ကိုဗစ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဘေဘီလေးတွေ ကိုဗစ် ကူးစက်ခံရတဲ့အခါ လက္ခဏာ မပြတာမျိုးလည်း ရှိနိုင်သလို ခပ်ပျော့ပျော့ လက္ခဏာလေးတွေပဲ ပြတာမျိုးလည်း ရှိပါတယ်။ သာမန် ဖျားနာမှုနဲ့ ခပ်ဆင်ဆင်ပါ။
အချို့ ဘေဘီလေးတွေမှာတော့ တုပ်ကွေး ပြင်းထန်ရင် ခံစားရတဲ့ လက္ခဏာမျိုးတွေ ခံစားရနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာက အနံ့အရသာ ပျောက်တာပါ။
တကယ်လို့ ဘေဘီလေးမှာ ကိုဗစ် ကူးစက်ခံရမယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်စ်တွေ ရှိနေသလားဆိုတာကို စစ်ဆေးရပါမယ်။
ကိုဗစ် ကူးစက်ခံရမှုအတွက် သီးသန့် ကုထုံး မရှိတာကြောင့် ဘေဘီလေးကို ရေ အပါအဝင် အရည် များများတိုက်တာ၊ သက်သောင့်သက်သာ အနားယူခိုင်းတာမျိုး လုပ်ပေးရပါမယ်။ အာဟာရပြည့်ဝအောင် သေချာလေး ကျွေးဖို့လည်း လိုပါမယ်။ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
တစ်ခုရှိတာက အအေးမိ၊ တုပ်ကွေး၊ ကိုဗစ် သုံးခုလုံးက လက္ခဏာတွေက ခပ်ဆင်ဆင်လေးတွေပါ။ မေမေတို့ အနေနဲ့ လက္ခဏာကို ကြည့်ပြီး ဘာဆိုတာကို တိတိကျကျ သိနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ပိုတိကျချင်တယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ ပြသစစ်ဆေးပြီး ညွှန်ကြားချက်တွေကို လိုက်နာတာပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။