အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ

ကြာဆေး ဆိုတာ ဘာလဲ။ ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ အဓိက အားသာချက်တွေက • လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြင့်စေတယ် • လိင်တံထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတယ် • ဆက်ဆံအား ကောင်းစေတယ် • သုက်လွှတ်ရန် အချိန်ပိုနှေးစေပါတယ် ပန်းသေပန်းညှိုးဆိုတာ တိုတိုပြောရမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်တဲ့ ရောဂါပါ။ အသက်၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ဇရာကြောင့် ကျားဟော်မုန်းနည်းပြီး ပန်းသေပန်းညှိုး ဖြစ်လာတတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ပန်းသေပန်းညှိုးနဲ့ ဆင်တူလက္ခဏာတွေ အဖြစ်များလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေပါတယ်။ ကြာဆေးက ဘယ်လိုအလုပ်လုပ်သလဲ။ လိင်တံထောင်မတ်ခြင်း ဖြစ်စေဖို့ ဦးနှောက်က အထိအတွေ့၊ စိတ်ခံစားချက်၊ မြင်ကွင်း စတာတွေနဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။ အဲ့နောက်မှာ ခန္ဓာကိုယ်အနှံ့မှာ […]


လိင်တံပြဿနာများ

ဝှေးစေ့အရွယ်အစား က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့အရွယ်အစား ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဝှေးစေ့အရွယ်အစား ကို ဘယ်လိုတိုင်းတာမလဲ။ လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။ အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။ Orchidometer လို့ခေါ်တဲ့ […]


လိင်တံပြဿနာများ

ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ  ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy) သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis) ဝှေးစေ့တစ်ရှူး ပုပ်ခြင်း (Gangrene) မုတ္တရောဂါ(Hydrocele) အူကျခြင်း (Hernia) ကျောက်ကပ် ကျောက်တည်ခြင်း ဝှေးစေ့ရောင်ခြင်း (Orchitis) သုက်ပို့ပြွန်မှာ ရေအိတ်တည်ခြင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

ဒီဘက်ခေတ် အမျိုးသားအများစုနဲ့ မစိမ်းကြတဲ့အထဲမှာ ကြာဆေးလည်း အပါအဝင်ပါပဲ။ ကြာဆေးဆိုတာ အမျိုးသားတွေရဲ့ လိင်တံအတွင်း သွေးစီးဆင်းနှုန်းအားကောင်းစေပြီး ထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုဆေးမဆို အကျိုးအာနိသင်အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်ဆိုတာကတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာ အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ ကြာဆေး ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်လဲ ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ် အနေနဲ့ ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကြာဆေး ဆိုသည်မှာ အမျိုးသားတွေရဲ့ ပန်းသေပန်းညှိုးဖြစ်တဲ့ ဝေဒနာကို ကုသပေးတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် သောက်သင့်တဲ့ အားပမာဏကို ချိန်ဆပြီးမှ ပေးရပါတယ်။ အရမ်းများလွန်းတဲ့ ပမာဏဆိုရင် လူနာအတွက် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်နိုင်လို့ပါ။ ကြာဆေးမှာ Sildenafil ဆိုတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ အခုတစ်ခေါက်တော့ ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။ လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်

အမျိုးသမီးတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတယ်လို့ ပြောလို့ရတာကြောင့် ဝမ်းသာစရာပါ။ အမျိုးသားတွေမှာ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင်ရော ဝမ်းသာစရာလား။ မဟုတ်ပါဘူး။ ဒါက စိုးရိမ်စရာပါ။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်နေတာပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့ HCGက အမျိုးသားတွေမှာဆိုရင် ဦးနှောက်အကျိတ် (pituitary tumor)ကြောင့်ပဲဖြစ်ဖြစ် ဝှေးစေ့ကင်ဆာ (testicular tumor)ကြောင့်ပဲဖြစ်ဖြစ်ထွက်တတ်ပါတယ်။ ဒီမှာတော့ ဝှေးစေ့ကင်ဆာမှာ ဟော်မုန်းများတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။ အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင် အရင်ဆုံး ဝှေးစေ့က ဘာလုပ်ပေးတာလဲဆိုတာ ပြောပြပါ့မယ်။ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာရှိပြီး အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်းနဲ့ သုက်ကောင်ကို ထုတ်ပေးပါတယ်။ ဝှေးစေ့ကင်ဆာက ဝှေးစေ့မှာရှိတဲ့ မျိုးပွားဆဲလ်တွေကဖြစ်တာပါ။ ဒီဆဲလ်တွေကနေ HCGကို  ထုတ်နေတာပါ။ ဖြစ်နှုန်းက ၁ရာခိုင်နှုန်းပဲ ရှိပေမယ့် သိထားရင်ကောင်းတာကြာင့် ဆက်လေ့လာကြည့်ရအောင်။ ဘာတွေ ခံစားရမလဲ။ ကင်ဆာကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြတာရှိသလို မပြတာလည်းရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။ တချက်ကတော့ အတွင်းခံဘောင်းဘီတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ အချက်တွေကို သိရှိနားလည်သူ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရောင်းကောင်တာတွေရဲ့ သဘောသဘာဝကြောင့် ရွေးချယ်ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သေသေချာချာစစ်ပေါက်ပေါက် ရွေးချယ်ဝယ်ယူချင်စိတ် ရှိနေရင်တောင်မှ အရောင်းကောင်တာတွေမှာ ရောင်းချပေးနေသူတွေက အမျိုးသမီးငယ်လေးတွေဖြစ်နေတာကြောင့် မေးရမြန်းရမှာ ရှက်ပြီး ကြုံတာကို ဝယ်ဝတ်ဖြစ်ကြတာက အမျိုးသား အများစု ကြုံနေကြပြဿနာဖြစ်ပါတယ်။ နောက်ဆုံးပြဿနာကတော့ အမျိုးသားပီပီ ကြုံသလိုနေတတ်တဲ့အကျင့်တွေကြောင့်လည်း အဆင်ပြေသလိုသာ ဝယ်ဝတ်ကြတဲ့ ပြဿနာဖြစ်ပါတယ်။ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ် ဝတ်ဆင်ဖို့ ဘာကြောင့်လို့အပ်တာလဲ တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး […]


ပန်းသေပန်းညှိုးခြင်း

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

အမျိုးသားတွေကြားထဲက လိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည် ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။ အာသာဖြေခြင်းနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်း လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction – ED) ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ စိတ်ဖိစီးမှုတွေများနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် လိင်အင်္ဂါရောင်ရမ်းရတာလဲ။ များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis) • ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction) • ဆီးပို့ပြွန်ရောင်ခြင်း (Urethritis) • နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism) • ပီရိုးနီးရောဂါ (Peyronie’s […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကုထုံးမလိုဘဲ သဘာဝအတိုင်း ကျားဟော်မုန်းတိုးစေမယ့် နည်းလမ်းများ

ကျားဟော်မုန်း သို့မဟုတ် တက်စတိုစတီရုန်းဟော်မုန်း (Testosterone) ဆိုတာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအရရော ကျန်းမာရေးအရပါ အထောက်အကူအများကြီးပေးနေတဲ့ ဟော်မုန်းတစ်မျိုးပါ။ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သားသန်မာမှု၊ ကိုယ်ခံအားစနစ်ကောင်းစေမှု၊ လိင်စိတ်ဆန္ဒ ထက်သန်စေမှု၊ လိင်အင်္ဂါထောင်မတ်နိုင်စေဖို့နဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ အဓိကကူညီပေးနိုင်ပါတယ်။ ကျားဟော်မုန်းတွေကို အမျိုးသားလိင်တံအောက်မာ ရှိတဲ့ ဝှေးစေ့ ၂လုံးကနေ ထုတ်လုပ်ပေးပါတယ်။ လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်းပမာဏ အဆမတန် တိုးလာပြီး အသက် ၃၀ နောက်ပိုင်းမှာ တဖြည်းဖြည်း နည်းလာပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ရဲ့ ကျားဟော်မုန်းကို မလျော့သွားဘဲ ထိန်းထားနိုင်ဖို့ အမျိုးသားတိုင်းအတွက် အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ ခုဆောင်းပါးမှာတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆရာဝန်နဲ့လည်း သွားပြီးပြရမှာလည်း ရှက်တယ်၊ ကုထုံးကုသမှုလည်း မခံယူလိုဘူးဆိုတဲ့ ဘော်ဒါတွေအတွက် သဘာဝအတိုင်း ကျားဟော်မုန်းကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း