သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ကျန်းမာရေး ကောင်းအောင်ပဲ ဖြစ်ဖြစ်၊ အားရှိအောင်ပဲ ဖြစ်ဖြစ် ဆိုပြီး ပျားဝတ်မှုန်ကို စားနေကြလား။ ဒါဆိုရင်တော့ ဒီလို ပုံမှန် သောက်သုံးနေတဲ့ ပျားဝတ်မှုန်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျားဝတ်မှုန် ဆိုတာ ပျားဝတ်မှုန်က ပန်းဝတ်မှုန်၊ ဝတ်ရည်တွေ၊ ပျားဝတ်မှုန်၊ အင်ဇိုင်းတွေ၊ ပျားရည်၊ ပျားဖယောင်းတွေ ရောစပ်ထားတဲ့ သဘာဝ အရောအစပ် တစ်မျိုးပါ။ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုးပါ။ ပျားဝတ်မှုန်မှာ ဘာတွေပါလဲ ပျားဝတ်မှုန်မှာ အခုလို အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျားဝတ်မှုန်မှာ tocopherol၊ niacin၊ thiamine၊ biotin၊ folic acid၊ polyphenols၊ carotenoid pigments၊ phytosterols၊ enzymes နဲ့ co-enzymes တို့ […]


သဘာဝဆေးဖက်ဝင်

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

ထင်းရှူး ရနံ့မွှေးမွှေးလေးနဲ့ အပင်လေးကလည်း အမြင်လှပါတယ်။ ခရစ္စမတ်ကာလမှာ ခရစ္စမတ်ပင်ဆိုပြီး အလှဆင်ရာမှာ အသုံးပြုကြပါတယ်။ ထင်းရှူးသား အပြင်လွှာကို ထင်ရှူးပုံးလေးတွေ အဖြစ် အသုံးပြုကြသလို အတွင်းက အနှစ်သားကိုလည်း ထင်ရှူးသေတ္တာတွေ လုပ်တာ ရှိပါတယ်။ ထင်ရှူးဆီဆိုပြီးလည်း မီးမွှေးတဲ့နေရာမှာ အသုံးပြုကြပါတယ်။ မီးမွှေးဖို့ ထင်ရှူးဆီကို ခုတ်ကထဲက မွှေးပျံ့တဲ့ ရနံ့ကိုရစေတဲ့ ထင်ရှူးပင်က ဆေးဖက်ဝင်တယ်ဆိုတာကို သိပြီးပြီလား ....... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အခုတစ်ခေါက် ပြောပြချင်တာကတော့ ထင်ရှူးပင် ပင်စည်ရဲ့ အခေါက်ကနေ ရတဲ့ အဆီအနှစ်က ကျန်းမာရေးအတွက် ဘယ်လို အသုံးဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ထင်းရှူးခေါက်အဆီ ဆိုတာ ထင်းရှူးခေါက် အဆီဆိုတာ ထင်းရှူးပင် ပင်စည်မှာရှိတဲ့ အခေါက်တွေကနေ ထုတ်ယူထားတဲ့ အဆီတွေပါ။ ထင်းရှူးပင်က အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အညိုရောင် သစ်ခေါက်တွေနဲ့ […]


သဘာဝဆေးဖက်ဝင်

Juniper Berry ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ခေါင်းစဉ်ကို ဖတ်ပြီးတော့ ရင်းနှီးမှု မရှိဘူးလို့ ယူဆနိုင်ပါတယ်။ တကယ်လည်း ဒီအပင်က မြန်မာလူမျိုးတွေနဲ့ သိပ်မရင်းနှီးတာက အမှန်ပါ။ ဒီအပင်ကို မမြင်ဘူးပေမယ့် ဟင်းလျာတွေ အထူးသဖြင့် ဥရောပ ဟင်းလျာတွေထဲမှာတော့ စားဖူးနိုင်ပါတယ်။ ဒီ  juniper အပင်က အမြဲစိမ်းပင် တစ်မျိုးဖြစ်ပြီး ချုံနွယ်ပင် တစ်မျိုးပါ။ မြောက်အမေရိက၊ ဥရောပ၊ အာရှိဒေသတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ပေါက်ရောက်နိုင်ပါတယ်။ ဒီအပင်ကနေသီးတဲ့ အပြာရင့်ရောင် အသီးလေးတွေက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ https://hellosayarwon.com/herbals-alternatives/herbal-medicines/sunnhemp-health-benefits/ Juniper Berry ဆိုတာ ဘာလဲ ....... juniper berries ဆိုတာက juniper ပင်ရဲ့ အသီးပါ။ အသီးပုံစံက ဘယ်ရီသီးလေးတွေလို ခပ်သေးသေး အခိုင်လိုက်သီးတတ်ပြီး အရောင်က ဘလူးဘယ်ရီသီးလို အပြာရောင် ရင့်ရင့်လေးတွေပါ။ အနံ့ကတော့ သစ်သားနံ့နဲ့ […]


သဘာဝဆေးဖက်ဝင်

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေး​ကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။ သေချာစိုက်ထားတာ မဟုတ်တာတောင် အကောင်းဆုံး ရှင်သန်နေတဲ့ ဒီအပင်လေးတွေကို ငယ်ငယ်ကတော့ ဆင်နှာမောင်းလေးနဲ့ တူလို့ ချစ်စရာလေးဆိုပြီး ဆော့ဖို့ ခူးကြပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်ကတော့ ဒီအပင်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆင်နှာမောင်းပင် ဆိုတာ တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။ အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ […]


သဘာဝဆေးဖက်ဝင်

ထိကရုန်းပင် နဲ့ ကျန်းမာရေး

အရွက်လေးတွေက စီစီရီရီနဲ့ အစိမ်းနဲ့ နီမြန်းမြန်းလေး ရောနေပြီး ပန်းရောင် ပန်းလုံးလုံးတွေ ပွင့်တာကြောင့် အမြင်က ချစ်စရာကောင်းသလို ထိခိုက်ရင်လည်း အရွက်လေးတွေက အိပ်သွားတာကြောင့် မြင်တာနဲ့ လက်ချောင်းလေးတွေနဲ့ သွားသွားထိပြီး ဆော့လေ့ရှိတဲ့ ထိကရုန်းပင် လေးကို ငယ်ငယ်က မဆော့ခဲ့ဖူးသူဆိုတာ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ ဒီအပင်လေးက အမြင်အရ ချစ်ဖို့ ကောင်းသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိကရုန်းမှာ ကုန်းထိကရုန်းရယ်၊ ရေထိကရုန်းရယ်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ ကုန်းထိကရုန်းလေးရဲ့ ဆေးဖက်ဝင်ပုံလေးကို ပြောပြပေးချင်တာပါ။ ထိကရုန်းဆိုတာ ထိကရုန်း ဆိုတာကအရွက် သေးသေးလေးတွေ အများကြီးပါတဲ့ အရွက်လေးတွေ ရှိပါတယ်။ မြေပြင်မှာ ကပ်ပေါက်လေ့ရှိပြီး အရိုးတံလေးတွေက အနီရောင်လေးတွေ ရှိပါတယ်။ အရွက် အပေါ်ပိုင်းက […]


သဘာဝဆေးဖက်ဝင်

သဘာဝဆေးဖက်ဝင် အပင်များ

မြန်မာနိုင်ငံမှာ သဘာဝဆေးဖက်ဝင် အပင်တွေက တော်တော်ခေတ်စားပါတယ်။ အနောက်တိုင်း ဆေးဝါးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဆေးဖက်ဝင်အပင်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို ပြောပြပေးလိုပါတယ်။ သဘာဝဆေးဖက်ဝင် အပင်ဆိုတာ အပင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရွက်၊ အမြစ် စတဲ့ ပဉ္စငါးပါးကို လိုသလိုပြုပြင်ပြီး အသုံးချတာပါ။ ဒါတွေကို ရိုးရာနည်းအရ ပြုတ်သောက်၊ သုပ်စား စတာတွေ လုပ်သလို နောက်ပိုင်းမှာ ဆေးဖော်တဲ့နေရာ၊ အနောက်တိုင်းဆေးတွေလို ဆေးတောင့်တွေအနေနဲ့ သုံးလာကြပါပြီ။ ဒါပေမယ့် ဒီဆေးတွေက တခြားဆေးတွေလိုပါပဲ။ သေသေချာချာ မသုံးဘူးဆိုရင် ခန္ဓာကိုယ်ကို ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင် အပင်တွေကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ တခြားသောက်နေတဲ့ ဆေးတွေရဲ့ အာနိသင်ကို ကျစေ၊ တိုးစေနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကနေ […]


သဘာဝဆေးဖက်ဝင်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ သဘာဝတရားကြီးက လူသားတွေကို ကမ္ဘာမြေပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးပါတယ်။ အစားအစာ ကနေစလို့ ဆေးဝါး၊ အိမ်ဆောက်ဖို့ လိုအပ်မယ့်အရာတွေနဲ့ သောက်ဖို့ ရေ ကအစ အစစအရာရာကို ထောက်ပံ့ပေးထားတာပါ။ ဒီလို ထောက်ပံ့ပေးမှုတွေထဲမှ လူသားတွေ ရှင်သန်စေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာတွေကတော့ အပင်တွေပါပဲ။ အချို့သော အပင်မျိုးစိတ်တွေက လူသားတွေ မဖြစ်လာခင်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာပါ။ ဒီလိုမျိုး ရှေးအစဉ်အဆက် ကာလတွေကတည်းက ရှင်သန်ဖို့အတွက် အသုံးပြုခဲ့ကြတဲ့ အုန်းပင်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ အုန်းပင် ဆိုတာ အုန်ပင်ဆိုတာက လူတိုင်းနီးပါး မြင်ဖူးနေမယ့် အပင်ပါ။ ပင်လယ်ကမ်းခြေ ဒေသတွေမှာ အများဆုံး ပေါက်ရောက်ပါတယ်။ အုန်းပင်ရဲ့ အခက်အလက်တွေကို လူသုံးကုန် အဖြစ် […]


သဘာဝဆေးဖက်ဝင်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က နွေရာသီမှာ အတော်လေး အေးမြတဲ့ အရိပ်ကိုပေးပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေကို အများဆုံး မြင်တွေ့ရပါတယ်။ မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေတယ် ဆိုတာကိုး။ တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို အတူတူကြည့်လိုက်ရအောင်နော်။ မန်ကျည်းခေါက် ဆိုတာ မန်ကျည်းခေါက် ဆိုတာက ပင်စည် ဒါမှမဟုတ် အကိုင်းရင့်ရင့်လေးတွေရဲ့ ပင်စည် အပြင်ဘက်ကနေ ကာရံထားတဲ့ အခေါက်လေးတွေပါ။ အညိုပွေး ရှိပါတယ်။ မန်ကျည်းခေါက် က အနီရောင်ထွက်တာ ရှိသလို မန်ကျည်းအဖြူခေါက်လည်း […]


သဘာဝဆေးဖက်ဝင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက် ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ထောလပတ်ရွက် လို့ ပြောလိုက်ရင် အုန်းဆီထဲထည့်ပြီး လိမ်းရမယ်။ ဆံပင် နက်စေတယ်။ ဆံပင် သန်စေတယ်။ ဆံပင်ကျွတ်တာကို သက်သာစေတယ် ဆိုတဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲကို အရင်ဆုံးရောက်လာတယ်ဟုတ်။ တကယ်ကတော့ ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ https://hellosayarwon.com/herbals-alternatives/herbal-medicines/candlestick-plant/ ထောလပတ်ရွက် ရဲ့ လူသိနည်းသေးတဲ့ ကျန်းမာရေးအာနိသင်အချို့ ထောလပတ်ရွက် ဆံပင်တွေကို သန်စွမ်းနက်မှောင်စေသလို အခုလို ကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အရေပြားပြဿနာတွေကို သက်သာစေတယ်။ ထောလပတ်ရွက်က အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အရေပြားယားယံတာ၊ နှင်းခူ၊ ဆိုရီရေးစစ်၊ ပွေး စတာတွေ သက်သာစေဖို့ ရေစင်စင်ဆေးထားတဲ့ ထောလပတ်ရွက်ကို ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။ နနွင်းလေးနဲ့ ရောလူးရင် ပိုထိရောက်ပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

သန်စွမ်းကျန်းမာမှုက လူတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပေါ့။ နေကောင်းနေချိန်မှာ နေကောင်းကျန်းမာမှုရဲ့ တန်ဖိုးကို သတိမထားမိကြပေမယ့် နေထိုင်မကောင်းတဲ့အခါ နေမြန်မြန်ကောင်းချင်လိုက်တာဆိုတာက လူတိုင်းပြောမိနေကျစကားပါ။ ကျန်းမာစွာနေထိုင်ခြင်းအခန်းကဏ္ဍမှာ ဓာတ်စာတွေကလည်း အရေးကြီးတဲ့ နေရာတစ်ခုမှာပါဝင်နေပါတယ်။ဒီဆောင်းပါးလေးမှာတော့ ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း က ဘာများ ဖြစ်မလဲ။ ဂျင်ဆင်းကို ဘာလို့ ခေတ်အဆက်ဆက် ယနေ့တိုင်အောင် ကျန်းမာခြင်းအတွက် အကောင်းဆုံးအကျိုးပြုနိုင်တဲ့ ဓာတ်စာတစ်ခုအဖြစ်ဘာလို့အသုံးပြုခဲ့ကြတာလဲဆိုတာ သေချာဖော်ပြထားပါတယ်။ ဖတ်ကြည့်ပေးပါနော်။ သန်စွမ်းကျန်းမာမှုရဲ့ လျှို့ဝှက်ချက် သန်စွမ်းကျန်းမာစေဖို့ ရှေးယခင်ကာလတွေကတည်းက အာရှဒေသတစ်ခွင်မှာ မှီဝဲခဲ့တဲ့ သဘာဝ ဓာတ်စာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရုတ်ကားတွေကနေတဆင့် ရင်းနှီးခဲ့တဲ့ ဂျင်ဆင်းပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ အာရှဒေသက နိုင်ငံအတော်များများ နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ရောဂါတွေကို ကုသဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် ဂျင်ဆင်းကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်