ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီးသူတွေ တော်တော် များလာပါပြီ။ အရင်က ရောဂါပိုးတွေက ပြင်းထန်လာချိန်မှာ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးဖို့ကို အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမယ့် အခုကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာတော့ နောက်ထပ် ခေါင်းထဲဝင်လာတဲ့ အတွေးတွေက booster ( ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ) ထိုးဖို့လိုမလား။ ဘယ်အချိန်မှာ booster ထပ်ထိုးဖို့ လိုမလဲ။ ဆိုတဲ့ ခေါင်းစဉ်တွေပါ။