အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား

အမျိုးသားတွေအသက်ကြီးလာလေ လိင်ဆက်ဆံဖို့စိတ်မဝင်စားလေ ဖြစ်တတ်သလားဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပါ့မယ်။ အရင်ဆုံးပြောချင်တာက သဘာဝကိုလွန်ဆန်လို့မရဘူးဆိုတာပါပဲ။ လူဖြစ်ဖြစ်၊ သက်မဲ့ပစ္စည်းဖြစ်ဖြစ် အချိန်ကြာလာရင် ဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းသွားတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းပြီး ကြံ့ခိုင်သူဖြစ်နေပါစေ၊ အချိန်တန်တော့လည်း ဇရာကို အရှုံးပေးရမှာပဲမဟုတ်လား။ ဒီလိုပဲလေ၊ အမျိုးသားတွေရဲ့ ဆန့်ကျင်ဖက်လိင် အပေါ်စိတ်ဝင်စားမှု၊ လိင်ဆက်ဆံလိုမှု ဆိုတာတွေလည်း အသက်ကြီးလာလေ တဖြည်းဖြည်း လျော့နည်းသွားတတ်တဲ့ သဘောရှိတယ်။ ဒါလည်း သဘာဝကျပါတယ်။ ဘယ်သူမှတော့ သက်တမ်းတလျှောက်လုံး လိင်စိတ် ပြည့်ဝနေတယ် ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ (သဘာဝလည်းမကျပါဘူး)။ အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အခြေအနေကို အသက်အရွယ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ အသက် ၂၀ လောက်မှာဆို လူပျိုဖော်ဝင်စဆိုတော့ ပုံမှန်ထက်လည်း တက်ကြွနေမယ်၊ ကျား/မ ကိစ္စတွေကိုလည်း စိတ်ဝင်စားနေပြီး လက်တည့်စမ်းချင်စိတ်လည်း ရှိနေနိုင်တယ်။ တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားတွေ […]


လိင်တံပြဿနာများ

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ လိင်တံ ထိပ်ဖူးရောင်ရမ်းခြင်း ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ

World health rankingရဲ့  ၂၀၁၈ ဒေတာတွေအရ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား တွေရဲ့ သက်တမ်းက ၆၄.၆နှစ်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသက်က ၆၈.၉နှစ် ဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တယ်လို့ ပြောလို့ရတာပေါ့။  မျိုးရိုးဗီဇအရ ဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးကျန်းမာကြပါတယ်။ ရောဂါတစ်ခုအကြောင်းကို သင်ကြားတဲ့အခါ ဘယ်သူတွေမှာ အဖြစ်များလဲလို့ ကြည့်လိုက်ရင်လည်း အမျိုးသားတွေဆီမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကမ္ဘာမှာ အသေအပျောက်အများဆုံး ရောဂါ ၁၅ခုကို ကြည့်လိုက်မယ်ဆိုရင်လည်း အယ်ဇိုင်းမားကလွဲပြီး ကျန်တဲ့ရောဂါတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကဲ ..... အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ နောက်ထပ်တစ်ခုက အမျိုးသားတွေရဲ့ ကျန်းမာရေးအပေါ်ခံယူချက်ပါ။ အမျိုးသမီးတွေကတော့ တစ်ခုခုဆို စိုးရိမ်တတ်ကြတယ်။ […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားလေးအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ကြီးဆေးထိုး ၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။ ကြီးဆေးထိုး ခြင်း ပြဿနာ တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်ပြုဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်

ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဟာ ဘာလို့ အရေးကြီးတာလဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို […]


ပန်းသေပန်းညှိုးခြင်း

အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး

အမျိုးသားတွေ ဖွင့်ဟပြောဆိုရမှာ ရှက်တဲ့ ကိစ္စထဲမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ခဏလေးနဲ့ ပျော့သွားတတ်တဲ့ သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်ပါလိမ့်မယ်နော်။ လိင်အင်္ဂါ ကြာကြာ မာစေဖို့အတွက် အခု ဖော်ပြမယ့် အစားအစာလေးတွေကို နေ့စဉ် စားရင်း ကြိုးစားကြည့်နိုင်ကြပါပြီ။ အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး အကြောင်း လေ့လာလိုက်ပါဦးနော်။ အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်တွေကတော့ (၁) ကော်ဖီ ကော်ဖီ တစ်ခွက်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့် ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။ ဒါ့ပြင် အဆီသိုလှောင်မှုတွေကို ဖြိုခွဲပေးပြီး စွမ်းအင်ကို […]


ပန်းသေပန်းညှိုးခြင်း

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါ ကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။ သေချာတာကတော့ အမျိုးသားထုကြီးဟာ ဖွားဖက်တော် သန်စွမ်းမာကျောနေစေဖို့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုနေကြတယ်ဆိုတာပါပဲ။ Viagra၊ Cialis၊ Levitra စတဲ့ ဆေးဝါးတွေကို ကုန်ကျစရိတ်ကို မကြည့်ဘဲ အင်တိုက်အားတိုက် ဝယ်ယူသုံးစွဲနေကြတာပါ။ ဒါပေမယ့် …. ဟုတ်ပါတယ် ဒါပေမယ့်ဆိုတဲ့ ချွင်းချက်က ရှိနေပါသေးတယ်။ ဒီဆေးဝါးတွေဟာ ကိုကိုတွေ၊ ဦးဦးတွေရဲ့ လိင်အင်္ဂါကို အမြဲတမ်း သန်စွမ်းထောင်မတ်နေစေနိုင်မှာမဟုတ်သလို၊ သုံးမိသူတိုင်းကိုလည်း အစွမ်းထက်စေမှာ မဟုတ်တာကို သိထားဖို့ လိုပါမယ်။ စစ်တမ်းတွေအဆိုရင် လိင်တံတောင်မတ်ဖို့ ဆေးသုံးစွဲကြတဲ့ အမျိုးသားထုကြီးရဲ့ ၃၀% ကနေ ၄၀% သောလူတွေဟာ အဲ့ဒီဆေးတွေကို မှီဝဲပေမယ့်လည်း အစွမ်းမထက်လာကြတာကို ကြုံဆုံရလေ့ရှိပါတယ်။ လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ ဒီလိုဆိုရင်တော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဒီတစ်ခေါက်တာ့ အမျိုးသားတိုင်း ကျန်းမာနေစေဖို့ ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ အစားအသောက်က နေ့စဉ် လှုပ်ရှားသွားလာနိုင်စေဖို့ တင်မဟုတ်ဘဲ ရောဂါတွေကို တိုက်ဖျက်ပြီး ပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ အကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ ဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမယ့် အစားအစာတွေထဲမှာ သစ်သီး ၂ ပန်းကန်လုံးစာ နဲ့ ဟင်းသီးဟင်းရွက် ၂ ပန်းကန်လုံးစာလောက် ပါဖို့လိုပါမယ်။ ဒါမှ တစ်နေ့တာ လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ် နဲ့ phytochemicals တို့ လုံလောက် ပြည့်ဝစွာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အစားအသောက်က စွမ်းအားပေးတယ် ဆိုတာထက်ပိုပါတယ်။ နေ့စဉ် စားသုံးမှုက ရောဂါတွေကို တိုက်ဖျက်ပေးသလို သန်စွမ်းကျန်းမာမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စားလိုက်တိုင်း ကျန်းမာရေးနဲ့ သင့်တော်တာမဟုတ်ဘူးဆိုတော့ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေကို အဓိကထား စားကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ အကြောင်း လေ့လာကြည့်ရအောင်လား ! အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေ စားကြမလဲ........... အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ ကတော့ အနီရောင်အသား အဆီမပါဖို့တော့ သတိထားရပါမယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပရိုတင်း ပိုမိုစားသုံးကြသလို သူတို့က ပရိုတင်း လိုအပ်ချက်လည်း ပိုမြင့်ပါတယ်။ ကြွက်သားတက်ဖို့ကစလို့ သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့အရပ်အမြင့် ရစေဖို့လည်း ပရိုတင်းကို လိုအပ်မှာပါ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အဆီပါဝင်မှုမရှိတဲ့ အနီရောင်အသားကို တစ်ပတ်ကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း

ယောကျ်ားလေးများ ဟာ အသက် ဆယ်နှစ်ကျော် အရွယ်မှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးကြီးထွား လာတတ်ကြတာ မိဘဆွေမျိုးများက အံ့အားသင့်ရတဲ့ အထိပါပဲ။ အသက် ၁၆ နှစ်လောက်မှာတော့ ယောကျ်ားလေး အများစုရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ရပ်တန့် သွားတတ်ပါတယ်။ တချို့ကတော့ ဆက်လက် ကြီးထွားပါသေးတယ်။ လူပျိုဖော်ဝင်ခြင်း ယောကျ်ားလေးများဟာ လူပျိုဖော်ဝင်စ အချိန်မှာ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်လာတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ကတော့ တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရဲ့ အရပ်ဟာ တစ်နှစ်တာမှာ ၃ လက်မ (၇.၆ စင်တီမီတာ)ခန့် ရှည်လာတတ် ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရှည်ထွက်လာတဲ့ အရပ်ဟာ အရွယ်ရောက်ပြီးချိန်မှာ ရှိတဲ့ အရပ်အမောင်းရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တယ်လို့ သုတေသနစာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။ အရပ်အမောင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင်သလား မိဘ နှစ်ဦးစလုံးဆီက မျိုးရိုးဗီဇဟာ ကလေးတွေရဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း