သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားတိုက်ဆေးမှာပါတဲ့ ကာလာကုတ် အကြောင်း

သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။ ဒီအရောင်ပါတဲ့ သင်္ကေတအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ - ဓါတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့်ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓါတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။ နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။ ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက […]


သွားပြဿနာများ

Wisdom Teeth ( အံဆုံးသွား )

အံဆုံးသွား ဆိုတာ အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။ အံဆုံးသွားက အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။ အံဆုံးသွားတွေရဲ့ အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ်။ ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကို ထွက်နေခြင်း၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံကြော (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ Wisdom Teeth ( အံဆုံးသွား ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အံဆုံးက သွားဖုံးကို ပေါက်မထွက်နိုင်ခြင်းကြောင့် မေးရိုးနာခြင်း၊ တောင့်ခြင်း သွားကို ထိမိရင် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း

ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေရှိနေပါသေးတယ်။ ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဤဆောင်းပါးတွင် ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။   အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့ (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊ နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့ နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။   အာခြောက်ခြင်း အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။   ဆီးချိုသွေးချိုရောဂါ အံ့သြစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်စေမယ့် လွယ်ကူရိုးရှင်းသောနည်းလမ်း (၅)သွယ်

ခံတွင်းသန့်ရှင်းမှုမရှိခြင်းဟာ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ကိုယ်ဝန်သည် နောက်ဆက်တွဲပြဿနာများ၊သွားပိုးစားခြင်း၊ သွားဖုံးဆိုင်ရာရောဂါများအစရှိသည်တို့နှင့် ဆက်စပ်နေတဲ့အတွက် သင့်သွားများကို အစဉ်အမြဲ ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ခံတွင်းသန့်ရှင်းမှုရှိတဲ့သူတွေဟာ မိမိကိုယ်ကိုယုံကြည်မှုပိုရှိပြီး ချိုမြသောအပြုံး၊ ဖြူဖွေးသောသွားများနှင့် သန့်ရှင်းလတ်ဆတ်သော ခံတွင်းရနံ့နှင့်အခြားသူများကို ထက်မြက်တဲ့အသွင်ကို ပြသနိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့နှစ်ကြိမ်သွားတိုက်ရုံ တစ်နေ့တစ်ကြိမ် သွားသန့်ရှင်းရေးပြုလုပ်ရုံနှင့် သင့်သွားများကိုကျန်းမာကြံ့ခိုင်စေဖို့ လုံလောက်ပြီဟု သင်ထင်နေပါသလား။ ဤဆောင်းပါးတွင် ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်ရန် အတွက်လွယ်ကူရိုးရှင်းတဲ့နည်းလမ်း (၅) သွယ်ကိုဖော်ပြလိုက်ပါတယ်။ ၁။ သွားပွတ်တံကို သန့်ရှင်းစင်ကြယ်စွာထားပါ။ သွားပွတ်တံကို သန့်ရှင်းစင်ကြယ်အောင်ထားဖို့အတွက် မိမိနှင့်လိုက်ဖက်ညီပြီး သက်တောင့်သက်သာရှိမယ့် သွားပွတ်တံကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ သွားပွတ်တံဟာ ဘက်တီးရီးယားပိုးမွှားများနေဖို့နှင့် ပေါက်ပွားဖို့ သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် လျစ်လျူရှုလို့မရပါ။ သွားတိုက်ပြီးတဲ့အချိန်တိုင်း သွားပွတ်တံကိုရေနှင့် သေချာစွာဆေးပြီးလေသလပ်ခံထားပါ။ သွားပွတ်တံမွေးများကို အပေါ်ထောင်ပြီး တည့်တည့်ထားခြင်းဖြင့် သင့်သွားပွတ်တံကိုတစ်နေ့တာလုံးခြောက်သွေ့စေတဲ့အတွက် အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားများကပ်ညှိမှာ မစိုးရိမ်ရတော့ပါ။ အမေရိကန် သွားဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ သုံးသပ်ချက်အရအရွယ်ရောက်ပြီးသူတိုင်းဟာသွားပွတ်တံကိုသုံးလ (သို့) လေးလတစ်ကြိမ် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သင်မသိသေးသော သင့်သွားပွတ်တံအကြောင်း

မိမိတို့ရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် သွားပွတ်တံကို နေ့စဉ်နှင့်အမျှ အသုံးပြုကြပါတယ်။ ဒါပေမယ့် သွားပွတ်တံမှာ သင်မသိသေးသော အကျည်းတန်ကြောက်မက်ဖွယ် ကောင်းတဲ့အချက်တွေရှိနေပါတယ်။   သန်းပေါင်းများစွာသော ဘက်တီးရီးယားပိုးမွှားများဟာ ခံတွင်းအတွင်းမှာရှိပါတယ်။ ကြောက်မက်ဖွယ်ကောင်းပေမယ့်ဘယ်အချိန်ကြည့်ကြည့် သင့်ခံတွင်းအတွင်းမှာမျိုးစိတ်ပေါင်း၁၀၀- ၂၀၀ထိရှိသောဘက်တီးရီးယားပိုးမွှားများရှိနေပါတယ်။ သန့်ရှင်းရေးမလုပ်ရသေးတဲ့သင့်ခံတွင်းဟာ ရေချိုးခန်းမျက်နှာပြင်လိုပဲညစ်ပတ်နေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင်သွားပွတ်တံမှာလည်းStaphylococci နှင့် E.coliဘက်တီးရီးယားများအပါအဝင်သန်းပေါင်းများစွာသောဘက်တီးရီးယားပိုးမွှားများတည်ရှိနေနိုင်ပါတယ်။   သွားပွတ်တံပလစ်စတစ်အဖုံးဟာ သင်ထင်ထားသလို အကျိုးသက်ရောက်မှုမရှိပါ။ သွားတိုက်ပြီးတိုင်းသင့်သွားပွတ်တံကို အဖုံးဖုံးပါသလား။ ဒီလိုလုပ်ရင်တော့မှားယွင်းတဲ့အလေ့အကျင့်ဖြစ် ပါတယ်။ သွားပွတ်တံအဖုံးအသုံးပြုခြင်းဟာ သင့်သွားပွတ်တံကို ဖုန်မှုန့်များ ကပ်ညှိခြင်းမှ ကာကွယ်နိုင်တယ်လို့ သင်ထင်ကောင်းထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခြင်းဟာ ဘက်တီးရီးယားပိုးမွှားပေါက်ဖွားခြင်းကို ပိုမိုအားပေးပါတယ်။ ဒီလိုပဲ သွားပွတ်တံများကို တစ်နေရာတည်းစုဝေးထားခြင်းဟာ ဘက်တီးရီးယားပိုးမွှားပျံ့နှံ့ခြင်းကို ပိုမိုအားပေးပါတယ်။   ရေအိမ်နှင့်နီးရာမှာ သင့်သွားပွတ်တံကို မထားပါနှင့်။ အများစုသောရေချိုးခန်းများဟာ ကျဉ်းပါတယ်။ ဒါကြောင့် သွားပွတ်တံထားတဲ့နေရာဟာ ရေအိမ် (သို့) မျက်နှာသစ်ဘေစင်နှင့် နီးနေတတ်ပါတယ်။ ရေအိမ်ကို ရေဆွဲချတဲ့အခါမှာ ရေအိမ်ထဲရှိ ဘက်တီးရီးယားပိုးမွှား များဟာ […]


သွားအလှပြုပြင်ခြင်း

အရွယ်ရောက်ပြီး သူတွေအနေနဲ့ သွားမှာ စတီးကြိုး တပ်သင့်မတပ်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ

သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။ ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။ လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သင့်သွားတွေကို သေချာထိန်းသိမ်းပါ၊ ဒီသွားတွေက နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရနိုင်ပါဘူး

အပြုံးတစ်ပွင့်ကို လူတိုင်းနှစ်သက်ကြပါတယ်။ အပြုံးဟာ ချစ်ခင်ရင်းနှီးမှုရဲ့သင်္ကေတဖြစ်ပါတယ်။ ကျွန်တော်တို့ ပြုံးပြလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုသာမက သွားတွေကိုပါလှစ်ဟဖော်ပြလိုက်ပါတယ်။ သွားလေးတွေ ဖြူစင်ဝင်းပနေမယ်ဆိုရင် သင့်အပြုံးကပိုလို့တောင် လှသွားမှာဖြစ်တာမို့ ဒီဆောင်းပါးမှာ သင့်ရဲ့သွားတွေကိုထိန်းသိမ်းဖို့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သွားတွေရှိနေတုန်းတော့ သွားတွေရဲ့တန်ဖိုးကို သိပ်မသိကြပါဘူး။ သွားမရှိတော့မှာ စားချင်တိုင်းစားမရတဲ့အခါ စိတ်ညစ်စရာတွေ ဖြစ်လာတာကိုခံစားကြရတာပါ။ သွားတွေမရှိတော့တဲ့အထိ မတွေးနဲ့ဦး သွားကိုက်တဲ့အခါ သွားနာတဲ့အခါမှာဆိုရင်တောင် ဘယ်လောက်နေရခက်လိုက်လဲ။ ဒီတော့ အစားပြန်မရတော့တဲ့အနေအထားမျိုးဆိုရင် ဘယ်လိုပြောရမလဲ။ ပြောဖွယ်ရာမရှိနော်။ ဒီတော့ အစားပြန်မရနိုင်တဲ့သွားလေးတွေကို သေချာဂရုစိုက်ပေးပါ။ အချို့အခွင့်အရေးခံစားခွင့်တွေက နှစ်ကြိမ်ပြန်မရနိုင်ပါဘူး။ အစားပြန်မရနိုင်တဲ့ သွားကို ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပေးပါနော် တစ်နေ့ နှစ်ခါသွားတိုက်ပါ။ သွားခဏခဏတိုက်လေ ပါးစပ်ကပိုပြီးသန့်ရှင်းလေလို့ လူအများစုက ယူဆထားကြပါတယ်။ ဒါဟာမှားပါတယ်။ တော်တော်ကြီးကို မှားတာပါ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဟာ အသင့်တော်ဆုံးပဲလို့ သိပ္ပံပညာရှင်တွေက သက်သေပြထားပြီးဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

လျှပ်စစ်ပစ္စည်းတွေဟာ လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ အင်မတန်မှကို အသုံးဝင်လှ၊ အရေးပါအရာရောက်လှပါတယ်။ ဒါပေမယ့် တချို့လျှပ်စစ်ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း၊ လိုအပ်မှုနဲ့လုံခြုံစိတ်ချရမှုတွေဟာ အခုချိန်ထိမေးခွန်းထုတ်စရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေထဲကတစ်ခုက လျှပ်စစ်သွားပွတ်တံဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဆိုပါလျှပ်စစ်သွားပွတ်တံရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ သွားတိုက်ခြင်းဟာ သွားနဲ့သွားဖုံးမျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ အဖတ်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်တဲ့အတွက် အလွန်ပဲအရေးကြီးလှပါတယ်။ ဒါ့အပြင် သွားတိုက်ခြင်းဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ မှန်ကန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်နိုင်ခြင်းမရှိသေးပါဘူး။ အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာအချို့ကြောင့်ရယ်၊ နည်းပညာထွန်းကားလာတာကြောင့်ရယ် လျှပ်စစ်သွားပွတ်တံတွေဟာ လူသိပိုများလာပြီး ပုံမှန်သွားပွတ်တံထက်လည်း တိုက်လို့ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လျှပ်စစ်သွားပွတ်တံမှာလည်း အကျိုးနဲ့အပြစ်တွေ ရှိနေခဲ့ပါတယ်။ ကောင်းကျိုးတွေ • သွားတိုက်တာ ပိုပြောင်ပြီး ပိုနှံ့ပါတယ်။ အစာဖတ်တွေကို ပိုပြီးမြန်မြန်နဲ့ကောင်းကောင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ပုံစံရှိတဲ့ သွားပွတ်တံတွေဆိုရင် ပုံမှန်သွားပွတ်တံတွေနဲ့ ရှင်းလင်းနိုင်ဖို့ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကဘာလဲ။ အာခံတွင်းခြောက်သွေ့ခြင်း (dry mouth) ဆိုတာ သင့်ရဲ့အာခံတွင်း ရုတ်တရက်ခြောက်သွေ့လာခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ သင်စိတ်လှုပ်ရှားတဲ့အချိန် သို့မဟုတ် တံတွေး အထွက်နည်းနေချိန် စတဲ့ရေဓါတ်ခမ်းခြောက်တဲ့ အချိန်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာခံတွင်းခြောက်သွေ့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ • သင့်ရဲ့ ခံတွင်း၊ လည်ချောင်း၊ လျှာ စတာတွေမှာ ခြောက်သွေ့နေတယ်လို့ခံစားရခြင်း၊ • မကြာခဏ ရေဆာခြင်း ၊ • တံတွေးချွဲပျစ်ခြင်း၊ • ခံတွင်းအနံ့မကောင်းခြင်း နဲ့ • အစားအစာများ အရသာမြည်းစမ်းခြင်း၊ အစာဝါးစားခြင်း၊ အစာမြိုချခြင်း သို့မဟုတ် […]


သွားပြဿနာများ

Tooth Ache ( သွားကိုက်ခြင်း ) အကြောင်း သိထားသင့်သမျှ

သွားကိုက်ခြင်း ဆိုတာ အဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ သွားကိုက်ခြင်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဖြစ်တာကြောင့် လူနာကို နေမထိထိုင်မသာ ဖြစ်စေပြီး ဝေဒနာလည်း ဆိုးပါတယ်။ ဒီလို ပြင်းထန်တဲ့ သွားကိုက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Tooth Ache (သွားကိုက်ခြင်း) ဆိုတာ အဓိကအားဖြင့် ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက်ဝေဒနာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချက်ချင်းနာပြီး ပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။ သွားကိုက်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့ရများတဲ့ က္ခဏာတွေကတော့ သွားကနေ ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့် ကိုက်ခြင်း၊ အစာစားတဲ့အခါ ကိုက်ခြင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)