backup og meta

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဒီတစ်ခေါက်တာ့ အမျိုးသားတိုင်း ကျန်းမာနေစေဖို့ ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ အစားအသောက်က နေ့စဉ် လှုပ်ရှားသွားလာနိုင်စေဖို့ တင်မဟုတ်ဘဲ ရောဂါတွေကို တိုက်ဖျက်ပြီး ပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ အကြောင်း ပြောပြပေးချင်ပါတယ်။

    အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

    အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ ဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမယ့် အစားအစာတွေထဲမှာ

  • သစ်သီး ၂ ပန်းကန်လုံးစာ နဲ့ ဟင်းသီးဟင်းရွက် ၂ ပန်းကန်လုံးစာလောက် ပါဖို့လိုပါမယ်။ ဒါမှ တစ်နေ့တာ လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ် နဲ့ phytochemicals တို့ လုံလောက် ပြည့်ဝစွာ ရရှိမှာပါ။
  • ကောက်နှံ၊ ထမင်း၊ ဂျုံ စတာတွေကိုလည်း သင့်တင့်အောင် စားသုံးပေးရပါမယ်။ ပြုပြင်ထားတာတွေထက် သဘာဝအတိုင်း ဖြစ်နေတာမျိုးကို အဓိကထားရွေးချယ်စေချင်ပါတယ်။ ပေါင်မုန့်အဖြူ အစား ဂျုံကြမ်းပေါင်မုန့်ကို ရွေးတာမျိုးပေါ့။ ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေကိုလည်း စားသုံးပေးလို့ရပါတယ်။
  • သက်လတ်ပိုင်း အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၃၈ ဂရမ်ထက်မနည်း စားပေးရပါမယ်။ အသက် ၅၀ အထက်ဆိုရင်တော့ တစ်နေ့တာကို အမျှင်ဓာတ် ၃၀ ဂရမ်ထက် မနည်းစားရပါမယ်။ ဒါမှ အစာခြေစနစ် ကျန်းမာပြီး အူမကြီးကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေနိုင်မှာပါ။
  • အမျိုးသားအများစုကို အသက်ဆုံးရှုံးစေတဲ့ နှလုံးရောဂါ အန္တရာယ်ကို ကာကွယ်ဖို့ တစ်ပတ်ကို ငါး ၂ ကြိမ် ကနေ ၃ ကြိမ်အထိစားပေးပါ။
  • အချိုဓာတ်ကဲ၊ အဆီဓာတ်ကဲတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အချိုပွဲတွေကို တတ်နိုင်သမျှ မစားပါနဲ့။ အဆီထုတ်နို့၊ အချိုမပါတဲ့ ဒိန်ချဉ် စတာတွေကို စားသုံးပေးပါ။
  • အမျိုးသားတစ်ဦးရဲ့ တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်က ၃၄၀၀ မီလီဂရမ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး နဲ့ နို့၊ နို့ထွက် ပစ္စည်းတွေ စားသုံးပေးဖို့ မမေ့ပါနဲ့။
  • အင်အားပြည့်ဝနေစေဖို့ ဘာတွေ စားရမလဲ………..

    အမျိုးသားတွေက အမျိုးသမီးတွေထက် ကြွက်သားဖွဲ့စည်းမှု ပိုကြီးပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကယ်လ်လိုရီ လိုအပ်ချက်ကလည်း ပိုများနိုင်ပါတယ်။ တစ်နေ့တာရဲ့ ပုံမှန်လှုပ်ရှားမှုအတွက် အမျိုးသားတစ်ဦးဟာ ကယ်လ်လိုရီပမာဏ ၂၂၀၀ ကနေ ၂၈၀၀ အထိ လိုအပ်ပါမယ်။ အမျိုးသားတစ်ဦးရဲ့ စွမ်းအင်လိုအပ်ချက်က သူတို့ရဲ့ အရပ်အမြင့်ကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုတွေအပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။

    အင်အားပြည့်ဝနေစေဖို့ နဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် အမျိုးသားတစ်ဦးအနေနဲ့ ဂျုံကြမ်း၊ ပေါင်မုန့်၊ ထမင်း၊ ဆန်လုံးညို၊ cereal၊ အုတ်ဂျုံ၊ ဘာလီ၊ ပဲအမျိုးမျိုး၊ ပဲနီလေး၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင် စားသုံးဖို့လိုပါမယ်။ ဒီအစားအစာတွေက အမျှင်ဓာတ်ပါဝင်မှု မြင့်မားသလို အဆာခံနိုင်စေပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီး ကင်ဆာတွေ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ပရိုတင်း လိုအပ်ချက်ကို ဘယ်လိုဖြည့်မလဲ……….

    အမျိုးသားတွေက အမျိုးသမီးတွေထက် ပရိုတင်း လိုအပ်ချက် မြင့်နိုင်ပါတယ်။ နောက်တစ်ချက်က ပရိုတင်းဖြည့်တင်းတဲ့အခါ အဆီမပါတဲ့ ပရိုတင်းက အဆင်အပြေဆုံးပါ။ ဒါကြောင့် ပရိုတင်း လိုအပ်ချက် ပြည့်မီစေဖို့ အဆီမပါတဲ့ အနီရောင်အသား၊ ပင်လယ်စာတွေ၊ အပင်ကနေရတဲ့ ပရိုတင်း အရင်းအမြစ်တွေဖြစ်တဲ့ ပဲအမျိုးမျိုးကို စားသုံးပေးလို့ရပါတယ်။

    ပြည့်ဝဆီပါတဲ့ အစားအစာတွေကို မစားပါနဲ့။ ရိုးရိုးနို့အစား အဆီထုတ်နို့ကို သောက်သုံးတာ၊ ဆီကြော်စာအစား ပြုတ်ထားတာမျိုးကို စားသုံးတာမျိုး လုပ်ပေးပါ။ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာလည်း ပြည့်ဝဆီကို ရှောင်နိုင်စေဖို့ သံလွင်ဆီ၊ canola ဆီတို့ကို သုံးပါ။ နှလုံး ကျန်းမာစေဖို့အတွက် အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ထောပတ်သီး စတာတွေကို စားသုံးပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement