ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကလေးကိုဗစ်ကာကွယ်ဆေး များ

ကမ္ဘာ့နိုင်ငံတွေမှာ ကလေးတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးတွေ စပြီး ထိုးဖို့ စီစဉ်နေကြပါပြီ။ ဆေးတွေက အသစ်တွေတော့ မဟုတ်ပါဘူး။ လူကြီးတွေမှာ ထိုးတဲ့ဆေးကိုပဲ ကလေးတွေမှာ ပြန်စမ်းပြီး ပြန်ထိုးပေးတာပဲ ဖြစ်ပါတယ်။  လက်ရှိမှာ ထိုးပေးနေတဲ့၊ စမ်းသပ်နေဆဲ ကလေးကိုဗစ်ကာကွယ်ဆေး တွေကို ပြောပြပေးပါမယ်။ ကလေးကိုဗစ်ကာကွယ်ဆေး များ လတ်တလောမှာ ကလေးတွေအတွက် ထိုးလို့ရနိုင်လောက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြပါတယ်။ ဒီထဲကမှ စပြီးသုံးနေတဲ့ ဆေးတချို့ကို မိတ်ဆက်ပေးပါ့မယ်။ Pfizer-BioTech ကိုဗစ်ကာကွယ်ဆေး ဒီဆေးကတော့ WHOရဲ့ Strategic Advisory Group of Experts (SAGE) အဖွဲ့ကနေ အသက် ၁၂နှစ်အထက် ကလေးတွေကို ထိုးဖို့ သင့်တော်တယ်ဆိုတဲ့ မှတ်ချက်ရထားတဲ့ ဆေးပါ။ ခုဆိုရင် US FDAကနေ အသက် ၅-၁၁နှစ်ကြား ကလေးတွေအတွက် အရေးပေါ် […]


ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးက ဖျားနေတာ အအေးမိတာလား ..... တုပ်ကွေးလား ...... ကိုဗစ်လား .......

ကိုယ်တိုင် ဖျားနာမှုထက် ဘေဘီလေးတွေရဲ့ ဖျားနာမှုက မေမေတို့ကို ပိုပင်ပန်းစေသလို စိတ်လည်း ပိုပင်ပန်းပါတယ်။ အရင်ကာလတွေက ဖျားတာနာကို စိတ်ပူရပေမယ့် အခုလောက်တော့ ဒီဂရီ မမြင့်ဘူးပေါ့။ အခုကာလမှာတော့ ကိုဗစ်ကလည်း ရှိနေသလို လောလောဆယ်မှာ တုပ်ကွေးကလည်း ခပ်စိတ်စိတ် ပြန်ဖြစ်လာပြီဆိုတော့ ဘေဘီလေး ဖျားနာပြီဆိုရင် ဘာများဖြစ်တာလဲ ဘေဘီလေးက ဖျားနေတာ အအေးမိတာလား ..... တုပ်ကွေးလား ...... ကိုဗစ်လား ....... ဆိုပြီး စိတ်တအား ပူနေမယ် ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဖျားနာမှုဖြစ်တဲ့အခါ ဘာကြောင့် ဖျားနာတာလဲဆိုတာကို သိရှိနိုင်စေဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေး ဖျားနာတဲ့အခါ ဘေဘီလေး ဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အဖျားကြီးတာတွေကတော့ ခံစားရမယ့် လက္ခဏာတွေပါ။ ဒီလို လက္ခဏာတွေ ခံစားရတဲ့အခါ ဘေဘီလေး ခံစားနေရတာက […]


ကိုရိုနာဗိုင်းရပ်စ်

တုပ်ကွေး လား ကိုဗစ်လား မသေချာရင် ဘာလုပ်ကြမလဲ။

ခုတလော တော်တော်များများ ဖျားကြပါတယ်။ အများစုကတော့ ရာသီတုပ်ကွေး ပါ။ ဒါပေမယ့် ကိုဗစ်ကလည်း မပြီးသေးတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။ တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ကိုဗစ်လား တုပ်ကွေးလားဆိုတာကို လက္ခဏာနဲ့ ခွဲလို့ရနိုင်လား လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ ဖျားတာ (ချမ်းတုန်နိုင်ပါတယ်) ချောင်းဆိုးတာ မောတာ နုံးတာ လည်ပင်းနာတာ နှာစေးတာ ကိုယ်လက်ကိုက်တာ ခေါင်းကိုက်တာ ပျို့အန်တာ စတာတွေ […]


ကိုရိုနာဗိုင်းရပ်စ်

ဖျားနေချိန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား .......

ဆောင်းကဝင်လာတော့မယ်ဆိုတော့ ကိုဗစ်များ ပိုဆိုးလာလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးချင်တဲ့သူတွေ တော်တော်လေး များနေမှာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့တွေကို ပြင်ဆင်ထားပြီး ရက်ချိန်းတောင် ရပြီးပြီ ဆိုပါတော့။ အကုန် အဆင်သင့် ဖြစ်နေမှ ဆေးထိုးရမယ့် ရက်ရောက်ခါနီးမှာ ဖျားတယ်ဆိုရင် ကာကွယ်ဆေးက ဆက်ထိုးရမလား။ မထိုးရဘူးလားဆိုပြီး တွေးရခက်နေသူတွေရှိလား ...... နောက်ထပ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ရပ်က ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးပြီ ဒုတိယအကြိမ် ထိုးခါနီးမှာမှ ဖျားနေတာဆိုရင် ဆေးကို ဆက်ထိုးရမလား မထိုးရဘူးလားဆိုပြီး အတော်လေး တွေးရခက်မယ့် ကိစ္စပါ။ ဒီပြဿနာလေးတွေအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်နော်။ ဖျားနေချိန်မှာ ကာကွယ်ဆေး ထိုးလို့ ရလား ..... ဒီမေးခွန်းအတွက် အဖြေကတော့ no ပါ။ ဖျားနေချိန်မှာ ကာကွယ်ဆေး မထိုးရပါဘူးလို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့ရသလား။

အရင်က Covishieldထိုးထားတယ်။ ခုဒုတိယအကြိမ် ထိုးခါနီးကျတော့ Covishieldမရတော့လို့ Sinopharm ပဲ ထိုးရမယ်။ ဒါဆို ပထမနဲ့ ဒုတိယတစ်ခါ ဆေးမတူတာကို ထိုးလို့ရပါ့မလား။ ဒါမှမဟုတ် အစကနေ ပြန်ထိုးကြမလား။ ဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့ရသလား။ ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့မရမရ ကိုဗစ်ကာကွယ်ဆေးတွေကို ရောထိုးလို့ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း စမ်းသပ်ပြီး ရောထိုးတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေက အများကြီး ရှိပါတယ်။ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း တွေ့နေရပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးရင် ဘာကောင်းကျိုးတွေ ရမှာလဲ။ ခုခံအား တုံ့ပြန်မှု ပိုကောင်းစေတယ်။ Viral vector-based vaccines တွေ ဖြစ်တဲ့ Oxford-AstraZenecaတို့ Covishieldတို့ဆိုရင် အမျိုးအစားမတူတဲ့ ကာကွယ်ဆေးတွေနဲ့ ရောထိုးတာက ဆေးမအောင်တာတွေကို လျှော့ချပေးနိုင်ရုံသာမက […]


ကျန်းမာရေး သတင်းများ

မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း ထပ်လာနိုင်သလား။

မြန်မာနိုင်ငံမှာ ကိုဗစ်က တတိယလှိုင်းအထိ ဖြစ်ပြီးပါပြီ။ ကိုဗစ်ရဲ့ သဘောက လှိုင်းလိုမျိုး တက်တိုက်၊ ငြိမ်သွားလိုက်နဲ့ ဖြစ်နေတာပါ။ ကာကွယ်ဆေးကို ၃ကြိမ်အထိ  ထိုးထားပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခုထိ ကောင်းကောင်းထိန်းထားနိုင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း ဖြစ်လာနိုင်သေးလား။ ကမ္ဘာ့နိုင်ငံများနဲ့ ကိုဗစ်စတုတ္ထလှိုင်း  ရှာဖတ်ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပြီးသားပါ။ တချို့ကလည်း ဖြစ်နေဆဲပါ။ ကြည့်ရတာ ကိုဗစ်က နိုင်ငံတိုင်းမှာ လှိုင်းအလိုက် တက်လိုက် ကျလိုက် ဖြစ်နေတဲ့ ပုံပါပဲ။ မြန်မာနိုင်ငံမှာတောင် တတိယလှိုင်းအထိ ရောက်လာခဲ့ပြီလေ။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း  ဖြစ်လာနိုင်သလား။ အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ သူများနိုင်ငံတွေမှာ စဖြစ်နေပါပြီ။ ဒါကြောင့် ခုချိန်မှာ ကာကွယ်စရာရှိတာ ကာကွယ်ထားမယ်ဆိုရင် အထိအခိုက် နည်းမှာပါ။ ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်း တတိယလှိုင်းမှာ လူတော်တော်များများ ကူးပြီးသွားပြီလေ။ ကူးစရာလူရော ကျန်သေးလို့ရောလို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့

ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီးသူတွေ တော်တော် များလာပါပြီ။ အရင်က ရောဂါပိုးတွေက ပြင်းထန်လာချိန်မှာ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးဖို့ကို အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမယ့် အခုကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာတော့ နောက်ထပ် ခေါင်းထဲဝင်လာတဲ့ အတွေးတွေက booster ( ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ) ထိုးဖို့လိုမလား။ ဘယ်အချိန်မှာ booster ထပ်ထိုးဖို့ လိုမလဲ။ ဆိုတဲ့ ခေါင်းစဉ်တွေပါ။ ဒီခေါင်းစဉ်တွေအတွက် အဖြေတွေကို ဆောင်းပါးလေးထဲမှာ ဖြေပေးထားပါတယ်။ ကဲ ...... အတူတူ ကြည့်လိုက်ရအောင်လား ........ ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့ ကာကွယ်ဆေး အများစုက ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးရပါမယ်။ ဒါမှ ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ၆ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်အပြီးမှာ ဆံပင် တွေ ပိုကျွတ်လာသလား။

ကိုဗစ်ဖြစ်ပြီးတဲ့အခါ လူနာတွေက မောတယ်။ နုံးတယ်။ မေ့တတ်လာတယ်။ ချောင်းဆိုးကျန်တယ် စသဖြင့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပြောလေ့ရှိပါတယ်။ ဒါတွေကို စုပေါင်းပြီး long haulers ရယ်လို့ နာမည်တပ်ထားပါတယ်။ ဒါ့ပြင် ကိုဗစ်ဖြစ်ထားဖူးတဲ့ လူနာတွေက ထူးထူးခြားခြား နောက်ထပ်တစ်ခုလည်း ပြောကြပါသေးတယ်။ ဒါကတော့ ဆံပင်ကျွတ်တာပါ။ ကိုဗစ်ဖြစ်ပြီးမှ ဆံပင် တွေ အထွေးလိုက် ကျွတ်လာတယ်တဲ့လေ။ ကိုဗစ်က ဆံပင် ကျွတ်စေတာလား။ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ် SAR-CoV-2က ဆံပင်ကို တိုက်ရိုက်ကျွတ်စေတာမျိုးတော့ မရှိပါဘူး။ ခုထက်ထိလည်း ဒါနဲ့ ပတ်သက်ပြီး သက်သေအခိုင်အမာ မပြနိုင်သေးပါဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်ပြီးသွားတဲ့ လူနာတွေ ဆံပင်ကျွတ်တာက အမှန်ပါ။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဆံပင်ကျွတ်စေတယ်လို့တော့ ယူဆရပါတယ်။ ကိုဗစ်ဖြစ်ပြီးရင် ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်း စိတ်ဖိစီးမှု ကိုဗစ်ဖြစ်တဲ့အတွက် သာမန်ထက်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ side effect ခံစားရခြင်း၊ မခံစားရခြင်းဆိုတာ

ကာကွယ်ဆေး ထိုးပြီးတဲ့အခါ အချို့တွေမှာ ဖျားတာ၊ ကိုယ်နွေးတာ၊ ခြေလက်တွေ ကိုက်ခဲတာလိုမျိုး side effect လေးတွေကို ခံစားကြရပြီး  အချို့တွေမှာတော့ ဘာထူးထူးခြားခြား လက္ခဏာမှ မခံစားရတာမျိုးတွေ ရှိပါတယ်။ ဒါက ဘာကြောင့်လဲ။ ဘယ်လိုတွေ ကွာခြားလဲဆိုတာကို သိချင်နေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ကာကွယ်ဆေးရဲ့ side effect ကို ဘာကြောင့် လူတိုင်း မခံစားရတာလဲ....... ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ထုတ်လုပ်ထားတာပါ။ ရောဂါကို ကာကွယ်ဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ကာကွယ်ဆေးဆိုတဲ့ သဘောကတော့ ဆေးထိုးပြီးတဲ့အခါ side effectအနည်းအကျဉ်းကို ခံစားရစမြဲပါ။ လူတွေရဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုကို လိုက်ပြီးတော့ ခံစားရတဲ့ လက္ခဏာတွေကတော့ ကွာခြားနိုင်ပါတယ်။ အချို့မှာ တော်တော်လေး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ.........

ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလို့ တော်တော်များများတောင် ကာကွယ်ဆေးတွေ ထိုးပြီးနေကြပါပြီ။ ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ထိုးလို့ ရပြီဖြစ်တာကြောင့် အမျိုးအစားတွေတောင် ရွေးချယ်ပြီး ထိုးတာမျိုးတွေရှိပါတယ်။ ဒီလို ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်နေသူတွေ ရှိပေမယ့်လည်း အခုထိ ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေးက ဘယ်သူတွေနဲ့တည့်လို့ ဘယ်သူတွေနဲ့ မတည့်ဘူးလဲဆိုပြီး စိတ်ပူနေသူတွေလည်း ရှိဦးမယ်ထင်ပါတယ်။ ဒီတော့ စိတ်ပူမှုတွေကို ဒီဆောင်းပါးလေး ဖတ်ရင်း သေချာ ဆန်းစစ်ကြည့်လိုက်ပါ။ ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ......... ကိုဗစ်ကြောင့် ထိခိုက်မှုတွေ များလာတဲ့အခါ အကောင်းဆုံး ကာကွယ်ပေးနိုင်တာက ကာကွယ်ဆေးဆိုတော့ အများစုက ကာကွယ်ဆေး ထိုးဖို့ စိတ်အားထက်သန်နေကြပါတယ်။ ကာကွယ်ဆေး ထိုးချင်ပေမယ့် ခေါင်းထဲရောက်လာတဲ့ အတွေးက ငါနဲ့တည့်ပါ့မလားဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ကိုယ်ဝန်ဆောင် မေမေတွေက ရောဂါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်