ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲ ........

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကိုဗစ်ရဲ့ အခုနောက်ဆုံး မျိုးဗီဇ ပြောင်းလဲထားတဲ့ Omicron မျိုးစိတ်က ပြန့်နှံ့နေပါတယ်။ သူ့ရှေ့က ထွက်ရှိခဲ့တဲ့ မျိုးစိတ်တွေတုန်းကလည်း လူကြီးတွေရော ကလေးတွေမှာပါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ လူကြီး နဲ့ ကလေးတွေရဲ့ ကိုယ်ခံအား တုံ့ပြန်ပုံချင်း ကွာခြားတာကြောင့် လက္ခဏာ ခံစားရတာတွေ။ ရောဂါ ပြင်းထန်မှုတွေ ကွာခြားတာတော့ ရှိတာပေါ့။ ဒါဆို မိဘတွေအနေနဲ့ မေးစရာ ရှိနေနိုင်တာက အခုနောက်ဆုံး ထွက်ရှိလာတဲ့ Omicron  မျိုးစိတ်ကရော ကလေးတွေကို ကူးစက်နိုင်လား..... ကူးစက်ခံရရင်ရော ပိုပြီး ပြင်းထန်နိုင်လား။ ဆိုတာတွေ ဖြစ်မယ် ထင်ပါတယ်။ သားသားမီးမီးတွေကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ဗီဇပြောင်း မျိုးစိတ် Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။  Omicron […]


ကိုရိုနာဗိုင်းရပ်စ်

Omicron Variant ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ......

ကိုဗစ် ဖြစ်ပွားခဲ့တာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ (၂) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီလို (၂) နှစ် ပြည့်တော့မယ့်အချိန်မှာ ကာကွယ်ဆေးတွေလည်း ထုတ်လုပ်နိုင်ခဲ့သလို ကိုဗစ်ဗိုင်းရပ်စ်ကလည်း ဗီဇ အဆင့်ဆင့် ပြောင်းလဲခဲ့ပါတယ်။ ကာကွယ်ဆေးတွေကို လူအများစု ထိုးနှံပြီးတာကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အနည်းငယ် လျော့ကျလာဖွယ်ရှိသလို လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်တော့မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကိုဗစ်ဗိုင်းရပ်စ်က နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ မျိုးဗီဇ ပြောင်းလဲပြီး Omicron ဆိုတဲ့ နာမည်နဲ့ နိုင်ငံ အတော်များများမှာ ကူးစက် ဖြစ်ပွားမှုတွေ စတင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ Omicron Variant ဆိုတာ ဘာလဲ ...... Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် […]


ကိုရိုနာဗိုင်းရပ်စ်

လူတိုင်း စိုးရိမ်နေတဲ့ Omicron အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။

တောင်အာဖရိကမှာ တွေ့ရှိခဲ့တဲ့ Omicron ကြောင့် ကမ္ဘာတလွှားက နိုင်ငံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီစိုးရိမ်မှု မြင့်တက်နေတဲ့ omicron နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ Omicron ဆိုတာ ကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ coronavirus မျိုးစိတ် B.1.1.529 ပါ။ အခုချိန်ထိ တွေ့ရှိသမျှ မျိုးစိတ်တွေထဲမှာ အရှည်ဆုံးသော မျိုးဗီဇ ပြောင်းလဲထားတဲ့မျိုးစိတ်ပါ။ ဒီ Omicron ဗိုင်းရပ်စ်က Delta၊ Alpha၊ Beta နဲ့ Gamma တို့ ပေါင်းစပ်ထားတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် မျိုးစိတ်သစ် Omicron

ကမ္ဘာတလွှားမှာ ကိုဗစ် ဖြစ်ပွားပြီး (၂) နှစ်နီးပါး အကြာမှာ ကိုဗစ် မူလမျိုးစိတ်က ဗီဇပြောင်းလဲမှုတွေ တော်တော်လေး ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ကိုဗစ်ဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲမှုတွေ​ကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတာတောင် ကူးစက်ခံရနိုင်ခြေရှိတယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ကိုဗစ် မျိုးစိတ်သစ် တစ်မျိုး ဖြစ်ပေါ်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ် မျိုးစိတ်သစ် Omicron ........ ဒီကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ coronavirus မျိုးစိတ် B.1.1.529 ပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

COVAXIN ထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

လက်ရှိမြန်မာနိုင်ငံမှာ ထိုးလို့ရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ အိန္ဒိယနိုင်ငံထုတ် COVAXIN လည်း ပါပါတယ်။ ဒီဆေးနဲ့ ပတ်သက်ပြိး မထိုးခင်မှာ အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။ WHO ခွင့်ပြုချက်ရမရ အရင်က COVAXIN ကို အိန္ဒိယနိုင်ငံပြင်ပမှာ တွင်တွင်ကျယ်ကျယ် မသုံးကြသေးတာက WHO ခွင့်ပြုချက် မရသေးလို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့မှာတော့ WHO ကနေ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ချပေးခဲ့ပါတယ်။ ဒီလိုနဲ့ COVAXIN က ၈ခုမြောက် တရားဝင်အသုံးပြုခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ခဲ့ပါပြီ။ COVAXIN နဲ့ ပတ်သက်ပြီး ဒါတွေ သိထားဖို့ လိုပါတယ်။ COVAXIN အိန္ဒိယနိုင်ငံ မိခင်ကုမ္ပဏီ  Bharat Biotechကနေ ထုတ်လုပ်ခဲ့ပါတယ်။ Indian Council of Medical Research (ICMR) - National Institute […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင် မေမေတွေ သိချင်နေမယ့် ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း

ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်ရော ဘေဘီလေး ကျန်းမာစွာ မွေးဖွားလာစေဖို့ စောင့်ရှောက်ပေးနေတဲ့ ဖေဖေရော မျှော်လင့်တဲ့ အချက်တစ်ခုက ဘေဘီလေး ကျန်းကျန်းမာမာ မွေးဖွားလာဖို့နဲ့ မွေးဖွားပြီးချိန်မှာလည်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ပါ။ ဒီ မျှော်လင့်ချက်က အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ ပိုလို့တောင် ကြီးမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လို ထိခိုက်မှုတွေ ဖြစ်စေနိုင်လဲ။ ဘေဘီလေးကိုရော ထိခိုက်နိုင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင် မေမေတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရနိုင်ခြေ ပိုများသလား ...... ကိုယ်ဝန်ဆောင် မေမေတွေက အခြားသူတွေထက် ကိုဗစ် ကူးစက်ခံရနိုင်ခြေ ပိုများသလားဆိုတာကိုတော့ သုတေသီကိုယ်တိုင် သေသေချာချာ အဖြေမထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ ကိုယ်ခံအား ပြောင်းလဲမှု ဖြစ်တာကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

Pfizerရဲ့ ကိုဗစ်ကုသဆေး အသုံးပြုခွင့်ရတော့မှာလား

နိုဝင်ဘာ ၄ရက်နေ့က ဗြိတိန်အစိုးရက U.S.-based Merck & Co Inc (MRK.N)နဲ့ Ridgeback Biotherapeutics က ပူးပေါင်းထုတ်လုပ်ထားတဲ့ Lagevrio (molnupiravir)ကို အရေးပေါ်အသုံးပြုခွင့်ပြုခဲ့ပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ Pfizerကလည်း သူရဲ့ ကိုဗစ်ကုသဆေး PAXLOVID™ကို US FDAကနေ အရေးပေါ်အသုံးပြုခွင့်ရအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ကပ်ရောဂါသမိုင်းကြောင်းမှာတော့ ဒါက အင်မတန်အံ့သြဖွယ်ရာပါပဲ။ အချိန်တိုလေးအတွင်းမှာ ကာကွယ်ဆေးရော၊ ကုသဆေးပါ ပေါ်လာတာပါ။ Pfizerရဲ့ PAXLOVID™အကြောင်းကိုလည်း ဆက်ပြီး လေ့လာကြည့်ရအောင်။ Pfizerရဲ့ ကိုဗစ်ကုသဆေး Brand နာမည် PAXLOVID™ ဖြစ်ပြီး သောက်ဆေး အမျိုးအစား ဖြစ်ပါတယ်။ သူရဲ့ အရှည်ကောက်ကတော့ PAXLOVID™ (PF-07321332; ritonavir)ပါ။ PF-07321332က ကိုဗစ်ဗိုင်းရပ်စ် ပွားဖို့ အရေးပါတဲ့ အင်ဇိုင်းဖြစ်တဲ့ SARS-CoV-2-3CL proteaseကို ပိတ်ချလိုက်ပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား .....

ကိုဗစ်က လူတိုင်းရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရာ တစ်ခုပါ။ ကိုဗစ်က လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပေမယ့် ကိုဗစ် ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရသူတွေက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေပါ။ ကိုဗစ်က အသေအပျောက်ရှိပေမယ့် အချို့တွေမှာ ပြန်ကောင်းလာတတ်ပါတယ်။ ကိုဗစ်က ပြန်ကောင်းလာသည့်တိုင် ခန္ဓာကိုယ်မှာ တစ်ခုခုကတော့ ထိခိုက်စမြဲပါ။ ဒါကြောင့် ကိုဗစ်ကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးပါ။ အခုဆိုရင် ကိုဗစ် ကာကွယ်ဆေးတွေလည်း ထိုးနှံလို့ရနေပြီဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှု နည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်ရင်း ကာကွယ်ဆေး ထိုးထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ ဒီတစ်ခေါက်ကတော့ နို့တိုက်မေမေတွေ ကိုဗစ်ဖြစ်တဲ့အခါ စိတ်ပူနေမိတဲ့ အကြောင်းအရာလေး တစ်ခုဖြစ်တဲ့ ကိုဗစ်ဖြစ်ရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလားဆိုတဲ့ ကိစ္စလေးကို ပြောပြပေးသွားပါမယ်။ မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား […]


ကူးစက်ရောဂါများ

ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေး ပေါ်ထွက်လာပြီလား။

ကမ္ဘာ့ပထမဆုံးဆိုတော့ အရင်ကတော့ ကိုဗစ်ကို ဆေးတွေနဲ့ပဲ ကုနေတာပဲလေလို့ မေးစရာရှိပါတယ်။ အရင်က ကုတာတွေက ကိုဗစ်ဖြစ်ပြီး ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင်ရယ်၊ ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကုသတာပဲ ဖြစ်ပါတယ်။ ခုပြောမယ့် ဆေးက ကိုဗစ်ဗိုင်းရပ်စ်ပိုးကို တိုက်ရိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဆေးတွေက သောက်နေကျ ပိုးသတ်ဆေးတွေလို မဟုတ်ပါဘူး။ ထွင်ရခက်ပါတယ်။ ခုတော့ ကိုဗစ်ကုသဆေး အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီလို့ ဆိုရပါမယ်။ ကမ္ဘာ့ပထမဆုံး ကိုဗစ်ကုသဆေး နိုဝင်ဘာ ၄ရက်နေ့က ဗြိတိန်နိုင်ငံကနေ  ကိုဗစ်ကုသဆေးကို ပထမဆုံးအနေနဲ့ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ ဆေးက molnupiravir ဖြစ်ပြီး U.S.-based Merck & Co Inc (MRK.N) နဲ့ Ridgeback Biotherapeutics က ပူးပေါင်းထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Brand နာမည် Lagevrioဖြစ်ပြီး သောက်ဆေး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ......

ကိုဗစ် ဖြစ်ပွားတာ အချိန် အတော်ကြာလာပြီ ဖြစ်သလို ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့် ကိုဗစ် ကာကွယ်ဆေးတွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာလည်း ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသူတွေ အတော်လေး များလာပါပြီ။ ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုတွေကို လုပ်ဆောင်နေချိန်မှာ လူအများ စိုးရိမ်နေတဲ့ ကိစ္စက ကာကွယ်ဆေး ထိုးပြီးရင် ဖျားမှာလား ..... ကိုဗစ် လက္ခဏာတွေ ခံစားရမှာလား.... နေရထိုင်ရ မအီမသာ ဖြစ်မှာလားဆိုတဲ့ ကိစ္စတွေပါ။ ဒီကိစ္စတွေကို မခံစားရစေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိသလို စားပေးရမယ့် အစားအစာလေးတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာတွေ ကင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ...... ကိုဗစ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်