(၅) ဆယ်မွန်
အိုမီဂါ3 ဖက်တီးအက်ဆစ်တွေ ပါဝင်တဲ့အတွက် သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။ ဆယ်မွန်၊ တူနာနဲ့ ပင်လယ်ငါးတွေကို တစ်ပတ်၂ ကြိမ်ခန့် စားပေးသင့်ပါတယ်။
(၆) ဝက်သား
ဝက်သားတွင် ဗီတာမင် B1 ကြွယ်ဝတဲ့အတွက် သင့်အာရုံကြောဆဲလ်တွေကို အားကောင်းစေပါတယ်။ ဝက်သားကို စားခြင်းဖြင့် သုက်ပိုးတွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဝက်သား မစားသူများအနေနဲ့ ပဲအမျိုးမျိုးနှင့် ဂျုံကြမ်းပေါင်မုန့်ကို စားနိုင်ပါတယ်။
(၇) ချယ်ရီသီး
ချယ်ရီသီးတွေ မှာပါတဲ့ anthocyanin ဆိုတဲ့ဓာတ်ဟာ သွေးကြောများအတွင်း အဆီပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ချယ်ရီသီးအစား မက်မွန်သီးနဲ့ ဆီးသီးများကိုလည်း စားနိုင်ပါတယ်။
(၈) ကြက်သွန်နီ
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွင် ပါဝင်တဲ့ Allicinဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးကြောတွင်း အဆီခဲပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
(၉) ဝိုင်
ဝိုင် အထူးသဖြင့် ဝိုင်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Resveratrol ပါဝင်တဲ့အတွက် သွေးကြောတွေကို အားကောင်းစေပါတယ်။ Resveratrolဟာ Nitric Oxideကို ထုတ်ပေးပါတယ်။ ဒါဟာ အမျိုးသား စွမ်းဆောင်ရည် မြင့်မားစေဖို့ သောက်လေ့ရှိတဲ့ Viagraဆေးရဲ့ စွမ်းဆောင်ပုံနဲ့ တူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်နီကို ၂ ဖန်ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။
(၁၀) Oatmeal
သွေးကြောတွေကို ချောမွေ့စေပြီး လှုပ်ရှားရ လွယ်ကူစေပါလိမ့်မယ်။ ဒ့ါအပြင် အာဟာရ ပြည့်ဝနေစေပါတယ်။
ရေးသားသူ – Dr Rose
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။