အမျိုးသားကျန်းမာရေးဆိုင်ရာများ
ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း
အမျိုးသားတွေဆိုပေမဲ့လည်း ထိပ်ပြောင်တဲ့အခါကျတော့ “ငါ အိုလာပြီလား။ အရင်လို မလန်းတော့ဘူးလား” ဆိုပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒီခေတ်မှာ ထိပ်ပြောင်တာက ကုမရတာတော့ မဟုတ်ပါဘူး။ ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း ရှိနေပြီလေ။ ထိပ်ပြောင်တာက သဘာဝပါ။ အမျိုးသားတွေအနေနဲ့ အသက်ရလာရင် ဆံပင်တွေက တဖြည်းဖြည်းပါးလာပြီး ပြောင်လာတာက သဘာဝပါ။ အသက်ရလာတာကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အရွယ်ရလာရင် ထိပ်ပြောင်တတ်ပါတယ်။ အမျိုးသားတွေ ထိပ်ပြောင်တဲ့ ပုံစံက နားထင်နားကနေ အနောက်ဘက်ကို ဆံပင်တွေ ပါးပါးပြီး ပြောင်လာတာ ဖြစ်နိုင်သလို ထိပ်ကနေ ကွက်ပြီး ပြောင်လာတာလည်း ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/skin-health/testosterone-and-male-balding/ အသက် ၃၀လောက်ဆိုရင် အမျိုးသားတွေမှာ ဆံပင်စပြီး ပါးလာပါပြီ။ တချို့ဆို ၂၀ကျော်လောက်တည်းက ပါးလာတာတွေတောင် ရှိပါတယ်။ ဒီအရွယ်က အရွယ်ကောင်းတွေ ဖြစ်တာကြောင့် […]