အမျိုးသားတွေအတွက် သားဆက်ခြား သောက်ဆေး ရှိလား
ကိုယ်ဝန်မရအောင်ဆိုပြီး သားဆက်ခြားတဲ့ နည်းလမ်းတွေက အစုံပါပဲ။ ဒီလို သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေအတွက် ထုတ်ထားတာတွေပဲ များပါတယ်။ လက်ရှိအထိ အမျိုးသားတွေ သုံးလို့ ရတဲ့ သားဆက်ခြားနည်းဆိုလို့ ကွန်ဒုံးပဲ ရှိပါမယ်။ အမျိုးသားတွေ သောက်သုံးဖို့ သားဆက်ခြား သောက်ဆေးတွေကတော့ လက်ရှိမှာ စမ်းသပ်နေဆဲပါ။
ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသမီးတွေ အတွက် ထုတ်ထားတဲ့ သားဆက်ခြား သောက်ဆေးတွေ ဖြစ်တဲ့ လစဉ်သန္ဓေတား သောက်ဆေးတွေကို အမျိုးသားတွေ သောက်ရင်ရော ကိုယ်ဝန်မရအောင် တားနိုင်မလား။ အရေးပေါ် သန္ဓေတား သောက်ဆေးကို အမျိုးသားတွေ သောက်ရင်ရော အာနိသင် ထိရောက်မှု ရှိမလားဆိုပြီး တွေးမိနေတဲ့ ပုရိသတို့အတွက် အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို ဆက်ပြောပြပေးချင်ပါတယ်။
အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ
လစဉ် သန္ဓေတားသောက်ဆေး၊ အရေးပေါ် သန္ဓေတားသောက်ဆေးတွေကို ဆေးမှားပြီးဖြစ်ဖြစ် ဘယ်လိုအာနိသင်ရမလဲဆိုပြီး သိချင်လို့ဖြစ်ဖြစ် တစ်ကြိမ်လောက် သောက်မိတာက ဘယ်လို အာနိသင်မှ ရှိမှာမဟုတ်ပါဘူး။ ပြောချင်တာက ကောင်းကျိုးရော ဆိုးကျိုးပါ မရှိတာကို ဆိုလိုချင်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။