backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့တာက ကာလအတိုင်းအတာ တစ်ခုအထိ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကာကွယ်ဆေးတွေလည်း ၂ ကြိမ်တွေ ၃ ကြိမ်တွေ ထိုးပြီးပြီဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလာကြတာတွေကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က မပြီးသေးသလို ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုဗစ်ဖြစ်ပွားမှုတိုင်းဟာ အိုမီခရွန် မျိုးစိတ်ကြောင့် ဆိုပေမယ့် လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ BQ.1 နဲ့ BQ.1.1 လို့ခေါ်တဲ့ အိုမီခရွန်ရဲ့ မျိုးကွဲတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီတော့ ကာကွယ်သတိထားနိုင်ဖို့အတွက် ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် အကြောင်းကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

ကိုဗစ်ရဲ့ အိုမီခရွန်မျိုးစိတ်ကို အာရုံစိုက် စောင့်ကြည့်နေချိန်မှာပဲ အိုမီခရွန်ရဲ့ မျိုးကွဲတွေ ဖြစ်တဲ့ BQ.1 နဲ့ BQ.1.1တို့က ဆောင်းရာသီရဲ့ အအေးနဲ့အတူ ထွက်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် ကူးစက်ရောဂါ ကျွမ်းကျင်သူတွေက လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုလက်ရှိ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ BQ.1 နဲ့ BQ.1.1တို့က ကူးစက်မြန်သလို အရင်က ကိုဗစ်ကူးစက်ခံရဖူးတာကြောင့် ရရှိထားတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးကြောင့် ရရှိတဲ့ ခုခံအား ကလည်း မကူးစက်အောင် ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် အရမ်း ပြင်းပြင်းထန်ထန် ခံစားရတာမျိုး အသက်အန္တရာယ် ထိခိုက်တာမျိုး မဖြစ်စေဖို့တော့ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

BQ.1 နဲ့ BQ.1.1တို့က ကိုဗစ်မျိုးစိတ်သစ် တစ်ခုဖြစ်တဲ့ အိုမီခရွန်မျိုးကွဲ BA.5 ရဲ့ တစ်စိတ်တစ်ပိုင်းပါ။  ကိုဗစ်လှိုင်းအသစ်တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ခြေ ရှိနေပါတယ်။ ဒီမျိုးစိတ် အသစ် ၂ ခုက မတူညီတဲ့နေရာတွေကနေ ပေါက်ဖွားလာပေမယ့် မူလမျိုးရင်းတွေ နည်းတူ ကူးစက်မှုကို ဖြစ်စေနိုင်တဲ့ အလားတူ spike protein တွေကို မျှဝေနိုင်စွမ်းလည်း ရှိပါတယ်လို့ သုတေသီတွေက သုံးသပ်ပြောဆိုနေတာတွေလည်း ရှိပါတယ်။

လက်ရှိမှာ ကူးစက်မှုတော်တော်များများက ဒီမျိုးစိတ် ၂ ခုကြောင့် ဖြစ်နေတာဖြစ်ပြီး စိုးရိမ်စရာကောင်းတယ်လို့ ပြောရတာက BQ.1.1 က ကိုဗစ်ကြောင့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရတာကို လျှော့ချပေးနိုင်ဖို့ ထုတ်ထားတဲ့ antibody drugကို ရှောင်ရှားနိုင်နေတာကြောင့်ပါ။

BQ.1 နဲ့ BQ.1.1 လက္ခဏာတွေ 

BQ.1 နဲ့ BQ.1.1တို့ရဲ့ လက္ခဏာတွေကတော့ အရင် ကိုဗစ် လက္ခဏာမျိုးစိတ်တွေနဲ့ တော်တော်များများ တူပါတယ်။ ဒါပေမယ့် ရောဂါမပြင်းထန်အောင် ကာကွယ်​ပေးရာမှာတော့ ကိုယ်ခံအားက အရေးအပါဆုံးပါပဲ။ ကာကွယ်ဆေး ထိုးထားမယ်။ ကိုယ်ခံအားကလည်း ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အလေ့အကျင့် ရထားမယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေက အတိုင်းအတာ တစ်ခုအထိ နည်းသွားမှာပါ။

ကိုဗစ် မျိုးစိတ် အများစုရဲ့ လက္ခဏာတွေကတော့

  • အဖျားတက်မယ်
  • ချမ်းတုန်မယ်
  • အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်မယ်
  • အသက်ရှူရခက်မယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ကြွက်သားနဲ့ ကိုယ်လက်တွေ ကိုက်ခဲမယ်
  • ခေါင်းကိုက်မယ်
  • အရင်ကနဲ့မတူတဲ့ အနံ့ပျောက်တာ အရသာမသိတာတွေ ခံစားရမယ်
  • လည်ချောင်းနာမယ်
  • နှာခေါင်းပိတ်မယ်
  • နှာစေးမယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • ဝမ်းပျက်မယ် စတာတွေပါ။

ဒါတွေအပြင် BQ.1 နဲ့ BQ.1.1တို့ ဝင်ရောက်ကူးစက်ခံရချိန်မှာ သာမန်ဖျားနာမှုနဲ့ တူတဲ့ ကိုဗစ်ရဲ့လက္ခဏာတွေ ဖြစ်ကြတဲ့

  • လည်ချောင်းနာတာ
  • နှာစေးတာ
  • နှာခေါင်းပိတ်တာ
  • နှာချေတာ
  • ချောင်းခြောက်ဆိုးတာ
  • ခေါင်းကိုက်တာ
  • ချောင်းစိုဆိုးတာ
  • အသံဝင်တာ
  • ကြွက်သားတွေ ကိုက်ခဲနာကျင်တာ
  • အနံ့အရသာ ပြောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

BQ.1 နဲ့ BQ.1.1တို့က ကာကွယ်ဆေးက ရတဲ့ ကိုယ်ခံအားနဲ့ ရောဂါကူးစက်မှုကနေ ရတဲ့ ခုခံအားတွေကနေ ရှောင်တိမ်းနိုင်တယ်ဆိုပေမယ့် ထပ်လောင်းကာကွယ်ဆေးတွေနဲ့ အားဖြည့်ထားတဲ့ ကိုယ်ခံအားစနစ်ကိုရော ရှောင်တိမ်းနိုင်သလားဆိုတာကို သေသေချာချာ မသိရသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့

  • အပြင်သွားတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ
  • တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ
  • ကာကွယ်ဆေး အကြိမ်ရေ ပြည့်အောင်ထိုးပါ
  • ထပ်လောင်း ကာကွယ်ဆေးတွေ ထိုးပါ
  • အာဟာရပြည့်ဝအောင် စားပါ
  • အိပ်ရေးဝဝအိပ်ပါ
  • တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး လက်ကို သေချာ သန့်စင်အောင် ဆေးကြောပေးပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • လေဝင်လေထွက် မရှိတဲ့ လူထူထပ်တဲ့ နေရာတွေကို ရှောင်ပါ
  • ရောဂါ ကူးစက်ခံထားရတယ်လို့ သံသယရှိရင် သီးသန့်ခွဲနေပါ။

စကားလက်ဆောင်

ဆောင်းအေးလာချိန်မှာ ဗိုင်းရပ်စ် ကူးစက်နှုန်းက မြင့်တက်လာနိုင်တာကြောင့် တုပ်ကွေး၊ ကိုဗစ်စတဲ့ ဗိုင်းရပ်စ်တွေရဲ့ ရှင်သန်နိုင်ခြေကလည်း များလာမှာပါ။ ဒါကြောင့် ကာကွယ်ရေးနည်းလမ်းလေးတွေကို သေချာလိုက်နာပြီး ရောဂါဆိုးတွေကို ကာကွယ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement