backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ဆိုတာဘာလဲ။

ပါးစပ်အနာတွေကို canker sores လို့လဲခေါ်ပြီး သူတို့ဟာ ပါးစပ်အတွင်း (သို့) သွားဖုံးအောက်မှာ သေးငယ်ပြီး အနီရောင်ရှိကာ နာကျင်တဲ့ အနာတွေဖြစ်ပါတယ်။ တခါတလေဖြစ်တဲ့ ပါးစပ်အနာတွေဟာ အန္တရာယ်မရှိပဲ ပြန်ကောင်းသွားတတ်ပါတယ်။ သူတို့က နာကျင်မှုနဲ့ အစာစားဖို့ ခက်ခဲခြင်းကိုသာ ဖြစ်စေတာဖြစ်ပါတယ်။

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Mouth Ulcers ဟာ အလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Mouth Ulcers ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမာရွတ်မကျန်ပဲ တစ်ပတ်မှ နှစ်ပတ်အတွင်း ကောင်းသွားတတ်တဲ့ ပါးစပ်အတွင်းမှာရှိတဲ့ ဘဲဥပုံ၊ စက်ဝိုင်းပုံ အနာတွေပဲဖြစ်ပါတယ်။ အရွယ်အစားဟာ ပါးစပ်အနာ အမျိုးအစားပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ Minor, major, Herpetiform canker sores တို့ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ပုံမှန်မဟုတ်ပဲ ကြီးမားတဲ့ cranker sores
  • ပြန်ဖြစ်တဲ့ အနာများ၊ အဟောင်းက ပြန်မကောင်းသွားခင် အနာအသစ်ဖြစ်လာခြင်း၊ မကြာခဏ ပြန်ဖြစ်ခြင်း
  • မပျောက်သော အနာဟောင်းများ (နှစ်ပတ်၊ သို့ ပိုကြာခြင်း)
  • နှုတ်ခမ်းသို့ ပြန့်သွားသော အနာများ
  • ထိန်းချုပ်မရနိုင်သော နာကျင်မှု
  • အစာစားခြင်း၊ အရည်သောက်ခြင်း မပြုလုပ်နိုင်ခြင်း

Cranker sores တွေနဲ့ အတူ အဖျားတက်ခြင်း

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

ဘာတွေက Mouth Ulcers(ပါးစပ်အနာပေါက်ခြင်း)ဖြစ်ပွားစေသလဲ။

ပါးစပ်အနာဖြစ်ရခြင်း အကြောင်းရင်းတွေဟာ သေချာခြင်း မရှိပါဘူး။ သုတေသီတွေက အချက်တွေ အတော်များများ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

  • သွား ဆရာဝန်ထံမှာ ကုသခြင်း၊ သွားတိုက်ခြင်း၊ ကိုက်မိခြင်း၊ အားကစားလုပ်ခြင်းတို့ကြောင့် ပါးစပ်ကို မတော်တဆ ထိခိုက်မိခြင်း
  • Sodium lauryl sulfate ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ အာလုပ်ကျင်းရည်
  • အစားအသောက်နဲ့ မတည့်ခြင်း (ဥပမာ ချောကလက်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ ကြက်ဥ၊ အစေ့၊ ချီးစ်၊ စပ်သော၊ အက်ဆစ်ပါသော အစာများ)
  • ဗီတာမင် B12၊ Zinc နဲ့ folic acid, သံဓါတ် လျော့နည်းခြင်း
  • ပါးစပ်အတွင်း ဘက်တီးရီးယားအချို့နဲ့ ဓါတ်မတည့်ခြင်း
  • အစာအိမ်အနာဖြစ်စေတဲ့ Hpylori ရောဂါပိုးဝင်ခြင်း
  • ရာသီလာချိန် ဟော်မုန်းပြောင်းလဲခြင်း
  • စိတ်ဖိစီးခြင်း

ရောဂါအခြေအနေတွေဖြစ်တဲ့ HIV/ AIDS, Behcet’s disease, Inflammatory bowel diseases, Celiac disease

ဖြစ်နိုင်ခြေကို မြင့်မားစေသော အရာများ

ဘယ်အရာတွေက Mouth Ulcers(ပါးစပ်အနာပေါက်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Mouth Ulcers ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – ပါးစပ်အနာတွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

လိင် – အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

Mouth Ulcers ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – ပါးစပ်အနာတွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

လိင် – အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသခြင်းများ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Mouth Ulcers(ပါးစပ်အနာပေါက်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ပါးစပ်အနာတွေကို မျက်စိဖြင့်ကြည့်ရှုခြင်းအားဖြင့် သိနိုင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ အခြားရောဂါတွေကို သိရှိဖို့ စစ်ဆေးမှုတွေ ပြုလုပ်ရနိုင်ပါတယ်။ အထူးသဖြင့် cranker sores တွေဟာ ပြင်းထန်ပြီး ဆက်ဖြစ်နေရင် ဖြစ်ပါတယ်။

Mouth Ulcers(ပါးစပ်အနာပေါက်ခြင်း) ကို ဘယ်လိုကုသလဲ။

ကုသမှုဟာ ကြီးမားပြီး ကြာရှည်ကာ နာကျင်စေတဲ့ အနာတွေအတွက် လိုနိုင်ပါတယ်။

  • အာလုပ်ကျင်းရည် – အာလုပ်ကျင်းရည်မှာ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ dexamethasone သို့ lidocaine ပါဝင်ပါတယ်။
  • ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဝယ်ရတဲ့ဆေးတွေဖြစ်တဲ့ Benzocaine, Fluocinonide, Hydrogen peroxide ဟာ နာကျင်မှုကို သက်သာစေပြီး အနာကျက်မှုကို အားပေးပါတယ်။

အာဟာရ ဖြည့်စွက်စာတွေဖြစ်တဲ့ Folic acid, vitamin B6, vitamin B12 နဲ့ zinc တွေဟာ သင့်မှာ ချို့တဲ့နေရင် လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Mouth Ulcers(ပါးစပ်အနာပေါက်ခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Mouth Ulcers ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ပါးစပ်ဆေးပါ။ ဆားရည် (သို့) မုန့်ဖုတ်ဆော်ဒါပါတဲ့ အာလုပ်ကျင်းရည်ကို အသုံးပြုပါ ( မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရေနွေး ခွက်တစ်ဝက်)
  • တစ်နေ့မှာ အကြိမ်အနည်းငယ် နာကျင်မှုဖြစ်နေတဲ့ နေရာပေါ် milk of magnesia တို့ပေးပါ။
  • ပိုမို ယားယံနာကျင်မှုဖြစ်စေတဲ့ အက်ဆစ်ပါတဲ့၊ စပ်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ။
  • အနာပေါ် ရေခဲကပ်ပေးပါ။
  • သွားကို ညင်သာစွာ တိုက်ပါ။ ပျော့ပြောင်ငးတဲ့ သွားပွတ်တံကို အသုံးပြုပြီး အမြှုပ်ထတဲ့ သွားတိုက်ဆေးတွေကို အသုံးပြုပါ။ (ဥပမာ Biotene သို့ Sensodyne ProNamel)

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement