ရုတ်တရက် ဆိုရင်တော့ အမျိုးသားတွေလည်း ချင်ခြင်းတပ်တယ် ဆိုတာကြီးက ထူးဆန်းနေမယ်ထင်ပါတယ်။ ဒါပေမယ့် Pica ဟာ စိတ်ရောဂါအနုစားတစ်မျိုးဖြစ်ပြီးတော့ အသက်အရွယ်မရွေး လိင်အမျိုးအစားမရွေးမှာ ပုန်းကွယ်ပြီးရှိနေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဆိုတာကို သင်သိလာချိန်မှာတော့ ဒါက မထူးဆန်းဘူးဆိုတာကို နားလည်လာမယ်ထင်ပါတ်ယ်။
လေ့လာချက်တွေအရ အမျိုးသားတွေရဲ့ ထူးထူးဆန်းဆန်း သဘာဝမကျတဲ့အရာတွေကို စားသောက်ချင်စိတ် ဖြစ်ပေါ်မှုကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေထက် မနည်းပါဘူးတဲ့။
အမျိုးသားတွေဟာလည်း တခြားသူတွေလိုပါပဲ ချင်ခြင်းတပ် တဲ့အခါ မစားဖူးတာတွေကို စားချင်လာတာမျိုးအပြင် အမှိုက်တွေ၊ ဆန်တွေ၊ သဲတွေ၊ စက္ကူတွေ၊ မြေကြီးတွေ၊ ဆပ်ပြာမှုန့်တွေ၊ သစ်ရွက်တွေလိုမျိုး ပုံမှန်မဟုတ်တာတွေကိုလည်း စားကြတာမျိုးတွေ ရှိတတ်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ချင်ခြင်းတပ်တဲ့စိတ်ကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲလာမှုကြောင့် ဆိုတာကို သိထားပေမယ့် အမျိုးသားတွေမှာ ဘာကြောင့် ဒီလိုစိတ်မျိုးဖြစ်ပေါ်လာတာလဲဆိုတာကို ရှင်းပြနိုင်စွမ်းမရှိသေးပါဘူး။ Pica ဟာ Eating Disorder တစ်မျိုးဖြစ်တယ်ဆိုတာကိုသာ သက်သေပြထားနိုင်ပါသေးတယ်။
လက်ရှိအချိန်အထိ သိနားလည်ထားကတော့ Pica ဟာ လူ့ ကိုယ်ခန္ဓာရဲ့ ဉာဏ်ပညာကြွယ်ဝမှုပုံစံတစ်မျိုး ဆိုတာပါပဲ။ သင့်ကိုယ်ခန္ဓာဟာ သင်ဖြည့်ဆည်းလေ့မရှိတဲ့ အာဟာရအချို့ကို လိုအပ်လာချိန်မှာ မသိစိတ်ရဲ့ စေ့ဆော်မှုနဲ့ အဆိုပါအရာတွေကို စားသုံးလိုခြင်းဖြစ်လာတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်တွေကို အခြေပြုပြီး လေ့လာထားတာသာဖြစ်ပြီးတော့ အမျိုးသားတွေဘာကြောင့် Pica ဖြစ်ရတယ်ဆိုတာကိုတော့ မရှင်းပြနိုင်သေးပါဘူး။

ချင်ခြင်းတပ်တာကို ပျောက်အောင်ကုလို့လား
ချင်ခြင်းတပ်ခြင်းဟာ တခါတရံမှာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်ကို မူမမှန်တဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းတာလို့ ဘယ်လိုပင်ဆိုနေပါစေ၊ တချို့သော စားသောက်ချင်စိတ်ဖြစ်ပေါ်နေတဲ့အရာတွေက အတော်လေးကို အဆင်မပြေတဲ့ အမယ်တွေပါဝင်နေတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အရသာတူညီပြီး ကျန်းမာရေးကို မထိခိုက်စေတာမျိုး၊ အာဟာရပါဝင်မှုတူညီတာမျိုးတွေကို ပြောင်းလဲပြီး မှီဝဲစားသောက်တာမျိုး လုပ်ကြည့်သင့်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးအတော်များများဟာ ချင်ခြင်းတပ် ခြင်းတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်ကတော့ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အစာမဟုတ်တဲ့အရာတွေကို စားချင်ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
ဒီလိုပါပဲ အမျိုးသားတွေ အနေနဲ့လည်း ပုံမှန် မဟုတ်တာတွေကို စားသောက်ချင်စိတ် လိုအပ်တာထက် ပိုမိုဖြစ်လာပြီဆိုရင် ကျွမ်းကျင်သူနဲ့ တိုင်ပင်ကုသတာမျိုးပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ် ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။