ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။
တကယ်တော့ လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။
အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ဘဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်တတ်ကြသူတွေပါ။

ဘာကြောင့် ထင်သလောက်မစွမ်း တော့တာလဲ
အမျိုးသားတွေ လိင်စွမ်းဆာင်ရည်ကျဆင်းရတဲ့ အချက်တွေအများကြီးရှိပေမယ့် နောက်ကွယ်က အကြောင်းတရားကတော့ Testosterone ဟိုမုန်းပမာဏ လျော့နည်းလာတာကြောင့်ပါ။ ဒီပမာဏ နည်းပါးသွားရင် လိင်မှုကိစ္စ စွမ်းဆောင်ရည်တွေလည်း တပါတည်း ကျဆင်းသွားတာပါပဲ။
Testosterone ဟိုမုန်းပမာဏကို လျော့နည်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
အမျိုးသားတွေဟာ သဘာဝအားဖြင့် အသက် ၄၅ နောက်ပိုင်းမှာ လိင်မှုစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကျဆင်းမှုဟာ အသက် ၃၀ ဝန်းကျင်လောက်ကတည်းက စတင်တာဖြစ်ပါတယ်။ ၄၅ နောက်ပိုင်းမှ သိသာလာတာပါ။ အသက် ၃၀ ဝန်းကျင်ကနေစပြီး တစ်နှစ်ကို ၁% လောက်ကျဆင်းသွားတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။