အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ ကာကွယ်ဆေး လှူဒါန်းမှုတွေ၊ WHOလို အဖွဲ့ကြီးတွေရဲ့ ကာကွယ်ဆေး ဖြန့်ဝေမှုတွေကို မှီခိုနေရတာပါ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေပါသေးတယ်။
ကပ်ရောဂါရဲ့ သဘောတရားက လူအများစုကို ကာကွယ်ဆေး ထိုးပေးနိုင်မှ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှာပါ။ လက်ရှိအချိန်မှာတော့ ကပ်ရောဂါကို ရပ်တန့်နိုင်လောက်အောင် ကာကွယ်ဆေး အလုံအလောက် မထိုးရသေးပါဘူး။
ကာကွယ်ဆေးသမိုင်းမှာ ကိုဗစ်ကာကွယ်ဆေးက အမြန်ဆုံးထွက်လာတဲ့ ကာကွယ်ဆေးလို့တောင် ပြောလို့ရပါတယ်။ ကာကွယ်ဆေးကို အရင်လို စိတ်ရှည်လက်ရှည် ထွင်နေရင် လူမျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်လို့ ကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိရမယ်။ စိတ်ချရလောက်မယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့်တွေ ချပေးရတာပါ။
မြန်မြန်ထွက်လာပေမယ့် ကာကွယ်ဆေးတွေရဲ့ အာနိသင်က စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။ ဆေးတိုင်းက ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းနဲ့ အထက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် ရောဂါပြင်းထန်နှုန်း၊ ဆေးရုံတက်ရနှုန်းနဲ့ သေနှုန်းကိုပဲ ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးထိုးပြီး ရောဂါပြန်ကူးတဲ့ သူတွေ ရှိနေတာပါ။
ပြန်ကူးပေမယ့် သူတို့က ပြောခဲ့သလို ပြင်းထန်တာမျိုးတော့ မရှိသလောက်ပါပဲ။ ဒါပေမယ့် ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့အခါကျတော့ ထိုးပြီးသားလူဆီက ပိုးက မထိုးရသေးတဲ့သူဆီ ရောက်သွားတဲ့အခါ လှိုင်းတစ်လှိုင်းရဲ့ အစဖြစ်သွားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။