backup og meta

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

    မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။

    ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

    လူအသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ ကိုဗစ်မျိုးစိတ်သစ် EG.5.1  အကြောင်း အတူတူ ဆက်လက် လေ့လာလိုက်ရအောင်နော်။

    ကိုဗစ်မျိုးစိတ်သစ် EG.5.1 ဆိုတာ ဘာလဲ!

    ကိုဗစ်မျိုးစိတ်သစ် EG.5.1 ဆိုတာက အိုမီခရွန်ရဲ့ မျိုးကွဲ တစ်ခုပါ။ ပြီးခဲ့တဲ့ လအနည်းငယ် ကစပြီး   ကမ္ဘာ့ နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

    ဒီမျိုးစိတ်က အခြားကိုဗစ်မျိုးစိတ် မျိုးကွဲတွေထက် မျိုးဗီဇ ပြောင်းလဲမှု မြန်ဆန်သလို ကူးစက်မှုနှုန်းကလည်း မြန်ဆန်ပါတယ်။

    EG.5.1 ကူးစက်မှု မြန်သလား!

    လက်ရှိမှာတော့ EG.5.1 က အရင်က မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မှု မြန်ပါတယ်။ ဘယ်လောက်မြန်ဆန်လဲဆိုတာကို ရာခိုင်နှုန်းနဲ့ တိတိကျကျ ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကိုဗစ်မျိုးစိတ် တစ်ခုစီတိုင်းမှာ မတူကွဲပြားတဲ့ ကူးစက်နှုန်း ရှိတယ်ဆိုတာပါ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ EG.5.1  က လက်ရှိမှာ ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်မျိုးစိတ်တွေနဲ့ သိသိသာသာ ကွဲပြားသွားတာမျိုးတော့ မရှိပါဘူး။ ဆိုလိုချင်တာကတော့ ဒီမျိုးစိတ်က ကူးစက်မှု မြန်ပေမယ့် ရောဂါက ပိုပြီး ပြင်းထန်သွားတယ်ဆိုတာမျိုးတော့ အခုထိ မတွေ့ရသေးပါဘူး။ လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကူးစက်မှု အများစုကတော့ EG.5.1  မျိုးစိတ်ကြောင့်ပါ။

    အခြားမျိုးစိတ်နဲ့ EG.5.1 ဘယ်လို ခွဲခြားသိရှိနိုင်မလဲ!

    တိုတိုတုတ်တုတ် ဖြေပေးရရင် အခုလက်ရှိမှာ ကူးစက်ဖြစ်ပွားနေတဲ့ EG.5.1  မျိုးစိတ်က အရင်က ဖြစ်ပွားခဲ့တဲ့ SARS-CoV-2 မျိုးစိတ်တွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီမျိုးစိတ်က အခြားသော အိုမီခရွန် မျိုးစိတ်တွေနဲ့ တော်တော်လေးကို တူပါတယ်။

    EG.5.1 ရဲ့ လက္ခဏာတွေကလည်း  အခြား ကိုဗစ်မျိုးစိတ်တွေရဲ့လက္ခဏာတွေနဲ့  တော်တော်လေးကို ဆင်တူပါတယ်။

    EG.5.1 မျိုးစိတ် လက္ခဏာတွေက ဘာတွေလဲ!

    အခုချိန်ထိ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေအရ EG.5.1 မျိုးစိတ်ရဲ့ လက္ခဏာတွေကလည်း အခြား ကိုဗစ် မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ EG.5.1 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် တွေ့ရများတဲ့ ကိုဗစ်ကူးစက်မှု လက္ခဏာတွေ ဖြစ်ကြတဲ့

    • အဖျားတက်တာ
    • ချမ်းတုန်တာ
    • အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာ
    • အသက်ရှူရ ခက်တာ
    • ခြေကုန်လက်ပမ်းကျတာ
    • ကိုယ်လက်တွေ ကိုက်ခဲတာ
    • ကြွက်သားတွေ နာကျင်တာ
    • ခေါင်းကိုက်တာ
    • အနံ့အရသာ ပျောက်တာ
    • လည်ချောင်းနာတာ
    • နှာခေါင်းပိတ်တာ
    • နှာစေးတာ
    • အော့အန်တာ
    • မအီမသာဖြစ်တာ
    • ဝမ်းပျက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ကာကွယ်ဆေးက သက်ရောက်မှု ရှိရဲ့လား!

    နောက်ဆုံး ထွက်ရှိထားတဲ့ ကာကွယ်ဆေးက XBB မျိုးစိတ် အားလုံးကို ကာကွယ်ပေးနိုင်အောင် ထုတ်လုပ်ထားတာ ဖြစ်ပြီး EG.5.1 ဒါမှမဟုတ် Eris မျိုးစိတ်ကလည်း အိုမီခရွန် မျိုးစိတ်နဲ့ တော်တော်လေးကို ဆင်တာကြောင့် အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို ထိုးနှံထားမယ်ဆိုရင်ကို လုံလောက်တဲ့ ကာကွယ်မှုကို ရရှိနိုင်မှာပါ။

    ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်

    ကိုဗစ်ကြောင့် ထိခိုက်မှု ကင်းစေဖို့ဆိုရင်

    • ကာကွယ်ဆေး သေချာလေး ထိုးနှံထားဖို့ လိုသလို
    • ထပ်ဆောင်း ကာကွယ်ဆေးထိုးတာ
    • အပြင်က ပြန်လာတိုင်း တစ်ခုခုကို ထိတွေ့ပြီးတိုင်း လက်ဆေးတာ
    • အပြင်ထွက်တိုင်း မတ်ခ်တပ်တာ
    • အိပ်ရေးဝဝ အိပ်တာ
    • အာဟာရ ပြည့်ဝအောင် စားတာ
    • ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာလေးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement