အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ..... မယုံမရှိနဲ့နော်။ အရက် သို့မဟုတ် ဘီယာ ခဏခဏသောက်တာ ဆက်တိုက် ဖြစ်လာပြီဆို ကိုယ့်မျက်နှာကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကနဲ့ ဓာတ်ပုံတွေ ပြန်ယှဉ်ကြည့်ပါ။ သောက်ခဲ့တဲ့ ပမာဏ နဲ့ သက်တမ်း ကို မူတည်ပြီး အနည်းဆုံးတော့ အသားအရေ ပိုညစ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် အနေနဲ့ အသားက ပွယောင်းယောင်း ဖြစ်မယ်၊ ဗိုက်လေး စူထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ ရှိရင်းစွဲ အသက်အရွယ် ထက် ပိုရင့်ရော်လာပါမယ်။ အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ဆိုတော့ အရက်ကြောင့် ပေါ့။ အရက် ဆိုတာ ဘီယာ၊ ဝီစကီ၊ ဝိုင် နဲ့ ဗော့ကာ စတဲ့ အယ်လ်ကိုဟော ပါသမျှ သောက်စရာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ်

ကိုယ့်လူတို့ရေ… ကိုယ်အသက်အရွယ်လေး ရလာတဲ့အခါ “သိပ်အရွယ်တင်တာပဲ၊ လူငယ်လေး အတိုင်းပဲနော်” ဆိုတဲ့ မှတ်ချက်စကားကို ကြားချင်သလား။ ဒါမှမဟုတ် ကိုယ့်အသက်လည်း မကြီးသေးဘဲ “ဟယ် ငယ်ငယ်လေးနဲ့ ရုပ်ရင့်လိုက်တာ၊ မထင်ရဘူးနော်” ဆိုတဲ့ စကားမျိုး ကိုယ့်နားထဲ နားဝင်ချိုနိုင်ပါ့မလား။ ဒီလို မကြားချင်ဘူးဆို အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း လေးတွေ လေ့လာထားလိုက်ပါတော့။ အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ် အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း တွေကတော့ (၁) ဗီတာမင် တွေ ပြည့်ဝအောင် စားသုံးပါ အစားမရွေးတတ်တဲ့ ကိုယ့်လူတွေအတွက်တော့ အဆင်ပြေပေမယ့် ဟိုလိုဆို မစား၊ ဒါဆိုလည်း မကြိုက်နဲ့ ကြေးထူတတ်တဲ့ သူတွေအတွက် ရုပ်ပိုရင့်စေမယ့် အချက်ပါ။ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ စတာတွေက အရွယ်တင်နုပျိုစေဖို့ […]


လိင်တံပြဿနာများ

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ...... အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒပြည့်ဝကြတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းပြချက်ကတော့ မြင့်မားလှတဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ မျှော်မှန်းချက်မြင့်မြင့်မားမားထားရှိနေတာမို့ အဲ့ဒီမျှော်မှန်းချက်ကပဲ စိုးရိမ်စိတ်ကို ပြန်ဖြစ်စေတာပါပဲ။ ဒီလိုပြဿနာမျိုးကို အိပ်ရာပေါ်မှာ မကြာခဏ ကြုံဆုံရလေ့ရှိပါတယ်။ ဒီကိစ္စမျိုးက အတွေ့အကြုံရှိသူရော မရှိသူပါ ကြုံရနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါအဆင်ပြေပါ့မလား၊ ပုံမှန်စွမ်းဆောင်ရည်မျိုး ပြနိုင်ပါ့မလားဆိုတာတွေကို တွေးပူရင်း ကိစ္စပြီးမြောက်ဖို့ အခက်တွေ့ကုန်ကြတော့တာပါပဲ။ လိင်ဆက်ဆံရာမှာ အဓိကအကျဆုံး အစိတ်အပိုင်းက ဘယ်အရာလဲလို့ မေးမြန်းတဲ့အခါ လူတိုင်းက လိင်အင်္ဂါအစိတ်အပိုင်းတွေကိုသာ လက်ညှိုးညွှန်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းအရေးအကြီးဆုံးက ဦးနှောက်ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ မောင်းနှင်အားက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ စိတ်အားထက်သန်မှု၊ ယုံကြည်မှုမပြည့်ဝဘူးဆိုရင် သင်စွမ်းဆောင်ချင်သလိုမျိုးဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ရာပေါ်မှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ သိပြီးကြပြီလား ...... သုက်ပိုးဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းမှာ တည်ရှိပါတယ်။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည်နဲ့အတူ သုက်ပိုးတွေပါ ပါသွားပြီး မမျိုးဥနဲ့ ပေါင်းစပ်ကာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသားတစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါသွားပြီး သုက်ပိုး တစ်ကောင်တည်းကသာ မမျိုးဥနဲ့ ပေါင်းစပ်တာပါ။ ဒီဆောင်းပါးမှာတော့ လိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားတဲ့ အလွဲတွေထဲမှာမှ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ကို ပြောပြပေးချင်ပါတယ်။ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ ကတော့ ၁။ သုက်ပိုးဟာ မမျိုးဥဆီသို့ တည့်တည့်ပြေးတဲ့ အလွဲ ယောက်ျားလေးတစ်ယောက် မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ရှိတဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို အပြိုင်ကူးခတ်တာ မှန်ပေမယ့် သုက်ပိုးတိုင်းက တည့်တည့်သွားတာမျိုး မဟုတ်ပါဘူး။ မြွေလိမ်မြွေကောက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံး နိုင်သလား

အမျိုးသမီးတွေကတော့ သဘာဝအရ အသက်၅၀လောက်ဆို သွေးဆုံးသွားကြပါပြီ။ ဒါက အမျိုးသမီးတိုင်း မလွဲမသွေ တွေ့ရတဲ့ ကိစ္စပါ။ အမျိုးသားတွေရော သွေးဆုံးတယ်လို့ ကြားဖူးပါသလား။ သိပ်မရင်းနှီးတော့ အမျိုးသားတွေလည်း သွေးမဆုံးတတ်ဘူးလို့ ထင်မှာပါ။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးကိစ္စမို့လို့ သွေးဆုံးတဲ့အခါ အမျိုးသားတွေ  ဘာတွေခံစားရနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား အမျိုးသမီးတွေမှာ သွေးဆုံးတာက menopauseဆိုရင် အမျိုးသားတွေမှာက andropauseလို့ခေါ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းတွေက ပြောင်းလဲလာပါတယ်။ အမျိုးသားတွေမှာ အသက်၅၀ကျော်လာတာနဲ့အမျှ တက်စတိုစတီရုန်းပမာဏက လျော့နည်းလာပါတယ်။ အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ သူက အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။ […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။ ဝဲခြောက် ယားနာရဲ့ ပုံစံနဲ့ လက္ခဏာတွေ ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပာယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့က ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။ ၁။ ရေချိုးပြီးပြီလား။ တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေများ ဖြစ်မလဲ။ သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ကျန်းမာရေးကို အလေးမထားခြင်း၊ မိမိကိုယ်ကို ဂရုစိုက်ရန်မေ့လျော့နေတတ်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရတတ်တဲ့ အလေ့အထတွေပါ။ ဒီလိုအနေအထိုင်တွေကြောင့် ကျန်းမာရေးဟာ တစ်နေ့တခြား ဆုတ်ယုတ်လာတတ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေကတော့ နှလုံးကျန်းမာရေးနဲ့ သွေးတိုးရောဂါ သွေးပေါင်ချိန်တာ၊ သွေးတိုးရောဂါတွေဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့  စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဆရာဝန်တွေဟာ သင့်ရဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။ ယောကျ်ားလေးတွေမှာ ကျားဟော်မုန်းတွေကြောင့် မိန်းကလေးတွေထက် အမွေးအမျှင်တွေ ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရော၊ မျက်နှာမှာပါ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေ စသဖြင့် ပေါက်ကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို အမွေးအမျှင်တွေ (အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေ) ကို ရိတ်ပြီးတဲ့အခါ အသားခြောက်ခြင်း၊ ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ ချွေးပေါက်ကျယ်ခြင်း စတဲ့ အဖြစ်များပြီး စိတ်အနှောင့်အယှက်အင်မတန်ဖြစ်စေတဲ့ အရေပြားပြသနာတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ဂရုစိုက်ဖို့အတွက် ဘယ်လို aftershave မျိုးကို ရွေးချယ်အသုံးပြုသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ Aftershave ဆိုတာဘာလဲ။ Aftershave ဆိုတာကတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ချိုင်းမွေး စတဲ့ ခန္ဓာကိုယ် တစ်နေရာရာက အမွေးအမျှင်တွေရိတ်ပြီးတဲ့အခါ အသားအရေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ လိမ်းနိုင်တဲ့ gel (သို့) […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)