backup og meta

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

    အစားအသောက်က စွမ်းအားပေးတယ် ဆိုတာထက်ပိုပါတယ်။ နေ့စဉ် စားသုံးမှုက ရောဂါတွေကို တိုက်ဖျက်ပေးသလို သန်စွမ်းကျန်းမာမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စားလိုက်တိုင်း ကျန်းမာရေးနဲ့ သင့်တော်တာမဟုတ်ဘူးဆိုတော့ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေကို အဓိကထား စားကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ အကြောင်း လေ့လာကြည့်ရအောင်လား !

    အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

    အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေ စားကြမလဲ……….. အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ ကတော့

    အဆီမပါဖို့တော့ သတိထားရပါမယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပရိုတင်း ပိုမိုစားသုံးကြသလို သူတို့က ပရိုတင်း လိုအပ်ချက်လည်း ပိုမြင့်ပါတယ်။ ကြွက်သားတက်ဖို့ကစလို့ သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့အရပ်အမြင့် ရစေဖို့လည်း ပရိုတင်းကို လိုအပ်မှာပါ။

    ဒါကြောင့် အမျိုးသားတွေအနေနဲ့ အဆီပါဝင်မှုမရှိတဲ့ အနီရောင်အသားကို တစ်ပတ်ကို ၃ ကြိမ်လောက် စားသုံးပေးဖို့လိုပါမယ်။

    ချယ်ရီသီးက စားရတာ အရသာရှိသလို ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ချယ်ရီသီးမှာပါတဲ့ဓာတ်တွေက နာကျင် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
    ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို ချယ်ရီသီး ၁၀ လုံးခန့် စားပေးသင့်ပါတယ်။
    ချောကလက်မှာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်များစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်။
    အမျိုးသားတစ်ဦးအနေနဲ့ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့ကို ချောကလက် တစ်အောင်စ စားသုံးပေးသင့်ပါတယ်။

    ဂဏန်း၊ ခရု၊ ကမာ စတာတွေက အဆီပါဝင်မှု၊ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး၊ ပရိုတင်း ပါဝင်မှု မြင့်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဇင့်ဓာတ် ပါဝင်နေပါတယ်။

    အမျိုးသားတစ်ဦးအနေနဲ့ ဇင့်ဓာတ်ကို တစ်နေ့တာမှာ ၃ အောင်စလောက် စားသုံးသင့်ပါတယ်။ ဒါမှ သုက်ပိုးတွေ ကျန်းမာမှာ ဖြစ်သလို ကျားဟော်မုန်းလည်း တိုးစေမှာပါ။ ဆီးကျိတ် ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။

    ထောပတ်သီးက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာ တစ်ခုပါ။ ထောပတ်သီးက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ omega 3 fatty acid ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    အမျိုးသား အများစုဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြရပါတယ်။ ဒီအခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဆယ်လ်မွန်၊ ဆာဒင်းတို့လိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကို ပုံမှန် စားသုံးဖို့လိုပါမယ်။
    လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီနာကျင်နေတဲ့ ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေဖို့ဆိုရင် နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ ချင်း ကို စားပေးသင့်ပါတယ်။
    ချင်း (ဂျင်း) ကသဘာဝ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်ပြီး ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
    ဒါတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ အုတ်ဂျုံ၊ ဘယ်ရီသီး၊ အစေ့အဆန်တွေကိုလည်း ပုံမှန်လေး စားသုံးပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement