သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

    တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

    မင်္ဂလာပါ

    Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။

    တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်းတစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချယုံကြည်ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာပြုလုပ်ထားတဲ့ ကျန်းမာရေးစစ်ချက်တွေအရတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် မိမိခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက်အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေစဉ်ဘဝမှာတော့ ပြသနာရှိစေနိုင်ပါတယ် ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ အာသာဖြေခြင်းက စ်တ်နှစ်လိုဖွယ်ရာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ် ။

    အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုမဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါ‌တလေမှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်းရှိနိုင်ပါတယ် ။ ဒါက ယဉ်ကျေးမှု ၊ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မသန့်ဘူး ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စိတ်မသက်သာရင်တော့ စိတ်ချယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ အကြံပြုချင်ပါတယ် ။

    အာသာဖြေခြင်းကို စွဲလမ်းခြင်း

    တချို့လူတွေမှာတော့ အာသာဖြေခြင်းကို အရမ်းစွဲလမ်းတတ်ပါတယ် ။ အာသာဖြေခြင်းတစ်ခုတည်းသီးသန့်အတွက်နဲ့

    • နေ့စဉ်ပြုလုပ်ရမယ့် အလုပ်များ လစ်ဟင်းခြင်း
    • အလုပ်နှင့် ကျောင်းပျက်ခြင်း
    • အရေးကြီး ကိစ္စများ ဖျက်ခြင်း
    • မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်မပေးနိုင်တော့ရင်တော့ အာသာဖြေခြင်းကို စွဲလမ်းလွန်နေပြီလို့ ပြောနိုင်ပါတယ် ။

    ဒါဆိုရင်တော့ ဆရာဝန်တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ် ။ အမူအကျင့်ပြောင်းလဲခြင်းအနေနဲ့

    အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေကတော့

    • စိတ်သောကများ ဖြေလျှော့ခြင်း
    • အိပ်ပျော်စေခြင်း
    • လန်းဆန်းပျော်ရွှင်စေခြင်း
    • အပန်းပြေခြင်း
    • ကြွက်သားများ လျှော့ခြင်း
    • အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်စေခြင်း
    • သင့်လိင်စိတ်ကို အန္တာရယ်ကင်းကင်းနှင့် လျှော့ချနိုင်ခြင်း
    • လိင်ဆက်ဆံမှု ပိုမိုကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ အသေအချာပါပဲ ။

    ဒါ့ကြောင့် အာသာဖြေခြင်းကို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း မိမိကောင်းကျိုးအတွက် ဉာဏ်ရှိသလို အသုံးချပါလို့ ပြောရင်းနိဂုံးချုပ်ပါတယ် ခင်ဗျား။

    ရေးသားသူ – Dr.Aung Kyaw Myint

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 13/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: