သုက်ထွက်မြန်တဲ့ ပြဿနာက အမျိုးသားတွေရဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။