backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကဘာလဲ။

သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ

သည် ပြင်းထန်သော သွားဖုံးပိုးဝင်ခြင်းရောဂါဖြစ်ပြီး သွားကိုထောက်ပံ့ပေးနေသော အရိုးနှင့် တစ်သျူးများကို ပျက်စီးစေသောရောဂါဖြစ်သည်။

ယင်းရောဂါသည် သွားနှင့် ခံတွင်း ကျန်းမာရေးဂရုစိုက်မှုနည်းသောကြောင့်ဖြစ်ပါသည်။ သွားကို အနည်းဆုံး တနေ့လျှင် ၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားသန့်ရှင်းမှုလုပ်ခြင်းနှင့် သွားဆရာဝန်နှင့် မှန်မှန်ပြကာ စစ်ဆေးမှုခံယူခြင်းတို့ပြုလုပ်ခြင်းနှင့် သွားနှင့် ခံတွင်းရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါသည် အဖြစ်များသော ရောဂါဖြစ်သော်လည်း ယင်းသို့မဖြစ်အောင်လွယ်ကူစွာ ကာကွယ်နိုင်သောနည်းလမ်းများ ရှိပါသည်။ ထို့ပြင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • သွားဖုံးရောင်ခြင်း
  • သွားဖုံးများ နီရဲခြင်း၊ ခရမ်းရေြာင်ဖစ်ခြင်း
  • သွားဖုံများကို ထိလိုက်လျှင် နာကျင်ခြင်း
  • သွားဖုံးများတိုသွားပြီး သွားများသည် ပိုရှည်လာသယောင်ရှိခြင်း
  • သွားများကျဲလာခြင်း
  • သွားနှင့်သွားဖုံးကြားမှ ပြည်ထွက်ခြင်း
  • ခံတွင်း အနံ့ဆိုးခြင်း
  • ခံတွင်းထဲတွင် အရသာမကောင်းခြင်း
  • သွားများယိုင်နဲ့ခြင်း
  • အစာတခုခုကို ကိုက်လိုက်လျှင် သွားများရွေ့သွားခြင်း
  • သွားတိုက်ရင်းနှင့် သွားတိုက်ပြီး သွားဖုံးမှသွေးများထွက်နေခြင်း တို့ဖြစ်သည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

e

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကျန်းမာသော သွားဖုံးများသည် ခိုင်မာပြီးပန်းရောင်ဖျော့ဖျော့အရောင်ရှိသည်။ သို့သော် ထိုသွားဖုံများသည် ချက်ချင်းဆိုသလိုပင် ရောင်လာခြင်း၊ အရောင်ညစ်လာခြင်းနှင့် နီရဲကာသွေးထွက်လာခြင်းတို့ဖြစ်နိုင်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ခန္ဓာထဲတွင် ဟော်မုန်းဓါတ်များပြောင်းလဲခြင်းကိုဖြစ်စေသော ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်၊ အရွယ်ရောက်ကာစအချိန်နှင့် သွေးဆုံးချိန်များတွင် သွားဖုံးရောင်ခြင်းအများဆုံးဖြစ်တတ်ပါသည်။

ထို့ပြင် အောက်ပါအခြေအနေများနှင့် ကြုံလာလျှင်လည်း သွားဖုံးများရောင်ရမ်းမှုကို ပိုဖြစ်စေပါသည်။

  • ဖျားနာခြင်း

ကင်ဆာရောဂါ၊ HIV ပိုးကြောင့် ခုခံအားကျဆင်းေစေသောရောဂါနှင့် ဆီးချိုရောဂါရှိသူများ သည် ရောဂါပိုး ပိုဝင်လွယ်ပြီး သွားပိုးစားခြင်း နှင့် သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါများဖြစ်နိုင်ချေမြင့်မားပါသည်။

  • ဆေးများ

အချို့သောဆေးများသည် သွားနှင့်ခံတွင်း၊ သွားဖုံးများကို အကာအကွယ်ပေးသော တံတွေးများ ကိုနည်းစေသည်။ Dilantin ကဲ့သို့သော အတက်ပျာက်ဆေး နှင့် Procardia, Cardilac စသည့်နှလုံးဆေးများသည် သွားဖုံးသားများ မူမမှန်စွာကြီးထွားမှုကို ဖြစ်စေသည်။

  • ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဖြင့် သွားဖုံးတစ်သျူးများ အသစ်ပြန်လည်မွေးဖွားရန် နှောင့်ယှက်မှုများဖြစ်စေပါသည်။

  • သွားနှင့် ခံတွင်းသန့်ရှင်းမှု

သွားမှန်မှန် မတိုက်ခြင်း၊ သွားကြားများကို သန့်ရှင်းရေးမလုပ်ခြင်း စသည့်နေ့စဉ်သွားနှင့် ခံတွင်းသန့်ရှင်းရေးများ လုပ်ရန် ပျက်ကွက်ခြင်းကြောင့် သွားဖုံးရောဂါများ ပိုဖြစ်စေပါသည်။

  • မိသားစုဝင်များတွင် သွားဖုံးရောဂါရှိခြင်း

ထိုအချက်သည်လည်း သွားဖုံးရောဂါများ ပိုဖြစ်စေသော အချက်များထဲမှ တခုပင်ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • သွားဖုံးရောင်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ဆီးချိုရောဂါ
  • အသက်ကြီးခြင်း
  • လူကီးမီယားသွေးကင်ဆာ၊ AIDS ရောဂါ၊ ကင်ဆာဆေးများသွင်းရခြင်း စသော ကိုယ်ခံအားကို ကျဆင်းစေမည့်ရောဂါများဖြစ်ခြင်း
  • အစာအာဟာရ ချို့တဲ့ခြင်း
  • အချို့သော ဆေးဝါးများ
  • ဟော်မုန်းဓါတ်များပြောင်းလဲခြင်းကိုဖြစ်စေသော ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်၊ အရွယ်ရောက်ကာစအချိန်နှင့် သွေးဆုံးချိန်များ
  • မူးယစ်ဆေးဝါး အလွဲသုံးစားလုပ်ခြင်း
  • ပြန်စိုက်ထားသောသွားများ နေရာမကျခြင်း
  • အစာကိုကိုက်လိုက်ချိန်များတွင် သွားများနေရာမကျဖြစ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားဆရာဝန်က သင့်သွားများကို စစ်ဆေးပြီး အောက်ပါအချက်များကို ကြည့်လိမ့်မည်။

  • သွားဖုံးသွေးထွက်ခြင်း၊ ရောင်ခြင်း စသည့်သွားဖုံးပြသနာများ
  • သွားများခိုင်မာမှု၊ အာရုံခံမှု နှင့် သွားပေါက်သော အနေအထား
  • သင့်မေးရိုး (သွားများကို ထောက်ခံပေးထားသော မေးရိုးများ သန်မာမှုရှိမရှိ)
  • သင့်သွားဖုံးနှင့် သွားများကြားတွင်ရှိသော၊ ဟနေသောနေရာကို သွားဘက်ဆိုင်ရာ ပစ္စည်းတခုနှင့် တိုင်းတာခြင်း
  • သွားဓါတ်မှန်ရိုက်ခြင်းဖြင့် သွားပိုးပေါက်များ နှင့် အရိုးများ ကျန်းမာမှုရှိမရှိ စစ်ဆေးခြင်း စသည်တို့ပြုလုပ်လိမ့်မည်။

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်စရာမလိုသော ကုသမှုများ

ရောဂါသည် ပြင်းထန်မှုမရှိသေးပါက အောက်ပါနည်းများဖြင့် ကုသနိုင်ပါသည်။

  • ကျောက်ခြစ်ခြင်း

ကျောက်ခြစ်ခြင်းသည် သွားမျက်နှာပြင်နှင့် သွားဖုံးအောက်ရှိ ဘက်တီးရီးယားများ နှင့် ကျောက်ဂျိုးများကို ဖယ်ရှားပေးခြင်းဖြစ်ပြီး ကိရိယာများ၊ အသံလှိုင်းဖြင့်ကုသသော ပစ္စည်းများနှင့် ပြုလုပ်ပါသည်။

  • အမြစ်နေရာကို ပြုပြင်ခြင်း

သွား၏ အမြစ်အပိုင်းကို ချောမွတ်အောင် စက်များဖြင့်ပြုလုပ်ပေးခြင်းဖြစ်ပြီး ထိုနည်းဖြင့် သွားဂျိုးများ နှင့် ဘက်တီးရီးသားအဆိပ်များကို လျော့နည်းစေပါသည်။

  • ပိုးသတ်ဆေးများ

ဘက်တီးရီးယားပိုးဝင်ခြင်းကို ထိန်းချုပ်ရန် ပိုးသတ်ဆေးများလိမ်းခြင်း၊ သောက်ခြင်းဖြင့် ကုသနိုင်ပါသည်။

ခွဲစိတ် ကုသမှုများ

သင်သည် သွားနှင့် ခံတွင်းသန့်ရှင်းရေးကို မှန်မှန်ပြူလုပ်ပြီး အထက်ပါကုသမှုများကို ပြုလုပ်သော်လည်း သင့်ရောဂါသည် မသက်သာသေးပါက ခွဲစိတ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။

သွားပိုးပေါက်ကို သေးစေသော ခွဲစိတ်မှု

သွားဆရာဝန်သည် သွားဖုံးတွင်ခွဲကြောင်းပေးကာ သွားဖုံးတစ်သျူးကို အပေါ်သို့မြှင့်တင်ခြင်းဖြင့် သွားအမြစ်များကို ပြုပြင်ခြင်း နှင့် ဂျိုးများကို ဖယ်ရှားခြင်းတို့ကို ပြုလုပ်ပါသည်။

  • တစ်သျူးအပျော့များကို အစားထိုးခြင်း

သင်သည် သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါဖြစ်နေပါက သွားဖုံးသားများသည် ပျက်စီးလာပါသည်။ ထို့ကြောင့် ပျက်စီးနေသောသွားဖုံးသားများကိုပြန်လည်ခိုင်ခံ့အောင် ပြုလုပ်ပေးရပါမည်။

အစားထိုးခြင်းကို လူနာ၏ အာခေါင်တစ်သျူးများမှသော်လည်းကောင်း၊ အခြားသူတဦး၏ တစ်သျူးများကို သော်လည်းကောင်း ယူပြီး ပျက်စီးနေသော နေရာတွင် အစားထိုးခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သွားဖုံးပျက်စီးမှုများကို လျော့နည်းစေပြီး အမြစ်များကိုလည်း နေရာတကျဖြစ်စေကာ သင့်သွားများကို လည်းပိုကြည့်ကောင်းစေပါသည်။

  • အရိုးအစားထိုးခြင်း

သွား၏အမြစ်များကို ကာထားသော အရိုးများ ပျက်စီးသွားလျှင် အရိုးများကို အစားထိုးကုသနိုင်ပါသည်။

အရိုးသည်လည်း သင့်ကိုယ်တိုင် အရိုးဖြစ်စေ၊ အခြားအလှုရှင် တယောက်ထံမှဖြစ်စေ ရရှိနိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်သွားများကျိုးခြင်း ကိုကာကွယ်ပေးပြီး အရိုးများပြန်လည် ကြီးထွားလာစေရန် အမာခံ ပလက်ဖောင်းတစ်ခုဖြစ်စေပါသည်။

  • တစ်သျူးများကို စနစ်တကျပြန်လည်ကြီးထွားစေခြင်း

ထိုနည်းဖြင့် ဘက်တီးရီးယားများကြောင့်ပျက်စီးနေသော အရိုးများကို ပြန်ကြီးထွားလာစေရန် ကူညီပေးပါသည်။ သွားဆရာဝန်သည် သင့်သွားအရိုးနှင့် သွားကြားတွင်ရှိသော နေရာတွင် ဇီဝနည်းဖြင့် ခန္ဓာကိုယ်နှင့် ကိုက်ညီအောင်ပြုပြင်ထားသော ပစ္စည်းတမျိုးကို ထဲ့ပြီး ဖာပေးခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မလိုအပ်သည့်နေရာမှ တစ်သျူးများပိုလာခြင်းကို ကာကွယ်ပေးပြီး အရိုးများကို လည်းပိုကြီးထွားစေပါသည်။

  • ကြွေလွှာဖြည့်ခြင်း

နောက်ထပ်နည်း တမျိုးမှာ အထူးပြုလုပ်ထားသော ဂျယ်လီတမျိုးကို ရောဂါဖြစ်နေသော သွားအမြစ်ထဲတွင် ထဲ့ပေးခြင်းဖြင့် သွားကြွေလွှာများကို ဖြည့်ခြင်းဖြစ်သည်။ အဆိုပါဂျယ်လီသည် လူတို့၏သွားကြွေလွှာတွင်ရှိသော ပရိုတင်းတမျိုးနှင့် တူအောင် ဖော်စပ်ထားခြင်းဖြစ်ပြီး အရိုးများ နှင့် တစ်သျူးများ၏ ကြီးထွားမှုကို အားပေးသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ

ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • သင့်သွားဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သွားနှင့် ခံတွင်းသန့်ရှင်းရေးကို စနစ်တကျပြုလုပ်ပါ။
  • သွားပွတ်တံပျော့ပျော့ကို သုံးပြီး သွားတိုက်တံကို ၃ လ ၊ ၄ လ တခါလဲပါ။
  • သွားတွင် ကပ်နေသော အဖတ်များနှင့် ကျောက်ဂျိုးများကို ဖယ်ရှားရန်အတွက် လျှပ်စစ်သွားပွတ်တံများကို အသုံးပြုသင့်သည်။
  • သွားကို အနည်းဆုံး တနေ့ ၂ ကြိမ်တိုက်ပါ။ အစာ၊ မုန့်များစားပြီးတိုင်းသွားတိုက်နိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။
  • သွားကြားများကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။
  • အာလုတ်ကျင်းရည်ကို သုံးခြင်းဖြင့် သွားများတွင် ကပ်နေသည့် အစာအကြွင်းအကျန်များကို ဖယ်ရှားပါ။
  • သွားများကြားတွင် သန့်ရှင်းရေးလုပ်သော၊ ပွတ်တံ သွားကြားထိုးတံများကို အသုံးပြုရန် အရေးကြီးပါသည်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement