အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။
လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကို လိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။
လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။
ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။
ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ ရှိနေပါတယ်။ ဒါကလည်း တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ထူးဆန်းတဲ့အချက်တော့ မဟုတ်ပါဘူး။ အရာအားလုံးဟာ ဓာတ်တွေနဲ့ဖွဲ့စည်းထားတာမို့ သုက်ရည်ထဲမှာလည်း ဒီလို ဓာတ်သတ္တိတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါတွေတင်မကပါဘူး။ သုက်ရည်ထဲမှာ ပမာဏ အနည်းငယ်စီနဲ့ ပါဝင်နေတဲ့ တခြားအာဟာရဓာတ်တွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့
ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတယ်ဆိုတဲ့ အချက်ကြောင့် သုက်ရည်ဟာ ကျန်းမာစေတယ်ဆိုတဲ့ အချက်ကို အတွေးမမှားစေချင်ပါဘူး။ သဘာဝအတိုင်းအနည်းငယ်စီ ပါဝင်နေတာသာ ဖြစ်ပါတယ်။
တချို့သော အယူအဆအလွဲ တချို့တွေမှာ သုက်ရည်ကို လိမ်းကျံပေးရင် အသားအရေလှပါတယ်ဆိုတဲ့ အယူအဆမျိုးတွေ ရှိတတ်ကြတာကြောင့်ခုလို ရှင်းပြရခြင်းဖြစ်ပါတယ်။ နောက်ပြီး သတိထားဖို့ လိုအပ်တဲ့နောက်ထပ် အချက်တစ်ခုက သုက်ရည်ဟာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ် ဆိုတာပါပဲ။ တချို့လူတွေဟာ သုက်ရည် ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားနေရတတ်တာကြောင့် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒါ့အပြင် သုက်ရည်ဟာ အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေတယ်ဆိုတဲ့ အယူအဆ တစ်မျိုးလည်း ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ မရှိထားသေးပါဘူး။
အချုပ်ပြောရရင် သုက်ရည်ဟာ လိင်ဆက်ဆံမှုမှာ အရေးပါပြီး အဓိကကျတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အာဟာရဓာတ်တွေ ပါဝင်နေရင်တောင်မှ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က မျိုးဆက်ပွား လုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့သာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ဖတ်ပြီးတော့ လိင်ကျန်းမာရေးဆိုင်ရာ အလွဲလေးတွေကို အမှား၊ အမှန် ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။