အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။
ထွက်မှာ သေချာပြီလား။
အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။
သေချာတာကတော့ အမျိုးသားထုကြီးဟာ ဖွားဖက်တော် သန်စွမ်းမာကျောနေစေဖို့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုနေကြတယ်ဆိုတာပါပဲ။ Viagra၊ Cialis၊ Levitra စတဲ့ ဆေးဝါးတွေကို ကုန်ကျစရိတ်ကို မကြည့်ဘဲ အင်တိုက်အားတိုက် ဝယ်ယူသုံးစွဲနေကြတာပါ။
ဒါပေမယ့် …. ဟုတ်ပါတယ် ဒါပေမယ့်ဆိုတဲ့ ချွင်းချက်က ရှိနေပါသေးတယ်။ ဒီဆေးဝါးတွေဟာ ကိုကိုတွေ၊ ဦးဦးတွေရဲ့ လိင်အင်္ဂါကို အမြဲတမ်း သန်စွမ်းတောင်မတ်နေစေနိုင်မှာမဟုတ်သလို၊ သုံးမိသူတိုင်းကိုလည်း အစွမ်းထက်စေမှာ မဟုတ်တာကို သိထားဖို့ လိုပါမယ်။
စစ်တမ်းတွေအဆိုရင် ဆေးသုံးစွဲကြတဲ့ အမျိုးသားထုကြီးရဲ့ ၃၀% ကနေ ၄၀% သောလူတွေဟာ အဲ့ဒီဆေးတွေကို မှီဝဲပေမယ့်လည်း အစွမ်းမထက်လာကြတာကို ကြုံဆုံရလေ့ရှိပါတယ်။
ဒီလိုဆိုရင်တော့ Erectile Dysfunction လို့ခေါ်တဲ့ ပန်းသေခြင်း၊ ပန်းညှိုးခြင်း အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရတဲ့ သဘောမျိုးဖြစ်နိုင်သလို ဆေးမတိုးတာလည်းဖြစ်နိုင်ပါတယ်။ ပန်းသေ၊ ပန်းညှိုးတယ်ဆိုတာကတော့ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေဖို့ မပြုနိုင်တာ (သို့မဟုတ်) ထောင်မတ်နေမှုကို ထိန်းမထားနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လိင်အင်္ဂါကိုနိုးထစေတဲ့ ဆေးဝါးတွေဟာ လူတိုင်းဆီမှာ အာနိသင်ပြစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထီထိုးသလိုပါပဲ။ ကံထူးသူအများစုထဲမှာ ကိုယ်ပါသွားနိုင်သလို ကံဆိုးသူမောင်ရှင်အုပ်စုဝင် အနည်းငယ်ထဲမှာလည်း ကိုယ်ရောက်နေနိုင်ပါတယ်။
လိင်အင်္ဂါမတောင်မတ်တာနဲ့ ပန်းသေ၊ ပန်းညှိုးဆိုပြီး စိတ်ဓာတ်ကျဆင်းပြီး နေကြရတော့မှာလား။ ဒီလိုလည်းမဟုတ်ပါဘူး။ တခြားဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိနေပါသေးတယ်။
တကယ်လို့ ဆေးဝါးတွေ မှီဝဲနေပေမယ့် ကိုယ့်ရဲ့ လိင်အင်္ဂါက အစွမ်းမပြလာဘူးဆိုရင် ဆက်မသုံးပဲ ရပ်တန့်လိုက်သင့်ပါတယ်။ ဟိုဆေးဒီဆေး စမ်းသပ်သုံးစွဲတာဟာ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။
Testosterone Therapy ဟာ Testosterone ချို့တဲ့မှု မဖြစ်စေဖို့ အရေးပါတဲ့ ကုထုံးဖြစ်ပါတယ်။ Testosterone ဟိုမုန်းဟာ ဖွားဖက်တော်ရဲ့ စွမ်းဆောင်ရည်အတွက် အဓိကအကျဆုံး အရာဖြစ်ပါတယ်။ Testosterone Therapy ဟာ ကုသမှုစတင်ပြီး ၃-၄ လအကြာမှာမှ အစွမ်းပြနိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုး တချို့လည်းရှိတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
Penis Pump ဟာ ယာယီ လိင်အင်္ဂါကြီးစေဖို့၊ ထောင်မတ်စေဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းလုပ်ပေးနိုင်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီအရာက လိင်မထောင်မတ်မှုကို ကွဲပြားတဲ့နည်းလမ်းတစ်ခုနဲ့ ပြန်လည် အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် Penis Pump ကြောင့် ထိခိုက်ရှနာဖြစ်တာနဲ့ စိတ်မသက်သာစရာခံစားချက်မျိုးရတာတွေဖြစ်နိုင်တာကို သတိထားဖို့လိုပါတယ်။
လိင်တံကို Erectile dysfunction (ED) drugs တွေ ထိုးထည့်တာဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ကိစ္စကြီးပါ။ ဒါပေမယ့် အကျိုးရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးထားပါတယ်။
Penis implants ဟာ လိင်တံထဲကို တစ်ရှူးစထည့်သွင်းကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးဝါးတွေ မကူနိုင်တဲ့အခါ စဉ်းစားသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ရလဒ်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် လိင်အင်္ဂါခွဲစိတ်မှု တစ်ခုဖြစ်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။
ဒါ့အပြင် စဉ်းစားသင့်တာတစ်ခုရှိပါတယ်။ ဒါကတော့ မဖြစ်ခင်ကကြိုတင်ကာကွယ်တဲ့ ကိစ္စပါ။ ကိုယ်က လိင်မှုကိုစ္စမှာ စွမ်းဆောင်ရည်ကောင်းချင်တယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး အစောကတည်းက ဖွားဖက်တော်ကျန်းမာစေဖို့ ပြင်ဆင်ထားသင့်ပါတယ်။
ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ဆေးဝါးဓာတ်စာတွေ မှီဝဲစရာမလိုပဲ သင့်ရဲ့ ငယ်ပါက သန်စွမ်းနေမှာပါ။
ဒီလိုသာ ကျန်းမာရေးနဲ့ အညီနေထိုင်သွားမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်တွေမှာတောင် လိင်တံထောင်မတ်မှုကို ထိန်းထားစေနိုင်ပြီး ပုံမှန် အလုပ်လုပ်စေနိုင်မှာဖြစ်ပါတယ်။
“Couch Potato” ဆိုတဲ့ ထိုင်ရာကမထ ပျင်းရိလေးတွဲစွာနေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံမျိုးနဲ့ နေထိုင်မယ်ဆိုရင်တော့ အသက်မကြီးခင်ကတည်းက လိင်တံထောင်မတ်မှု ပြဿနာ ဖြစ်လာနိုင်ပြီး ဆေးဝါးတွေလည်း အမြဲကူနေနိုင်မှာမဟုတ်ပါဘူး။
ဒီလိုဖြစ်ပြီဆိုရင် သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေမှာမို့ အိမ်ထောင်ရေးပြဿနာတွေလည်း ကြုံရနိုင်တာမို့ သတိထားသင့်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://blogs.webmd.com/mens-health/20200312/erectile-dysfunction-5-tips-when-pills-dont-work
https://blogs.webmd.com/mens-health-office/2016/12/10-things-that-can-affect-erections.html
https://www.webmd.com/erectile-dysfunction/how-an-erection-occurs
http://www.mayoclinic.org/diseases-conditions/erectile-dysfunction/basics/definition/con-20034244