backup og meta

ပုလဲပန်း ဆေးဖက်ဝင်သလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုလဲပန်း ဆေးဖက်ဝင်သလား!

    ပုလဲပန်းဆိုတာက ထူထူထဲထဲ ပေါက်ရောက်လေ့ရှိတဲ့ အပင်ရဲ့ ပန်းပွင့်လေးတွေပါ။ အခိုင်လိုက် အစုပ်လိုက် ပွင့်တတ်ပြီး အနံ့လေးကလည်း သင်းသင်းလေး မွှေးပါတယ်။ ပုလဲပန်းကို အမွှေးနံ့သာတွေ ထုတ်လုပ်ရာမှာ အသုံးပြုကြသလို ဆေးဝါးကုသရာမှာ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ အမြင်အရ ချစ်စရာကောင်းသလို မွှေးရနံ့လေးကလည်း လန်းဆန်းစေတဲ့ ပုလဲပန်း ဆေးဖက်ဝင်သလား! ဆိုတာကို အတူတူ ကြည့်လိုက် ရအောင်နော်။

    ပုလဲပန်း ဆိုတာ

    ပုလဲပန်းဆိုတာက အဖြူရောင် ဒါမှမဟုတ် ဝါဖန့်ဖန့် အရောင်ရှိပြီး ပန်းရောင်မကျ ခရမ်းရောင် မကျလေးလည်း ရှိပါတယ်။ အစုပ်လိုက် ပွင့်တတ်ပြီး အဖူးလေးတွေက လုံးလုံးလေးတွေပါ ပုလဲလုံးလေးတွေ သီထားသလိုပါပဲ။ အမြင်အရ အတော်လေး ချစ်စရာ ကောင်းပါ။ အပင်ကြီးမျိုးဖြစ်ပြီး ဝတ်ဆံလေးတွေက အဝါရောင် အလုံးလေးတွေပါ။

    အခြောက်ခံ သန့်စင်ပြီး ရေနွေးကြမ်းအဖြစ် အသုံးပြုကြတာမျိုး ရှိသလို သတ္တုရည်၊ အဆီအနှစ် စတာတွေကို အသုံးပြုတာမျိုးတွေလည်း ရှိပါတယ်။ အရွက်ကတော့ အစိမ်းရောင် ခပ်ဖားဖားလေးတွေပါ။ နယူးဇီလန် မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး အေးမြတဲ့ ရာသီမှာ ပေါက်ရောက်ပါတယ်။ 

    ပုလဲပန်း ဆေးဖက်ဝင်သလား!

    ပုလဲပန်း ဆေးဖက်ဝင်သလား! ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ပုလဲပန်းလေးတွေက အမြင်အရ ချစ်စရာ ကောင်းရုံတင် မဟုတ်ဘဲ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

    ထိပ်ကပ်နာ သက်သာစေတယ်

    ပုလဲပန်းက ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ကာလတွေမှာ ဓာတ်မတည့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ထိပ်ကပ်နာကို သက်သာစေနိုင်ပါတယ်။ 

    အသက်ရှူလမ်းကြောင်း ကျန်းမာစေသလို အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ၊ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲတွေများနေတာကို သက်သာစေနိုင်ပါတယ်။ အအေးမိတာကြောင့် ဖြစ်တဲ့ နှာစေးနှာပိတ်တာနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အသက်ရှူရခက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ 

    အသားအရေနဲ့ ဆံသား ကျန်းမာစေတယ်

    ပုလဲပန်းက အရေပြားနဲ့ ဆံသားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အရေပြားမှာဖြစ်တဲ့ အနာတွေ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်ဝင်းပစေဖို့လည်း ထောက်ကူပေးပါ တယ်။ 

    ဝက်ခြံတွေကို သက်သာစေသလို အဆီပြန်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားကို ကျန်းမာလှပစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံသားကျန်းမာစေဖို့ ဦးရေပြား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်ပါတယ်။

    အဖျားသက်သာစေနိုင်တယ်

    ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ပုလဲပန်းကို အဖျားသက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ချွေးဂလင်းလေးတွေကို ကျန်းမာစေပြီး ချွေးထွက်စေဖို့ လှုံ့ဆော်ပေးလို့ ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေသလို အဖျားသက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    လန်းဆန်းစေနိုင်တဲ့ ရနံ့လေးကို ပိုင်ဆိုင်ထားတဲ့ ပုလဲပန်းက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိုးရိမ်စိတ် များတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပြီး ဦးနှောက် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

    အရောင်ကျစေနိုင်တယ်

    ပုလဲပန်းရော ပုလဲပန်းအရွက်မှာပါ အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေဖို့ ပုလဲပန်း ပြုတ်ရည်ကို ရောင်တဲ့နေရာမှာ တိုက်ရိုက် အသုံးပြုပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    မျက်လုံး ကျန်းမာစေတယ်

    ပုလဲပန်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်လုံးအောင့်တာ၊ မျက်စိညောင်းတာတွေကို သက်သာစေဖို့ ပုလဲပန်း စိမ်ရည်သန့်သန့်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ပင်ပန်းညောင်းညာနေတဲ့ မျက်လုံးလေးတွေကို အနားပေး လန်းဆန်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ  အသုံးပြုမိမယ်ဆိုရင်တော့ – 

  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
  • ဘယ်သူတွေ မစားသင့်ဘူးလဲ!

    ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်

    • အစာခြေစနစ် ပြဿနာ ရှိသူတွေ
    • ရောဂါအခံ ရှိသူတွေ
    • ကိုယ်ဝန်ဆောင်တွေ
    • နို့တိုက်မိခင်တွေ အနေနဲ့ အသုံးမပြုသင့်ပါဘူး။ 

    သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

    ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

    ပုလဲပန်း ဆေးဖက်ဝင်သလား

    ပုလဲပန်းက အခုလို ဆေးဖက်ဝင်ပါတယ်။
    • ထိပ်ကပ်နာ သက်သာစေတယ်
    • အသားအရေနဲ့ ဆံသား ကျန်းမာစေတယ်
    • အဖျားကျစေတယ်
    • စိတ်ဖိစီးမှု သက်သာစေတယ်
    • အရောင်ကျစေတယ်
    • မျက်လုံး ကျန်းမာစေတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement