သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Damiana (ဒါမီရာနာ)

အသုံးပြုပုံများDamiana (ဒါမီရာနာ) ကို ဘာအတွက်အသုံးပြုကြသလဲ Damiana ကို ခေါင်းကိုက်ခြင်း၊ အိပ်ရာစိုခြင်း၊ စိတ်ကျရောဂါ၊ အစာအိမ်ရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို ကုသဖို့အတွက် အသုံးပြုပါတယ်။ သူ့ကို လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့နဲ့ ပျောက်ကင်းစေဖို့အတွက်လည်း အသုံပြုပြီး စိတ်ရောလူပါ သက်လုံကောင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Damiana (ဒါမီရာနာ) ဘယ်လိုအလုပ်လုပ်လဲ Damiana ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက ဒီဆေးရဲ့ ကာမအားတိုးစေခြင်း အာနိသင်ဟာ ယောက်ျားဟော်မုန်းလိုမျိုး ဆောင်ရွက်တဲ့ alkaloid တစ်မျိုးပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များDamiana (ဒါမီရာနာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ Damiana ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး […]


သဘာဝဆေးဖက်ဝင်

Bethroot (ဘတ်ဒ်အမြစ်)

အသုံးပြုပုံများBeth အမြစ် ကို ဘာအတွက်အသုံးပြုကြသလဲ Beth အမြစ်ကို ဘာအတွက်အသုံးပြုပါသလဲ။ Beth အမြစ်သည် အမြစ်၊ ပင်စည်နှင့် အရွက်တို့ကို ဆေးအဖြစ်အသုံးပြုသော အပင်တစ်ခုဖြစ်သည်။ ဘေးထွက်ဆိုးကျိုူးများရှိမည်ကို စိတ်ပူရသော်လည်း ထိုဆေးပင်ကိုအမျိုးသမီးများရာသီသွေးလာသောအချိန် များပြီးနာကျင်သည့်အခါတွင် သုံးကြသည်။ ထိုဆေးပင်ကို အရောင်ကျရန် နှင့် ရင်ဘတ်အောင့်ခြင်းများသက်သာစေရန်လည်းသုံးကြသည်။ ထို့အပြင် ပိုးမွှားများကိုက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ သွေးအကျိတ်၊ သွေးပြန်ကြောဖောင်းခြင်း၊ နှင့် အနာများတွင်လည်း သုံးသည်။ အဖြူဆင်းများသောအခါတွင်လည်း ထိုဆေးပင်ကို သုံးကြသည်။ ချောင်းဆိုးပျောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး သွေးထွက်ခြင်း၊ မြွေကိုက်သောအနာနှင့် အရေပြားယားယံခြင်းများတွင်လည်း သုံးကြသည်။ ထိုအပင်သည် မျိုးတုန်းတော့မည့် အပင်အမျိုးအစားများတွင်ပါဝင်ပြီး သဘာဝပေါက်ရောက်သောနေရာများမှ မခူးဖြတ်သင့်ပေ။ ဘယ်လိုအလုပ်လုပ်လဲ ယခုအထိ ထိုဘယဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများ မရှိသေးပါ။ ထို့ကြောင့် ထို့ထက်ပိုသိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် အချို့သော လေ့လာမှုများတွင် သွေးထွက်နည်းစေပြီး […]


သဘာဝဆေးဖက်ဝင်

Boron (ဘိုရွန်)

အသုံးပြုပုံများဘိုရွန် ကို ဘာအတွက်အသုံးပြုကြသလဲ ဘိုရွန် သည် သဘာဝအတိုင်းတွေ့ရသော သတ္ထုဓါတ်တစ်မျိုးဖြစ်သည်။ အရိုးသိပ်သည်းဆကောင်းစေရန်၊ အရိုးအဆစ်ရောင်ရောဂါကို သက်သာစေရန်၊ ကြွက်သားများသန်မာစေရန်၊ တက်စရိုစတီရုန်းဟော်မုန်းပမာဏများစေရန်၊ နှင့် အတွေးအခေါ်ကောင်းစေရန်အတွက် ဘိုရွန်ကို အသုံးပြုကြသည်။ ဘိုရစ်အက်ဆစ်ကို သွေးတိတ်စေသောဆေးအဖြစ်သုံးကြပြီး၊ မျက်စဉ်းခတ်ရန်အတွက်လည်း အသုံးပြုကြသည်။ တခါတရံ အမျိုးသမီးများ၏ မိန်းမကိုယ်တွင် ဖြစ်တတ်သော မှိုစွဲသောရောဂါအတွက် ဘိုရစ်အက်ဆစ်ပါသော ဆေးကို မိန်းမကိုယ်ထဲထည့်ပြီးကုသကြသည်။ ဘယ်လိုအလုပ်လုပ်လဲ ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဘိုရွန် သည် အစားအစာမှ ကယ်စီယမ်ဓါတ်၊ ဖော့စဖိတ်ဓါတ်နှင့် မက်ဂနီဆီယမ်ဓါတ်များကို စုပ်ယူမှုအပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်းကို လေ့လာထားသော လေ့လာမှုများရှိသည်ကို တွေ့ရသည်။ ယခုအခါ သုတေသနပညာရှင်များနှင့် ဆေးဝါးထုတ်လုပ်သောလုပ်ငန်းများသည် ဆေးများထုတ်လုပ်ရာတွင် ကာဗွန်အစားထိုးသုံးနိုင်ရန် ဘိုရွန်ကို ပို၍စိတ်ဝင်စားလာကြသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဘိုရွန် […]


သဘာဝဆေးဖက်ဝင်

ကော်ဖီ က ဘယ်လို ဆေးဖက်ဝင်လဲ

မနက်တစ်ခွက် နေ့လယ် တစ်ခွက်နဲ့ သောက်သောက်ဖြစ်နေတဲ့ ကော်ဖီက ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဘယ်လို အကျိုးပြုတာလဲ။ ဘာတွေကို သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ အသုံးပြုပုံများ ကော်ဖီ ကို ဘာအတွက်အသုံးပြုကြသလဲ ကော်ဖီကို စိတ်လန်းဆန်းစေရန်၊ စိတ်ခံစားမှုကောင်းစေရန်၊ လေ့ကျင့်ခန်းလုပ်လျှင်ခံနိုင်ရည်ရှိရန်နှင့်အဆုတ်လမ်းကြောင်းကျယ်စေရန် အသုံးပြုကြပါတယ်။ ကော်ဖီကို ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ နှင့် အအေးမိခြင်း တို့အတွက် ပါးစပ်မှသောက်ကြပြီး၊ အိုပီယမ် အဆိပ်မိခြင်းအတွက် ဖြေဆေးအနေနဲ့ စအိုကနေ ထည့်သွင်းကုသကြပါတယ် ဘယဆေးကုသမှုတွင် အစားအသောက်စားချင်စိတ်ကို လှုံ့ဆော်ရန် နှင့် အစာခြေခြင်းကို ကောင်းစေရန်ကော်ဖီကို အသုံးပြုကြသည်။ ကော်ဖီသည် နှာခေါင်းသွေးလျှံခြင်းကို သက်သာစေပြီးသွေးလှည့်ပတ်မှုကောင်းစေသည်။ ပါကင်ဆန်ရောဂါနှင့် သည်းခြေကျောက်ဖြစ်ပွားခြင်းကိုလည်းကာကွယ်ပေးသည်။ လူတို့သည် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခြင်းကို သက်သာစေရန်နှင့် စိတ်လန်းဆန်းစေရန် ကော်ဖီကို သောက်သုံးကြသည်။ ကော်ဖီကို ပါကင်ဆန်ရောဂါ၊ သည်ခြေကျောက်တည်ခြင်း၊ အမျိုးအစား - ၂ ဆီးချိုရောဂါ၊ […]


သဘာဝဆေးဖက်ဝင်

ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ

ဆေးရွက်ကြီးလို့ ပြောလိုက်ရင် ဆေးလိပ်၊စီးကရက် နဲ့ ကွမ်းထဲမှာထည့်ဝါးကြတဲ့အရာ၊ ရောဂါဖြစ်စေတဲ့အရာလို့ပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးချည်းသက်သက် ရှိနေတဲ့ အပင်မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဆေးရွက်ကြီးကို အကျိုးရှိရှိအသုံးပြုခဲ့တာမျိုးလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် ကျန်းမာရေးကို အထောက်အကူပြုမှာ မဟုတ်လောက်ပါဘူးလို့ ထင်ထားတဲ့ ဆေးရွက်ကြီးရဲ့ အသုံးဝင်ပုံလေးကို ပြောပြပေးမယ်နော်။ ဆေးရွက်ကြီး ဆိုတာ ဘာလဲ....... ဆေးရွက်ကြီး ဆိုတာက အာဂျင်တီးနားမျိုးရင်းပင်တစ်မျိုးပါ။ အမြင့် ၅ မီတာဝန်းကျင်လောက်သာရှိတဲ့ အပင်ပုတစ်မျိုးပေါ့။ အရွက်က ခပ်ဖားဖားပုံစံရှိပြီး ဒီခပ်ဖားဖားပုံစံ အရွက်မှာ anabasine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအရွက်ကို အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ ဆေးရွက်ကြီးက တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အနည်းအကျဉ်းသုံးရင် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံ […]


သဘာဝဆေးဖက်ဝင်

မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ် နွေပူပူမှာ ရင်အေးစေတဲ့ သောက်စရာအနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးက သွေးသန့်စေသလို အရေပြားကနေစလို့ အစာခြေစနစ်ကျန်းမာရေးအထိ အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိနေတာ တစ်ခု ရှိပါတယ်။ ဒါကတော့ မန်ကျည်းသီးရဲ့ အနှစ်ကို စားသုံးကြပေမယ့် မန်ကျည်းစေ့ ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ မန်ကျည်းသီး အနှစ်ကတင်မဟုတ်ဘဲ မန်ကျည်းစေ့လေးက လည်းပဲ ဆေးဖက်ဝင်ပါတယ်။ မန်ကျည်းစေ့ ဆိုတာ မန်ကျည်းစေ့ ဆိုတာက မန်ကျည်းသီးမှည့်ရဲ့ အတွင်းထဲက အညိုရောင် ဒါမှမဟုတ် အမည်းရောင် ပြောင်ပြောင် အစေ့လေးပါ။ မာကျောပြီး အသုံးမဝင်ဘူးထင်ရပေမယ့် အတော်လေး အသုံးဝင်ပါတယ်။ မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ် မန်ကျည်းစေ့လေးက ဆေးဖက်ဝင်တယ်လို့ ပြောရတာက မန်ကျည်းစေ့မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း