အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း

သုက်လွှတ်စဉ် နာကျင်ခြင်းကို ဆေးပညာအရ dysorgasmia (သို့မဟုတ်) orgasmalgia လို့ ခေါ်ဝေါ်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။ သုက်လွှတ်ချိန်မှာဖြစ်စေ၊ လွှတ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။ လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ စအိုဝန်းကျင်မှာ နာတတ်ပါတယ်။ ဒီပြဿနာဟာ လိင်မှုကိစ္စမှာ အတော်လေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ်ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ၁။ ဆီးကျိတ်ရောင်ခြင်း ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ ဆီးလမ်းကြောင်း ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေရခြင်း အကြောင်းအရင်းများ

ပန်းသေခြင်း ဆိုတာ အမျိုးသားများ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေများစွာ ရှိပါတယ်။ အဓိကအားဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဟာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါရှိသူအမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းသေခြင်းကြောင့် လိင်မှုကိစ္စစွမ်းဆောင်နိုင်တော့ခြင်း မရှိတော့ချိန်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘယ်အရာတွေက ပန်းသေခြင်း ကို အဓိကဖြစ်စေသလဲဆိုတာပါပဲ။ ပန်းသေရခြင်း အကြောင်းအရင်းများ ကို လေ့လာကြည့်လိုက်ပါ။ ပန်းသေရခြင်း အကြောင်းအရင်းများ ပန်းသေရခြင်း အကြောင်းအရင်းများ ကတော့ ၁။ ဟော်မုန်းရောဂါများ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကနေ ဇီဝဖြစ်ပျက်မှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ မျိုးပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ စတာတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစထရုန်းဟော်မုန်းကို သဘာဝအတိုင်း မြှင့်တင်ဖို့

တက်စတိုစထရုန်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အမျိုးသားများ ကြွက်သားထုထည် တောင့်တင်းစေဖို့၊ အရိုးများသိပ်သည်းဆ ကောင်းစေဖို့အပြင် လိင်စိတ်ဆန္ဒကို စေ့ဆောင်မောင်းနှင်ဖို့ အဓိကနေရာက ပါဝင်ပါတယ်။ အရွယ်ရောက်ခါစမှာ တက်စတိုစထရုန်းဟော်မုန်း ထုတ်လုပ်မှုဟာ အမြင့်ဆုံးကို ရောက်လာပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း လျော့ကျသွားပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တက်စတိုစထရုန်းဟော်မုန်းကို ဘယ်လိုမြှင့်တင်ရမလဲ ဆိုတာပါပဲ။ အိပ်ရေး၀၀အိပ်ပါ တက်စတိုစထရုန်းမြှင့်တင်ရာမှာ နှစ်ခြိုက်စွာအိပ်ခြင်းလောက် သဘာဝကျတဲ့နည်းလမ်းမရှိပါဘူး။ အမေရိကန်ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ အိပ်ရေးပျက်ခြင်းဟာ ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောကျ်ားလေးများရဲ့ တက်စတိုစထရုန်းကိုပမာဏကိုတောင် ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ တပတ်နလောက် ဆက်တိုက်အိပ်ရေးပျက်ရင် သိသာလာပါတယ်။ တနေ့ကို ဘယ်လောက်အိပ်ရမလဲဆိုတာ အခြေအနေမျိုးစုံပေါ် မူတည်ပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ ပျမ်းမျှအားဖြင့် တညကို အနည်းဆုံး ၇ နာရီကနေ အများဆုံး ၉နာရီထိ အိပ်သင့်ကြောင်း သုတေသနတွေအရ သိရပါတယ်။ ဒါမှသာ ကိုယ်ခန္ဓာရဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ

တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ဝှေးစေ့ကနေ အဓိကထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အမျိုးသားများရဲ့ သွင်ပြင်ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။ အမျိုးသားများရဲ့ လိင်စိတ်ဆန္ဒနဲ့ သုတ်ပိုးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသက်ကြီးပိုင်းရောက်လာရင် လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ ပုံမှန်တက်စတိုစထရုန်း ပမာဏကတော့ 300 ng/dl ကနေ 1000 ng/dl ပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ တက်စတိုစထရုန်း နည်းပါးခြင်းရဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားများမှာ တက်စတိုစထရုန်း နည်းပါးလာတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများကို ဆက်ကြည့်လိုက်ရအောင်နော်။ ၁။ လိင်စိတ်ဆန္ဒနည်းပါးခြင်း တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို လှုံ့ဆော်ရာမှာ အဓိကကျပါတယ်။ […]


ပန်းသေပန်းညှိုးခြင်း

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီး နှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတော့ သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အထွက်နှုန်းတိုးတာ စိတ်ပူရသလား

အထွက်နှုန်းတိုးတာ စိတ်ပူရသလား ။ ခေါင်းစဉ်ကြည့်ပြီး စိုက်ပျိုးရေးအကြောင်းလို့ မထင်ပါနဲ့။ အခုပြောမယ့် အထွက်နှုန်းတိုးတယ်ဆိုတာ အမျိုးသားတွေမှာ သုက်ရည်ပုံမှန်ထက်ပိုထွက်တဲ့ အခြေအနေကို ပြောချင်တာပါ။ ရောဂါတစ်ခုမဟုတ်ပေမဲ့ စိတ်ဝင်စားစရာကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေအာသာဖြေတဲ့အခါ အမျိုးသားအင်္ဂါ(လိင်တံ) ကနေ သုက်ရည်ထွက်ပါတယ်။ သုက်ရည်ထဲမှာ မျိုးပွားဖို့လိုအပ်တဲ့ သုက်ကောင်တွေပါဝင်သလို ဆီးကျိတ်ကထွက်တဲ့ အရည်တချို့လည်း ပါဝင်ပါတယ်။ Hyperspermia ဖြစ်တဲ့အမျိုးသားတွေမှာ သုက်ရည်က ပုံမှန်ထက်ပိုထွက်တတ်ပါတယ်။ တစ်ခုရှိတာက hyperspermia ဖြစ်ရင် သုက်ရည်ပဲပမာဏများတာဖြစ်ပြီး သုက်ရည်ထဲမှာပါတဲ့ သုက်ကောင်ပမာဏကတော့ အပြောင်းအလဲရှိချင်မှ ရှိမှာပါ။ ဒါ့ကြောင့် hyperspermia ဖြစ်လည်း ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်း ထိခိုက်မှုရှိချင်မှရှိ မှာဖြစ်လို့ ရောဂါလို့ မသတ်မှတ်တာဖြစ်ပါတယ်။ Hyperspermia ရဲ့လက္ခဏာကတော့ ရှင်းပါတယ်။ အာသာဖြေတဲ့အချိန်မှာ ပုံမှန်ထက်သုက်ရည်များများထွက်တာက အဓိကလက္ခဏာပါပဲ။ ဘယ်လောက်ထိများသလဲဆိုတာကိုတော့ အတိအကျပြောရခက်ပါတယ်။ လူမျိုး တစ်မျိုးချင်းစီလိုက်ပြီး ကွဲပြားနိုင်သလို အသက်အရွယ်ပေါ်လိုက်ပြီးလည်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

မင်္ဂလာပါ Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက် ပါဦးနော်။ တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်း တစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချ ယုံကြည်ရတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာ ပြုလုပ်ထားတဲ့ ကျန်းမာရေး စစ်ချက်တွေ အရတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် မိမိ ခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက် စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက် အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေ့စဉ် ဘဝမှာတော့ ပြဿနာ ရှိစေနိုင်ပါတယ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis)

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ဆိုတာ အမျိုးသားလိင်အင်္ဂါ ဝှေးစေ့အတွင်းသို့ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ရောက်လာပြီးနောက် ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဝှေးစေ့ ၁လုံး ဒါမှမဟုတ် ၂လုံးလုံးကို တစ်ပြိုင်နက်ထဲ ကူးစက်နိုင်ပေမယ့် ရောဂါလက္ခဏာကတော့ တစ်ဘက်ထဲက ပြတာများပါတယ်။ ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဓိက အတွေ့များတဲ့ လက္ခဏာကတော့ ဝှေးစေ့က နီရဲပြီး ရောင်နေတာ၊ အထဲက အောင့်သလို ခံစားရတာ၊ ပေါင်ခြံက နာကျင်နေတာတွေပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့ ကပ္ပာယ်အိတ်ကို ထိကိုင်လိုက်ရင် ပုံမှန်ထက်ပျော့နေတာ ဆီးသွားစဉ်၊ သုက်လွှတ်စဉ် အလွန်နာကျင်တာ သုက်ရည်ထဲ သွေးပါလာတာ ပုံမှန်မဟုတ်တဲ့ အရည်တွေ လိင်တံထိပ်ဝကနေ စိမ့်ထွက်လာတာ ဆီးကျိတ်ကြီးလာတာ ပေါင်ခြံမှာရှိတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)

ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းက ဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီးတဲ့အခါ ဝှေးစေ့ပြန်ကျလာခြင်း မရှိပါက ဆရာဝန်အနေနဲ့ ဒီအကြောင်းကို မိဘတွေကို ပြောပြမှာဖြစ်ပြီး တစ်နှစ်အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ၆လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြဖို့တော့ လိုပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့ က အောက်ကို ဆင်းလာပါတယ်။ အဲ့လိုဆင်းမလာဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle - ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။ သူ့ဘာသာ ဝှေးစေ့ကပြန်ဆင်းလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာလည်း ဖြစ်နိုင်ပါတယ်။ အများစုက တစ်လုံးက ဗိုက်ထဲမှာ ကျန်ပြီး တစ်လုံးက ကပ္ပာယ်အိတ်ထဲကို ဆင်းလာပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် ကလေးရဲ့ ဝှေးစေ့ ဝမ်းဗိုက်ထဲမှာ ကျန်နေခဲ့တာလဲ။ အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း