ကိုဗစ်ဖြစ်ပြီးတဲ့အခါ လူနာတွေက မောတယ်။ နုံးတယ်။ မေ့တတ်လာတယ်။ ချောင်းဆိုးကျန်တယ် စသဖြင့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပြောလေ့ရှိပါတယ်။ ဒါတွေကို စုပေါင်းပြီး long haulers ရယ်လို့ နာမည်တပ်ထားပါတယ်။ ဒါ့ပြင် ကိုဗစ်ဖြစ်ထားဖူးတဲ့ လူနာတွေက ထူးထူးခြားခြား နောက်ထပ်တစ်ခုလည်း ပြောကြပါသေးတယ်။ ဒါကတော့ ဆံပင်ကျွတ်တာပါ။ ကိုဗစ်ဖြစ်ပြီးမှ ဆံပင် တွေ အထွေးလိုက် ကျွတ်လာတယ်တဲ့လေ။