အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဝေဒနာ တွေကို လူအများအပြား ကြုံဆုံရတတ်ပါတယ်။ ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အမျိုးသားတွေဟာ ဒီလို စိတ်ဝေဒနာမျိုးတွေ တွယ်ငြိလာချိန်တွေမှာ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟဖို့၊ ကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားလှတာဖြစ်ပါတယ်။ အမျိုးသားတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရချိန်မှာ ထုတ်ဖော်ဖွင့်ဟဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ အချက် ၁၃ ချက် ရှိတာကို သိရှိရပါတယ်။ အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။   https://hellosayarwon.com/healthy-mind/stress-management/about-stress/ အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရကြောင့် ဘာကြောင့် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အမျိုးသား တွေ ဘယ်လိုပဲ သန့်ပြန့်နေအောင် စမတ်ကျကျနေတတ်သူ ဖြစ်ပါစေ၊ သိပ်မကြာခင် မျက်နှာအဆီပြန်လို့ တစ်ရှူးနဲ့သုတ်လိုက်၊ မျက်နှာသစ်လိုက် လုပ်ရတော့တာပဲလား။ အဆီပြန်ခြင်း ဆိုတာ ယောကျာ်းလေး၊ မိန်းကလေးမရွေး အတော်စိတ်ညစ်ရတဲ့ အသားအရေ ပြဿနာပါ။ အမျိုးသား တွေ ဘာလို့ အဆီပိုပြန်တာလဲ အမျိုးသားတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်ပါတယ်တဲ့။ ဘာကြောင့်လဲ… အရေပြားအောက်မှာ sebaceous glands လို့ ခေါ်တဲ့ ဂလင်းတွေ ရှိပါတယ်။ ဒီဂလင်းတွေက sebum လို့ခေါ်တဲ့ သဘာဝအဆီ နဲ့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ အမျိုးသား တွေမှာ ယောကျာ်းသွင်ပြင် ခန္ဓာကိုယ်အချိုးအစား ဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ ဟော်မုန်းတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် DHT ပမာဏများလာရင် sebum ထုတ်လုပ်မှု လွန်ကဲပြီး အသားအရေမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ! “ဆရာရေ...ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်...ဘယ်လောက်မှတောင်မကြာလိုက်ဘူး...” “ဆရာရေ... ကျွန်တော်က စိတ်လှုပ်ရှားတတ်တယ်...တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး....” အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကို သုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ .......... သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စ အစ စောစော […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး တွေက ဘာတွေလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ (အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ခွန်အားဖြစ်စေတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။ ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ […]


လိင်တံပြဿနာများ

ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ ထိပ်အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ ထိပ်အရေပြား ကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။ အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးသွားပါမယ်။ ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ အကယ်လို့ မဖြတ်ချင်ဘူး၊ မွေးရာပါအတိုင်းပဲ […]


လိင်တံပြဿနာများ

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာစရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ကြည့်လိုက်စို့နော်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတာမျိုး မလုပ်ခြင်း ရေမချိုး၊ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအစားအစာတွေ စားပေးရမလဲ

ကျန်းမာသန်စွမ်းမှု၊ ခွန်အားကြီးမားမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုဟာ အမျိုးသားတစ်ယောက်အတွက် တန်ဖိုးရှိလှတဲ့ ဂုဏ်ပုဒ်တွေဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းပြီး ဘာမဆို စွမ်းဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဘယ်လောက်တောင် Sexy ကျလိုက်သလဲနော်။ မိန်းမတွေရဲ့ ကောင်းခြင်း ၅ ဖြာရှိသလို ကျန်းမာ၊ ကြံ့ခိုင်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိတာကလည်း အမျိုးသားတွေအတွက် ကောင်းခြင်း မင်္ဂလာတွေပါပဲ။ ကိုယ်ကာယ ကြံ့ခိုင်ဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ဆိုတာက ဒီအတိုင်း ထိုင်နေရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ဖို့၊ အသိပညာဗဟုသုတတွေ လေ့လာနေဖို့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မှီဝဲနေဖို့လည်း လိုအပ်ပါသေးတယ်။ ဘယ်လောက် လေ့ကျင့်ခန်းတွေလုပ်ပြီး ဘယ်လောက် ဗဟုသုတတွေလေ့လာတယ်ပြောပြော အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ မျှတအောင် မမှီဝဲဘူးဆိုရင် ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးနဲ့ လွဲချော်မှာဖြစ်သလို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာဖို့လည်း မရှိပါဘူး။ ဒါဆို အမျိုးသားတစ်ယောက် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်လာအောင် ဘယ်လိုအစားအစာတွေ မှီဝဲရမလဲ။ ဆက်ပြီးလေ့လာကြည့်ရအောင် […]


ပန်းသေပန်းညှိုးခြင်း

ပန်းညှိုးခြင်းပြဿနာ ကို ဘယ်လိုဖြေရှင်းမလဲ

ပန်းညှိုးခြင်း (သို့) အမျိုးသားများ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ ပန်းညှိုးခြင်းပြဿနာ ဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ အဓိကကျကြောင်း သုတေသီတချို့က ဆိုပါတယ်။ ရောဂါအခံတွေ၊ ဆေးဝါးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ ပန်းညှိုးခြင်းပြဿနာ ကို ဖြေရှင်းနိုင်ဖို့ နှလုံးကျန်းမာရေး ထိန်းသိမ်းခြင်း နှလုံးနဲ့ သွေးကြောအဖွဲ့အစည်း လုပ်ဆောင်နိုင်မှု အားနည်းခြင်းဟာ အမျိုးသားများ လိင်တံထောင်မတ်ရာမှာ အရေးကြီးတဲ့ သွေးရောက်ရှိမှုကို လျော့နည်းစေပါတယ်။ နှလုံးရောဂါအခံရှိသူ အမျိုးသားများဟာ နောင်မှာ လိင်တံထောင်မတ်နိုင်မှု ချို့ယွင်းနိုင်ခြေ များပါတယ်။ ပန်းညှိုးခြင်းပြဿနာ နဲ့ ဆက်နွယ်နေတဲ့ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတာတွေကတော့ ဆေးလိပ်သောက်ခြင်း အရက် အလွန်အကျွံသောက်ခြင်း ကိုယ်အလေးချိန်များခြင်း ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း စတာတွေ ဖြစ်ပါတယ်။ တက်စတိုစထရုန်းပမာဏ မြှင့်တင်ခြင်း အမျိုးသားများအတွက် အရေးကြီးတဲ့ တက်စတိုစထရုန်းပမာဏ နည်းပါးရင်လည်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့

အမျိုးသားအများစုဟာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းတွေ ရှာဖွေကြပါတယ်။ မိမိမှာ ပြဿနာအခံရှိလို့ ရှာဖွေခြင်းဖြစ်နိုင်သလို မိမိကြင်ဖော်ကို ပိုမိုပျော်ရွှင်ကြည်နူးရအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆေးမျိုးစုံ သုံးစွဲကြသလို နည်းလမ်းအချို့ကို အချင်းချင်းလက်ဆင့်ကမ်းပြီး ကျင့်သုံးကြပါတယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ အမျိုးသားများရဲ့  လိင်တံကျန်းမာရေးက သွေးလည်ပတ်မှုနဲ့ သွေးပေါင်ချိန်ပေါ် မူတည်နေပါတယ်။ အခြေခံကျကျပြောရမယ်ဆိုရင် လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေဟာ နှလုံးကျန်းမာရေးအပေါ် မူတည်နေပါတယ်။ အခုဖော်ပြမှာကတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်စေဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် ရေရှည်မှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းများ ၁။ တက်ကြွလှုပ်ရှားပါ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် Cardio ကခုန်ခြင်းဆိုတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများဟာ နှလုံးကြွက်သားတွေကို သန်မာစေတာကြောင့် အမျိုးသားများရဲ့ လိင်အင်္ဂါအဖွဲ့အစည်းဆီ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစထရုန်း၏ အကျိုးကျေးဇူးများ

တက်စတိုစထရုန်းဆိုတာဟာ အမျိုးသားများရဲ့ ဝှေးစေ့က အဓိကထုတ်လုပ်တဲ့ဟော်မုန်းဖြစ်ပြီး အမျိုးသမီးတွေရဲ့ သားဥအိမ်နဲ့ အဒရီနယ်ဂလင်းကနေလည်း ထုတ်လုပ်ပါတယ်။ အမျိုးသားများ ဖွံ့ဖြိုးကြီးထွားရေးနဲ့ ယောကျာ်းပီသရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။ တက်စတိုစထရုန်းထုတ်လုပ်မှုဟာ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ခါစမှာ အများဆုံးထုတ်လုပ်ပါတယ်။ အရွယ်ရောက်ပြီးရင်တော့ တဖြည်းဖြည်းကျဆင်းသွားပါတယ်။ တက်စတိုစထရုန်းဟာ အောက်ပါကိစ္စရပ်တွေအတွက် အထူးအရေးပါပါတယ်။ - ကြွက်သားများနှင့် အရိုးများတောင့်တင်းမှု - မျက်နှာပြင်နှင့် ဆီးခုံအမွေးအမျှင်များ - အသံကြီးလာခြင်း - လိင်မှုဆန္ဒ - စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေး - မှတ်ဉာဏ်နှင့် အတွေးအခေါ်ပိုင်း ခန္ဓာကိုယ်ပေါ်ကို တက်စတိုစထရုန်းနရဲ့ အကျိုးပြုပုံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁။ နှလုံးနှင့််သွေးကြောများဆိုင်ရာကိစ္စများ တက်စတိုစထရုန်းဟာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥဆဲလ်တွေထုတ်လုပ်ရာမှာ ပါဝင်ကူညီပါတယ်။ တက်စတိုစထရုန်းနည်းနေခြင်းဟာ နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ သုတေသနတချို့အရ နှလုံးရောဂါရှိပြီး တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်း ခံယူခဲ့သူ အမျိုးသားများမှာ ရောဂါအခြေအနေ သက်သာတိုးတက်မှုရှိကြောင်း သိရပါတယ်။ လူတချို့ဆိုရင် ၃၃ ရာခိုင်နှုန်းခန့် အကွားအဝေးပိုပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း