အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့ပူရင် မြုံတတ်သလား

မြုံတယ်လို့ ပြောလိုက်ရင် အခါခပ်သိမ်း အမျိုးသမီးတွေ အပြစ်ပဲ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ကလေးမရတဲ့ အတွဲတွေမှာ ၃ပုံ ၁ပုံလောက်က အမျိုးသား ပြစ်ချက်ကြောင့်ပါတဲ့။ အမျိုးသားတွေ မြုံရတဲ့ အကြောင်းရင်းတွေထဲမှာ ဝှေးစေ့ ပူနေတာကြောင့်လည်း ပါပါတယ်။ ဝှေးစေ့ပူရင် မြုံနိုင်လားဆိုတာ ဆက်ကြည့်ရအောင်။ ဝှေးစေ့ပူရင်  မြုံတတ်သလား။ အမေ့ဗိုက်ထဲ သန္ဓေသားဘဝမှာ ဝှေးစေ့က ဝမ်းဗိုက်ထဲမှာ ရှိပါတယ်။ နောက်ပိုင်းကျမှ အောက်ကို ဆင်းလာပြီး ကပ္ပာယ်အိတ်ထဲကို ရောက်လာတာပါ။ ဘာကြောင့် ဆင်းလာရတာလဲဆိုတော့ ဝမ်းတွင်းအပူချိန်က ပူလွန်းတာကြောင့်ပါ။ ဒီလို ပူနေရင် ဝှေးစေ့က သူ့အလုပ်ဖြစ်တဲ့ သုက်ကောင်လေးတွေ ထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ထိမနေဘဲ တွဲလောင်းနေနေတာပါ။ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါတယ်။ ၃၂-၃၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

ချင်ခြင်းတပ် တယ်ဆိုတာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ ဒီပြဿနာက အမျိုးသားတွေမှာလည်း ရှိပါတယ်။ အမျိုးသားတွေရော […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့။ အတူတူအိပ်တဲ့ အိပ်ရာပေါ်က ကြင်သူကိုတောင် မပြောဘဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။ ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။ တကယ်တော့ လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။ အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ဘဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကို လိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။ သုက်ရည်မှာ အာဟာရဓာတ်တွေရှိနေတာလား ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေ အောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကို Blue balls ဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြိုပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။ အမျိုးသား တချို့က အချိန် ပိုကြာကြာ လိင်ဆက်ဆံနိုင်အောင် သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင် ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။ တချို့ကျတော့ ဒီလို လိင်ဆန္ဒအထွတ်အထိပ် မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။ ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက် အူမကြီးရဲ့ရှေ့မှာ တည်ရှိပါတယ်။ သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ဆီးကျိတ်ကို ခွဲစိတ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ BPH ခေါ် ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ရာမှာ တပိုင်းတစခွဲစိတ်ခြင်းနဲ့ ဆီးကျိတ်တခုလုံး ခွဲစိတ်ဖယ်ရှားခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ခွဲစိတ်မှုမပြုမီ လူနာကိုကြိုတင်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစား၊ ခွဲစိတ်မှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ကောင်းကျိုးဆိုးကျိုးများ စတာတွေ ပါဝင်ပါတယ်။ ခွဲစိတ်ချိန်မှာ မနာကျင်ရအောင် မေ့ဆေးတမျိုးမျိုးပေးပါလိမ့်မယ်။ နောက်ပိုင်းမှာ ခါးဆစ်ရိုးထုံဆေးအသုံးပြုပြီးလည်း ခွဲစိတ်ပါတယ်။ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အတွက် အဓိကထည့်သွင်းစဉ်းစားတဲ့ အချက်တွေကတော့ ရောဂါအခြေအနေကို ပျောက်ကင်းရန် ဆီးမထိန်းနိုင်ခြင်း သက်သာစေရန် လိင်တံကောင်းကောင်း ထောင်မတ်နိုင်စေရန် ဘေးထွက်ဆိုးကျိုးနည်းပါးစေရန် မခွဲစိတ်မီ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်ပြီးချိန်တွင် နာကျင်မှုကို သက်သာစေရန် စတာတွေပဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် …

သုက်ထွက်မြန်တဲ့ ပြဿနာက အမျိုးသားတွေရဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ သုက်ထွက်မြန်တဲ့ အမျိုးသားများ အနေနဲ့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။ သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် ဒီကုထုံးတွေ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ဘာတွေစစ်ဆေးမှာလဲ။ အရင်ဆုံး လူနာရဲ့ ကျန်းမာရေး၊ မိသားစုရာဇဝင်၊ သောက်နေတဲ့ ဆေးများရှိမရှိ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်ခြင်း (ထောင်မတ်ခြင်း) ရှိ၊ မရှိ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်းသာမက လိင်တံထောင်မတ်နိုင်စွမ်းပါ ကျဆင်းနေပြီဆိုရင်တော့ ဆရာဝန်အနေနဲ့ သွေးဖောက်စစ်ပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက တချို့အဖိုမျိုးစိတ်တွေပါ နို့တိုက်လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား။ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။ နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အကြောင်း ပြောပြချင်ပါတယ်။ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ကတော့ သွေးပေါင်ချိန်တိုင်းခြင်း အသက် ၄၀ ကျော်အမျိုးသားတိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းသင့်ပြီး သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မကျော်ရင်အကောင်း ဆုံးဖြစ်ပါတယ်။ အခုခေတ်မှာသွေးပေါင်ချိန် အလွယ်တကူတိုင်းလို့ရတဲ့စက်တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ဖာသာသွေးပေါင်ချိန်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အဖြစ်များလာတဲ့သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို သွေးပေါင်ချိန်စစ်ဆေးပြီး ကြိုတင်ရှာဖွေနိုင်တဲ့အတွက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည်ဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒ ပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။ ဒါဆို သုက်ရည်ကျဲလာခြင်း က ပြဿနာတစ်ခုလား။ သုက်ရည်ရဲ့ ပျစ်ကျဲမှု ဘာကြောင့်ပြောင်းလဲသွားတာလဲ။ ၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ ကျားဟော်မုန်းနည်းလာခြင်း၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။ ၂။ မကြာခဏ သုက်လွှတ်ခြင်း မကြာခဏ သုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်