backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ကျန်းမာရေး ကောင်းအောင်ပဲ ဖြစ်ဖြစ်၊ အားရှိအောင်ပဲ ဖြစ်ဖြစ် ဆိုပြီး ပျားဝတ်မှုန်ကို စားနေကြလား။ ဒါဆိုရင်တော့ ဒီလို ပုံမှန် သောက်သုံးနေတဲ့ ပျားဝတ်မှုန်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ပျားဝတ်မှုန် ဆိုတာ

ပျားဝတ်မှုန်က ပန်းဝတ်မှုန်၊ ဝတ်ရည်တွေ၊ ပျားဝတ်မှုန်၊ အင်ဇိုင်းတွေ၊ ပျားရည်၊ ပျားဖယောင်းတွေ ရောစပ်ထားတဲ့ သဘာဝ အရောအစပ် တစ်မျိုးပါ။ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုးပါ။

ပျားဝတ်မှုန်မှာ ဘာတွေပါလဲ

ပျားဝတ်မှုန်မှာ အခုလို အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပျားဝတ်မှုန်မှာ

  • tocopherol၊
  • niacin၊
  • thiamine၊
  • biotin၊
  • folic acid၊
  • polyphenols၊
  • carotenoid pigments၊
  • phytosterols၊
  • enzymes နဲ့
  • co-enzymes တို့ ပါဝင်နေပါတယ်။

ပျားဝတ်မှုန်ကို ဘာတွေအတွက် အသုံးပြုကြသလဲ ………

ပျားဝတ်မှုန်ကို အခုလို ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။

ဒါတွေအပြင် ပျားဝတ်မှုန်ကို

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား …….. ဆိုတော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ပျားဝတ်မှုန်ကို အသုံး အများဆုံး တစ်ခုက ရာသီကြောင့် ဓာတ်မတည့်မှု ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ရာသီ အကူးအပြောင်းမှာ ဓာတ်မတည့်မှု ဖြစ်တာတွေကို သက်သာစေဖို့လည်း ပျားဝတ်မှုန်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်မတည့်ဖြစ်လွယ်တဲ့သူတွေအနေနဲ့ ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

ပျားဝတ်မှုန်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက သွေးတွင်းကိုလက်စထရော ကျစေနိုင်တာပါ။ ဒါကြောင့် သွေးတွင်းကိုလက်စထရော များနေမယ်ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန်လေး သောက်သုံးပေးလို့ ရပါတယ်။

ပျားဝတ်မှုန်က အသည်းကျန်းမာစေသလို အသည်း မပျက်စီးစေဖို့လည်း ထောက်ကူပေးပါတယ်။ အသည်း မကျန်းမာသူတွေ စားသုံးပေးလို့ ရသလိုအရက်တွေ၊ ဆေးဝါးတွေကြောင့် အသည်းပျက်စီးတာတွေကို ကာကွယ်ဖို့လည်း သောက်ပေးလို့ ရပါတယ်။

အသည်းဆဲလ်တွေ ကျန်းမာစေဖို့လည်း ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

ပျားဝတ်မှုန်ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ အရိုးပွတာကို သက်သာစေနိုင်တာပါ။ ပျားဝတ်မှုန်က ကယ်လ်ဆီယမ်၊ ဖော့စဖရိတ် ပမာဏကို မြင့်တက်စေဖို့ ထောက်ကူပေးပြီး အရိုးပွတာ၊ အရိုးပါးတာတွေကို သက်သာစေနိုင်ပါတယ်။

အရိုးပွတာကို ကာကွယ်ဖို့လည်း ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

ကဲ …….. ဒီလို အကျိုးကျေးဇူးလေးတွေ ရရှိစေဖို့ ပျားဝတ်မှုန်လေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်နော်။ ကာကွယ်ဖို့ရော ကုသဖို့အပြင် ပုံမှန် ဓာတ်စာ အနေနဲ့ပါ ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ!

ရောဂါအခံ ရှိသူတွေ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ပုံမှန်ဆေးသောက်နေရမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

ဘာတွေ သတိထားရမလဲ!

ကျန်းမာရေးပြဿနာ တစ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆေးနဲ့အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

ပျားဝတ်မှုန်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement