ်ချောင်းပုံစံဖြစ်အောင် စီစဉ်နိုင်တာမျိုးလည်းရှိသလို မစီစဉ်နိုင်တော့တာလည်းဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့မမြင်နိုင်ပါဘူး။ သွားကြွေလွှာ၊ အောက်ခံတစ်ရှူးတွေပေါင်းစပ်ထားတဲ့ ဒြပ်ထုကြီးက ပုံမှန်ဆိုလျှင် သွားနှင့် တပြေးညီကြီးထွားနေပါတယ်။ သို့သော် ၎င်း ဒြပ်ထုကြီးအစီအစဉ်မကျတော့ပဲ အစိတ်အပိုင်းတစ်ခုကဦးတည်ကြီးစိုးသွားနိုင်ပါတယ်။ Odontoma (သွားအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOdontoma (သွားအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားအကျိတ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Oral Thrush (ခံတွင်း မှက္ခရုဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Thrush (ခံတွင်း မှက္ခရု)ဆိုတာဘာလဲ။ ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ Oral Thrush (ခံတွင်း မှက္ခရု) က ဘယ်လောက်အဖြစ်များသလဲ ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများOral […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကဘာလဲ။ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ သည် ပြင်းထန်သော သွားဖုံးပိုးဝင်ခြင်းရောဂါဖြစ်ပြီး သွားကိုထောက်ပံ့ပေးနေသော အရိုးနှင့် တစ်သျူးများကို ပျက်စီးစေသောရောဂါဖြစ်သည်။ ယင်းရောဂါသည် သွားနှင့် ခံတွင်း ကျန်းမာရေးဂရုစိုက်မှုနည်းသောကြောင့်ဖြစ်ပါသည်။ သွားကို အနည်းဆုံး တနေ့လျှင် ၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားသန့်ရှင်းမှုလုပ်ခြင်းနှင့် သွားဆရာဝန်နှင့် မှန်မှန်ပြကာ စစ်ဆေးမှုခံယူခြင်းတို့ပြုလုပ်ခြင်းနှင့် သွားနှင့် ခံတွင်းရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။ Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါသည် အဖြစ်များသော ရောဂါဖြစ်သော်လည်း ယင်းသို့မဖြစ်အောင်လွယ်ကူစွာ ကာကွယ်နိုင်သောနည်းလမ်းများ ရှိပါသည်။ ထို့ပြင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများGum And Periodontal Disease (သွားဖုံးနှင့် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingival Recession (သွားဖုံးလန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingival Recession (သွားဖုံးလန်ခြင်း) ကဘာလဲ။ သွားဖုံးလန်ခြင်းဆိုသည်မှာ သွားဖုံးများ သွားမျက်နှာပြင်မှ နောက်သို့လန်ဆွဲသွားပြီး သွားမြစ်များပေါ်လာသော အခြေအနေကို ဆိုလိုသည်။ ၎င်းသည် သွားဖုံးရောဂါ (Periodontal) တစ်မျိုးဖြစ်၏။ ခံတွင်းကျန်းမာရေးမကောင်းခြင်း၏ နောက်ဆက်တွဲ ပြဿနာဖြစ်ပြီး သွားများဆုံးရှုံးရနိုင်သည်။ တစ်ရှူးဆုံးရှုံးမှု အပြင်းအထန်ပေါ် မူတည်ကာ ကုသနိုင်သော နည်းလမ်းအမျိုးမျိုးရှိ၏။ စောစောသိ စောစောကုလျှင် အခြေအနေ ပိုကောင်းလေလေဖြစ်သည်။ Gingival Recession (သွားဖုံးလန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးလန်ခြင်းသည် အသ်က ၄၀ ကျော်များတွင် အဖြစ်များသော်လည်း ဆယ်ကျော်သက် သို့မဟုတ် ၁၀ နှစ်ဝန်ကျင်းမှ စဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGingival Recession (သွားဖုံးလန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားဖုံးလန်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- သွားတိုက် သွားကြားထိုးပြီးနောက် သွေးထွက်ခြင်း သွားဖုံးများ နာကျင်ရောင်ရမ်းခြင်း သွားဖုံးများတစ်လျှောက် နာခြင်း မြင်နိုင်သော သွားဖုံးကျုံ့ခြင်း သွားအမြစ်များ […]


သွားပြဿနာများ

သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင်ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။ (၁) လက်သည်းကိုက်ခြင်း တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက်မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။ လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။   (၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဆိုတာဘာလဲ။ Xerostomia ကို ပါးစပ်ခြောက်ခြင်းလို့ လူသိများပြီး ဒါဟာ သင့်ပါးစပ်ခြောက်နေတတ်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် ပါးစပ်ခြောက်ခြင်းဟာ ပါးစပ်အတွင်းမှာ ရှိတဲ့ တံတွေးဂလင်းတွေက တံတွေးထွက်မှု လျော့နည်းခြင်း (သို့) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ပါးစပ်ခြောက်ခြင်းဟာ တံတွေးဂလင်းတွေကို ထိခိုက်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ တံတွေးကို အစာဝါးခြင်း၊ မျိုချခြင်း၊ အရသာခံခြင်း၊ စကားပြောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ပါးစပ်ခြောက်ခြင်းဖြစ်ရင် ပိုခက်ခဲနိုင်ပါတယ်။ တံတွေးဟာ ဘက်တီးရီးယားတွေ ထုတ်လုပ်လိုက်တဲ့ အက်စစ်တွေကို ခြေဖျက်ပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးကာ ဘက်တီးရီးယား ကြီးထွားနှုန်းကို ကန့်သတ်ပေးပြီး အစာတွေကို ဆေးကြောပေးပါတယ်။ သင့်မှာ တံတွေးအလုံအလောက်မရှိပဲ ပါးစပ်ခြောက်တယ်ဆိုရင်တော့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။ Plaque ဖြစ်နိုင်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ ပါးစပ်အနာများ ပါးစပ်အတွင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ဆိုတာဘာလဲ။ ပါးစပ်အနာတွေကို canker sores လို့လဲခေါ်ပြီး သူတို့ဟာ ပါးစပ်အတွင်း (သို့) သွားဖုံးအောက်မှာ သေးငယ်ပြီး အနီရောင်ရှိကာ နာကျင်တဲ့ အနာတွေဖြစ်ပါတယ်။ တခါတလေဖြစ်တဲ့ ပါးစပ်အနာတွေဟာ အန္တရာယ်မရှိပဲ ပြန်ကောင်းသွားတတ်ပါတယ်။ သူတို့က နာကျင်မှုနဲ့ အစာစားဖို့ ခက်ခဲခြင်းကိုသာ ဖြစ်စေတာဖြစ်ပါတယ်။   Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Mouth Ulcers ဟာ အလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများMouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Mouth Ulcers ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမာရွတ်မကျန်ပဲ တစ်ပတ်မှ နှစ်ပတ်အတွင်း ကောင်းသွားတတ်တဲ့ ပါးစပ်အတွင်းမှာရှိတဲ့ ဘဲဥပုံ၊ စက်ဝိုင်းပုံ […]


သွားပြဿနာများ

Pulpitis (သွားအတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကဘာလဲ။ သွားအတွင်းသားရောင်ခြင်းသည် အဖြစ်များဆုံးသော သွားနာရခြင်းအကြောင်းရင်းဖြစ်ပြီး လူငယ်များတွင် သွားဆုံးရှုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သွားအတွင်းသားရောင်ခြင်းသည် သွား၏အတွင်းပိုင်း နူးညံ့သည့်အရာများနှင့် သွားအမြစ်နားပတ်ပတ်လည်တွင် ရှိသော Periradicular တစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပါသည်။ ၎င်းသည် ရုတ်တရတ်ပြင်းထန် သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး လက္ခဏာပြသည်လည်းရှိသည်။ မပြသည်လည်းရှိ၏။ နာတာရှည်တွင် ပျောက်ကင်းနိုင်သည်လည်းရှိသလို မပျောက်ကင်းနိုင်သည်လည်း ရှိပါသည်။ သွားအတွင်းသားရောင်ခြင်းသည် တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် ရောထွေးနိုင်ပြီး ရောဂါအမည်တပ်မှားခြင်းမျိုးဖြစ်နိုင်ပါသည်။ အမြစ်ခေါင်းတွင်ထုံးတည်ခြင်း သွားအမြစ်ဖျားမရင့်ခြင်း – လူငယ်များတွင် များသောအားဖြင့် တွေ့ရ၏။ ထိခိုက်မိခြင်း လူနာအား ဆေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုခုမလုပ်ခင် ဆေးများကြိုပေးခြင်း – သွားအတွင်းသားအား ကာကွယ်ခြင်း Pulpitis (သွားအတွင်းသားရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ၎င်းသည် ခံတွင်းသန့်ရှင်းမှုမရှိသောလူများနှင့် ခံတွင်း ခွဲစိတ်ထားသော လူများတွင် အဖြစ်များသည်။ နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းအပြင် သွားအတွင်းသားရောင်ခြင်းသည် သဘာ၀ အရံအတားများကိုကျော်ဖြတ်ကာ […]


သွားပြဿနာများ

Dental Caries ( သွားပိုးစားခြင်း )

သွားပြဿနာတွေထဲမှာ Dental Caries ( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။ Dental Caries (သွားပိုးစားခြင်း) ဆိုတာ သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။ ဘယ်လောက်အဖြစ်များသလဲ အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ Dental Caries ( သွားပိုးစားခြင်း ) ရဲ့လက္ခဏာတွေက […]


သွားပြဿနာများ

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။ ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။ အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓါတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓါတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ချိုလွန်းသလို အက်ဆစ်ဓါတ်လည်း ကဲလွန်းတယ်။ သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓါတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓါတ်ကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း