တက်စတိုစထရုန်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အမျိုးသားများ ကြွက်သားထုထည် တောင့်တင်းစေဖို့၊ အရိုးများသိပ်သည်းဆ ကောင်းစေဖို့အပြင် လိင်စိတ်ဆန္ဒကို စေ့ဆောင်မောင်းနှင်ဖို့ အဓိကနေရာက ပါဝင်ပါတယ်။ အရွယ်ရောက်ခါစမှာ တက်စတိုစထရုန်းဟော်မုန်း ထုတ်လုပ်မှုဟာ အမြင့်ဆုံးကို ရောက်လာပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း လျော့ကျသွားပါတယ်။