ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့တာက ကာလအတိုင်းအတာ တစ်ခုအထိ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကာကွယ်ဆေးတွေလည်း ၂ ကြိမ်တွေ ၃ ကြိမ်တွေ ထိုးပြီးပြီဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလာကြတာတွေကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က မပြီးသေးသလို ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုဗစ်ဖြစ်ပွားမှုတိုင်းဟာ အိုမီခရွန် မျိုးစိတ်ကြောင့် ဆိုပေမယ့် လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ BQ.1 နဲ့ BQ.1.1 လို့ခေါ်တဲ့ အိုမီခရွန်ရဲ့ မျိုးကွဲတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီတော့ ကာကွယ်သတိထားနိုင်ဖို့အတွက် ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် အကြောင်းကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် ကိုဗစ်ရဲ့ အိုမီခရွန်မျိုးစိတ်ကို အာရုံစိုက် စောင့်ကြည့်နေချိန်မှာပဲ အိုမီခရွန်ရဲ့ […]

ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး

ကိုဗစ် ကာကွယ်ဆေးတွေ ထွက်ရှိလာခဲ့တာ ၁ နှစ်ကျော် ၂ နှစ် နီးပါးရှိလာခဲ့ပြီ ဖြစ်သလို အမျိုးအစားတွေကလည်း အများကြီးပါ။ တစ်ဖက်မှာ ကာကွယ်ဆေးတွေ ထိုးနှံနေကြသလို တစ်ဖက်မှာလည်း ကိုဗစ်ဗိုင်းရပ်စ်က ဗီဇ အမျိုးမျိုး ပြောင်းပြီး ကူးစက်နေပါတယ်။ အချို့ ဗီဇပြောင်း မျိုးစိတ်တွေက သိပ်မပြင်းထန်ပေမယ့် အချို့ကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ အသေအပျောက်များတဲ့အထိ ပြင်းထန်တဲ့ မျိုးစိတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးစိတ်တွေ ပြောင်းလဲလိုက်တိုင်းမှာ တူညီတာ တစ်ခုကတော့ ကူးစက်မြန်တာပါ။ ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်သလို အသက်သေဆုံးသည်အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံရတာမျိုး ရှိသလို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၆ လအတွင်းမှာ ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရတာတွေ ရှိပါတယ်။ အထူးသဖြင့် […]

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိသေးတယ်ဆိုတာကို သတိရပါ!

ကိုဗစ် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ Omicron မျိုးကွဲ BA.4 နဲ့ BA.5 ဟာ လက်ရှိမှာ ကူးစက်မှု တွေ မြင့်မားနေပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ ရှိနေသလို မြန်မာနိုင်ငံနဲ့ အာရှဒေသတွင်းနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ရှိနေပါတယ်။ ကိုဗစ်က ကူးစက်ခံရပြီးရင်ရော ပြန်ကူးနိုင်သလား ကိုဗစ်က တစ်ခါ ကူးစက်ဖူးရင်တောင်မှ နောက်တစ်ကြိမ်ထက် မနည်း ထပ်မံကူးစက်ခံရနိုင်ပါသေးတယ်။ အကြောင်းကတော့ အမျိုးအစား မတူတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေကြောင့်ပါ။ အရင်က ကိုဗစ်ကူးစက်ထားဖူးတဲ့အတွက် ခန္ဓာကိုယ်မှာ ထိုက်သင့်သလောက် ကိုယ်ခံအားရထားတာဖြစ်တာကြောင့် အရမ်းပြင်းထန်ချင်မှတော့ ပြင်းထန်မှာပါ။ နောက်တစ်ချက်က လူတစ်ဦးနဲ့ တစ်ဦးမှာ ရောဂါပိုး တစ်မျိုးတည်းကို ကူးစက်ခံရရင်တောင်မှ တုံ့ပြန်ပုံချင်း ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက တစ်ကျော့ပြန် ကိုဗစ်ကူးစက်တယ်ဆိုတာ တော်တော်လေး ရှားပါတယ်။ […]

ကိုရိုနာဗိုင်းရပ်စ်

Omicron မျိုးကွဲ BA.5 ရဲ့ လက္ခဏာတွေ နဲ့ သိထားသင့်တဲ့ အချက်အချို့

အခုတလော ကမ္ဘာ့နိုင်ငံတွေမှာ BA.5 လို့ခေါ်တဲ့ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲ တစ်ရပ် ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပါပြီ။ မြန်မာနိုင်ငံမှာရော အာရှဒေသတွင်း နိုင်ငံတွေမှာပါ ဖြစ်ပွားကူးစက်မှုတွေ ရှိနေတာပါ။ ဒီတော့ အားလုံး စိတ်ပူနေမယ့် Omicron မျိုးကွဲ BA.5 ရဲ့ လက္ခဏာတွေ နဲ့ သိထားသင့်တဲ့ အချက်အချို့ကို ပြောပြပေးချင်ပါတယ်။ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲ BA.5 နဲ့ ပတ်သက်လို့ ဘာတွေ သိထားသင့်သလဲ ဇူလိုင်လ ၂ ရက်နေ့ကအထိ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန်မှာ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုရဲ့ ၅၄ ရာခိုင်နှုန်းက BA.5 မျိုးစိတ်ကူးစက်ခံရတာ ဖြစ်ပြီး ၁၇ ရာခိုင်နှုန်း ကျော်ကျော်လောက်ကပဲ BA.4 မျိုးစိတ် ကူးစက်ခံရတာပါ။ အခုနောက်ပိုင်းမှာ အိုမီခရွန်ကို တကျော့ပြန် […]

ကိုရိုနာဗိုင်းရပ်စ်

ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိလာရတဲ့ Omicron XE မျိုးကွဲ

ပြီးခဲ့တဲ့ စနေနေ့က ထိုင်းမှာ Omicron မျိုးကွဲတစ်ခုဖြစ်တဲ့ Omicron XE ကို စတင်တွေ့ရှိရပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံမှာ တွေ့နေရတာ ဖြစ်တဲ့အတွက် အချိန်မရွေး ဒီဘက်ကို ကူးလာနိုင်တာကြောင့် ဘာတွေသိထားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။ Omicron XE မျိုးကွဲဆိုတာ Omicron XEက Omicron BA.1 နဲ့ BA.2 ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကွဲဆိုတာထက် မျိုးစပ်ထားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီမျိုးစိတ်ကို ဇန်နဝါရီ ၁၉၊ ၂၀၂၂ မှာ ယူကေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၅ရက်နေ့ထိဆိုရင် လူနာပေါင်း ၆၀၀ကျော် တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ Phylogenetic Assignment of Named Global Outbreak Lineages (Pangolin) အဆိုအရ […]

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်

ကိုဗစ်လှိုင်းလည်း အနည်းငယ်ငြိမ်ကျလာပြီဆိုတော့ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားလာကြပါပြီ။ အလုပ်တွေလည်း ပြန်တက်ကြသလို ပွဲလမ်းသဘင်တွေလည်း ခပ်စိတ်စိတ် တွေ့လာရပါပြီ။ ဒီထဲမှာ အများဆုံးတွေ့ရတာကတော့ မင်္ဂလာဆောင် တွေ ပါပဲ။ မင်္ဂလာဆောင်ဆိုတာလည်း လူစုလူဝေးဖြစ်တဲ့အတွက် ကိုဗစ်မကူးဖို့ အထူးဂရုစိုက်သင့်ပါတယ်။ မင်္ဂလာဆောင်တွေကနေ  ကိုဗစ်ကူးစက်လာနိုင်သလား။ ကိုဗစ်က မပြီးသေးတာဖြစ်တဲ့အတွက် မင်္ဂလာဆောင်အပါအဝင် ဘယ်လိုပွဲလမ်းသဘင်၊ လူစုလူဝေးကမှ အန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။ လူနည်းနည်းပဲစုစု၊ များများပဲစုစု ရောဂါကူးနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေ ထိုးထားမယ်။ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ မင်္ဂလာဆောင် ကျင်းပမယ့် သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲ။ ကိုယ့်ရဲ့ မင်္ဂလာပွဲကနေ လူတွေအများကြီး ကိုဗစ်ကူးသွားတယ်ဆိုရင် မင်္ဂလာမောင်နှံက စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကူးစက်မှုကို လျှော့ချဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ […]

ကိုရိုနာဗိုင်းရပ်စ်

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

ကိုဗစ်ကတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်လာခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ ကိုဗစ် Wave တစ်ခုချင်းစီကို မျိုးစိတ် တစ်ရပ်စီနဲ့ ဖန်တီးလာခဲ့တာပါ။ အခုနောက်ဆုံးကတော့ Omicron ပါ။ Omicron က စဖြစ်စမှာ မျိုးစိတ်က BA.1 ဆိုပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ BA.2 အနေနဲ့ ကူးစက်နေပါတယ်။ ဒီ  Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Omicron မျိုးကွဲ BA.2ဆိုတာ Omicron မျိုးကွဲ BA.2ဆိုတာ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဗီဇပြောင်းလဲမှု အဆင့်ဆင့်နဲ့ ဆင့်ကဲ […]

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ဖူးတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။

Covid_19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူတွေ၊ ရှင်ကျန်ရစ်ခဲ့သူတွေမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ နှလုံးထိခိုက်မှု အခြေအနေတွေကို ခံစားရနိုင်တယ်လို့ သုတေသီတွေက သတိပေး ပြောကြားလိုက်ပါတယ်။ လေ့လာမှု အသစ်အရ Covid_19 ကူးစက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။ ဒီလို ဖြစ်နိုင်ခြေက အသက်အရွယ်၊ ရောဂါအခံရှိတာတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ကိုဗစ်က ပြန်သက်သာလာပြီး ၁ နှစ်တာကာလအတွင်းမှာ ဖြစ်နိုင်ခြေ အများဆုံးပါ။ သုတေသနရလဒ် # ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ လေ့လာမှု ရလဒ်တွေအရ ကိုဗစ်ဖြစ်ဖူးပြီး ပြန်သက်သာလာတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်တာ၊ နှလုံးထိခိုက်တာနဲ့၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။ ဒီလေ့လာမှုကို St Louis မှာရှိတဲ့ ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေက […]

ကိုရိုနာဗိုင်းရပ်စ်

ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။

ကိုဗစ်ကာလအတွင်းမှာ လူတိုင်းလိုလို သတိထားမိလာတဲ့ ဗီတာမင် တစ်မျိုး ရှိပါတယ်။ ဒါကတော့ ဗီတာမင် D ပါ။ ကိုဗစ် ကာကွယ်ဖို့ ဗီတာမင် D သောက်လေ။ ကိုဗစ် ဖြစ်နေပြီလား မြန်မြန်သက်သာအောင် ဗီတာမင် D သောက်လေ ဆိုတဲ့ စကားတွေပါ။ ဗီတာမင် D ကို အစားအသောက်ကနေလည်း ရနိုင်ပေမယ့် အဓိက အရင်းအမြစ်ကတော့ နေရောင်ခြည်ပါ။ ဒါဆိုရင် ဗီတာမင် Dက ကိုဗစ်ကို တကယ်ပဲ ကာကွယ်ပေးနိုင်လား။ ကိုဗစ်ကို ပြင်းပြင်းထန်ထန် မဖြစ်အောင် ကာကွယ်ပေးနိုင်လား။ Omicron လက္ခဏာတွေကိုရော ကာကွယ်ပေးနိုင်လားဆိုတာကို ကြည့်လိုက်ရအောင်နော်။ ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။ လေ့လာမှုအတွင်း သုတေသီတွေက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D နည်းတဲ့သူတွေက Omicron […]

ကိုရိုနာဗိုင်းရပ်စ်

အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

Omicron ရဲ့ လက္ခဏာတွေက အခြား ကိုဗစ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေ ရှိတာကို တွေ့ရပါတယ်။ လက်ရှိအထိ ကတော့ အဆက်မပြတ်ချောင်းဆိုးတာ၊ ကိုယ်ပူကြီးတာ၊ အနံ့အရသာပျောက်တာတွေက ကိုဗစ်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်ထားဆဲပါ။ ဒါပေမယ့် အခုနောက်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးစိတ်ကူးစက်ခံရရင်တော့ ခံစားရတဲ့ လက္ခဏာတွေက အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ Omicron ကူးစက်ခံရတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာချေတာလိုမျိုး သာမန်ဖျားနာမှု ဖြစ်ရင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ Omicron ကူးစက်ခံရတဲ့အခါ ဦးခေါင်း၊ နှာခေါင်းနဲ့ လည်ချောင်းကို မထိခိုက်စေတဲ့ လက္ခဏာသစ် ၂ ရပ်ကို ခံစားရနိုင်တယ်ဆိုတာပါ။ ဒါတွေက ဘာလက္ခဏာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ […]

advertisement
advertisement

ကိုရိုနာဗိုင်းရပ်စ် ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy