ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။
ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီး နှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။
ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတော့ သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ကိုလက်စထရောမြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စထရောများဟာ သွေးကြောတွေထဲမှာ စုပုံလာတတ်ပြီး သွေးကြောများ ကျဉ်းမြောင်းခြင်းကို ဖြစ်စေပါတယ်။
သုတေသီတွေအနေနဲ့ ပန်းညှိုးခြင်းနဲ့ ကိုလက်စထရောများခြင်းအကြား ဆက်စပ်မှုရှိနေတယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေမယ့် ပန်းညှိုးခြင်းကို ကုသတဲ့ဆေးတွေမှာ ကိုလက်စထရောကျဆေးတွေကို ထည့်သွင်းအသုံးပြုဖို့ ကြိုးစားခဲ့ကြပါတယ်။
Statin ဆေးများနဲ့ ပန်းညှိုးခြင်း
Statin ဟာ ကိုလက်စထရောကျစေတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ၂၀၁၇ မှာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ ကိုလက်စထရောကျဆေး atorvastatin နဲ့ ကုသရာမှာ ပန်းညှိုးခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ သုတေသီတချို့ရဲ့ တခြားအယူအဆအရ ကိုလက်စထရောကျခြင်းကြောင့် မဟုတ်ဘဲ သွေးကြောနံရံတွေ ပြန်လည်ကောင်းမွန်လာလို့ ဖြစ်ပါတယ်။
စားသောက်ပုံ၊ ကိုလက်စထရောနဲ့ ပန်းညှိုးခြင်း
အဆီအဆိမ့်များတဲ့ အစားအစာတွေ စားသောက်ခြင်းကြောင့် ကိုလက်စထရော တက်နိုင်ပါတယ်။ တစ်နည်းပြောရရင် သင်စားလိုက်တဲ့ အစားအစာတွေဟာ ပန်းညှိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ စားသင့်တာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အထူးသဖြင့် Mediterranean စားသောက်မှုပုံစံ ဖြစ်ပါတယ်။
Mediterranean စားသောက်မှုပုံစံတွေမှာ အဓိကပါဝင်တဲ့ ပုံစံတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့
ဗီတာမင် B12 ရေရှည်ချို့တဲ့ခြင်းဟာလည်း ပန်းညှိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ပါတဲ့ စားစရာတွေ၊ အားဆေးတွေ စားသောက်သုံစွဲသင့်ပါတယ်။
ပန်းညှိုးခြင်းဖြစ်စေနိုင်တဲ့ အခြားဖြစ်နိုင်ခြေ အကြောင်းအရင်းများကတော့
တချို့သောဆေးဝါးတွေဟာ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးတွေကတော့
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
သင့်အနေနဲ့ ပန်းညှိုးခြင်းပြဿနာကို သိသိချင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပန်းညှိုးခြင်းဟာ နှလုံးရောဂါတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအရင်းကို သေချာစွာ စစ်ဆေးသင့်ပါတယ်။
ပန်းညှိုးခြင်းကို ရောဂါရှာဖွေနိုင်ဖို့ စမ်းသပ်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ကျားဟော်မုန်းစစ်ဆေးခြင်းလို ဓာတ်ခွဲစစ်ဆေးခြင်းလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကိုလက်စထရောမြင့်တက်ခြင်းက ဘာလက္ခဏာမှ မပြပါဘူး။ ဒါကြောင့် ကိုလက်စထရောပမာဏကို သိရအောင် သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။
ကုသမှုနည်းလမ်းများ
ပန်းညှိုးခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နေ့စဉ် နေထိုင်မှုပုံစံရော ဆေးဝါးကုသခြင်းတွေပါ အကျုံးဝင်ပါတယ်။ ပါဝင်တဲ့နည်းလမ်းတွေကတော့
နိဂုံး
သုတေသီတွေအနေနဲ့ ကိုလက်စထရောမြင့်တက်ခြင်းဟာ ပန်းညှိုးခြင်းကို တိုက်ရိုက်ဖြစ်စေသလား မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဆက်စပ်မှု ရှိနေတာတော့ သေချာပါတယ်။ ဒါကြောင့် လိင်တံထောင်မတ်ခြင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေသူများဟာ ကိုလက်စထရောကျစေမယ့် နေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံတွေကို ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ ရေရှည်မှာ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။