သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက်

ဆေးခြောက်လို့ ပြောလိုက်ရင် တော်တော်များများ အရင်ဆုံးတွေးမိနိုင်တာက ဆေးခြောက်ဆိုတာက မူးယစ်ဆေး တစ်မျိုးလို့ပေါ့။ နောက်ပြီး မကောင်းတဲ့ အရာလို့ပေါ့။ တကယ်ကတော့ ဆေးခြောက်က ဆေးပညာအရ ဆေးဖက်ဝင်တယ်ဆိုတာပါ။ ဘာကြောင့် သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သုံးတတ်ရင်​ ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတဲ့ အကြောင်းအရင်းက ဆေးခြောက်မှာပါတဲ့ Cannabidiol (CBD) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ပုံမှန်အတိုင်းကတော့ ထိခိုက်စေတာမျိုး မရှိပါဘူး။ ပြောချင်တာကတော့ မဟိုက်စေဘူးပေါ့။ Cannabidiol (CBD) ဒြပ်ပေါင်းက ဆေးခြောက်ပင် ထဲမှာ တွေ့ရှိနိုင် သလို ဆေးခြောက်ပင် မဟုတ်တဲ့ အပင်တွေထဲမှာလည်း တွေ့ရှိရနိုင်ပါတယ်။  အချို့သော […]


သဘာဝဆေးဖက်ဝင်

ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား!

ခေါင်ရမ်းပင်က အရွက်စိမ်းစိမ်းလေးတွေနဲ့ အပွင့်နီနီလေးတွေ တွဲလောင်းသဏ္ဍာန် ပွင့်နေတဲ့ အပင်တစ်မျိုးပါ။ နီနီရဲရဲ အသွင်နဲ့ ချစ်စရာကောင်းတဲ့ ခေါင်ရမ်းပန်းလေးတွေကို ခြံစည်းရိုး ပန်းပင်အဖြစ် စိုက်ပျိုးလေ့ ရှိကြပါတယ်။ ဒီလို အလှအနေနဲ့ စိုက်တဲ့ ခေါင်းရမ်းပင် ဆေးဖက်ဝင်သလား! ဆိုပြီးများ စဉ်းစားဖူးလား ….. စဉ်းစားဖူးတယ်ဆိုရင်တော့ အဖြေလေးကို ဆောင်းပါးထဲမှာ ကြည့်ကြည့်လိုက်တော့နော်။ ခေါင်ရမ်းပင် ဆိုတာ ခေါင်းရမ်းပင် ဆိုတာက ဝတ်ဆံ ဝါဝါလေးတွေနဲ့ ပွင့်ဖက် ဝတ်ဆံတိုင် နီနီရဲရဲ နဲ့ တွဲလောင်းပွင့်တတ်တဲ့ ပန်းလှလှလေးတွေ ပွင့်တဲ့ အပင် တစ်မျိုးပါ။ အရွက်လေးတွေက ဝိုင်းဝိုင်းဖားဖားလေးတွေရှိပါတယ်။ အဖျားမှာ အရွက် ချွန်ချွန်လေးတွ နဲ့လည်း ရှိပါတယ်။ ခေါင်ရမ်းပန်းက အနီ၊ အဖြူ၊ ပန်းရောင်၊ ခရမ်း ဆိုပြီး အမျိုးမျိုး ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ […]


သဘာဝဆေးဖက်ဝင်

ဇီးဖြူသီးစေ့ စားလို့ ရလား!

ဇီးဖြူသီး အသားကို စားလို့ရတယ်။  ဆေးဖက်ဝင်တယ်။  ဇီးဖြူသီးစေ့ စားလို့ ရလား !ဆိုတာကို သိချင်လား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။  ဇီးဖြူသီး အသားကို စားလို့ရတယ်ဆိုတာကို သိပေမယ့် ဇီးဖြူသီး အစေ့ကို စားလို့ရတယ်ဆိုတာကတော့ သိသူ ခပ်ရှားရှားပါ။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးရော ဇီးဖြူသီးစေ့ စားလို့ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူး ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို သိချင်တယ် ဆိုရင်တော့ စာလေးကို ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။  ဇီးဖြူသီးစေ့ ဆိုတာ ဇီးဖြူသီးစေ့ ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံးသိပြီး ဖြစ်တဲ့ ဇီးဖြူသီးလေးတွေရဲ့ အစေ့ပါ။ အစိမ်းရောင် နုနုလေးပါ။ အထဲက အဆံကို စားပေးလို့ ရပါတယ်။  https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-rambutan-seeds/ ဇီးဖြူသီးစေ့မှာ ဘာတွေပါလဲ! ဇီးဖြူသီးစေ့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။  ရေဓာတ် အဆီဓာတ် ပရိုတင်း […]


သဘာဝဆေးဖက်ဝင်

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!

ဇီးဖြူသီးဆိုတာကို လူတိုင်း ရင်းနှီးပြီးသား ဖြစ်ပေမယ့် အခုပြောပြမယ့် ဟိမဝန္တာ ဇီးဖြူသီး ကိုတော့ သိပ်မသိလောက်ကြဘူး ထင်ပါတယ်။ ဒီအသီးက ဇီးဖြူသီးတစ်မျိုး ဆိုပေမယ့် အရောင်က အနီရောင် သန်းသလို အရွက်တွေကအစ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အပင်ရဲ့ အသီးအရွက်တွေနဲ့ မတူပါဘူး။ ဟိမဝန္တာဒေသမှာ အဓိက ပေါက်ရောက်တာကြောင့် ဟိမဝန္တာ ဇီးဖြူလို့ ခေါ်ကြတာပါ။ အသွင်အပြင်အရ ချစ်စရာကောင်းတဲ့ ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား! ဘာတွေကိုရော သတိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဟိမဝန္တာ ဇီးဖြူသီး ဆိုတာ ဟိမဝန္တာ ဇီးဖြူသီးဆိုတာက အနီရောင် အသီးကြည်ကြည်လေးတွေပါ။ အပင်က အပင်ကြီးမျိုး ဖြစ်ပြီး အရွက်ခပ်ဖားဖားနဲ့ အပွင့်ကလည်း ပန်းရောင်ရင့်ရင့်လေး ရှိပါတယ်။ ဘယ်ရီသီး မျိုးဝင် အပင်ရဲ့ အသီးဖြစ်ပြီး ဒီအပင်တွေက […]


သဘာဝဆေးဖက်ဝင်

ဇီဇဝါပန်း ဆေးဖက်ဝင်သလား !

အနံ့လေးရရင် အမောပြေစေပြီး အဆင်းလေးများ မြင်ရရင် နှစ်ခြိုက်သဘောကျစရာကောင်းတဲ့ ဇီဇဝါပန်းလေးကို မသိသူကတော့ ခပ်ရှားရှားပါ။ ခြံစည်းရိုးပန်းပင် အဖြစ် စိုက်ပျိုးကြတာမျိုး ရှိသလို အလှစိုက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတာကို တွေးမိဖူးလား ….. ဒီတစ်ခေါက်တော့ ချစ်စရာကောင်းတဲ့ ဇီဇဝါပန်းလေးက ဆေးဖက်ဝင်သလား… ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲ… ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ ဇီဇဝါပန်း ဆိုတာ ဇီဇဝါပန်းဆိုတာက အလယ်မှာ ဝတ်ဆံတိုင်လေးပါပြီး ရွက်ဖက်အဖြူနှစ်ရောင်လေးတွေ အထပ်အထပ်နဲ့ ရှိပြီး အညှာတံက စိမ်းရောင်ဖျော့ဖျော့လေးပါ။ အရွက်လေးတွေကတော့ သိပ်မရှည် သိပ်မဝိုင်းဘဲ အစိမ်းရင့်ရောင် စိုစိုလေးရှိပြီး ရွက်ကြောဖြာဖြာလေး ရှိပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/cassia-fistula-benefits/ ဇီဇဝါပန်း ဆေးဖက်ဝင်သလား ! ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ….. အရောင်ကျစေနိုင်တယ် ဇီဇဝါပန်းမှာ ပါဝင်နေတဲ့ […]


သဘာဝဆေးဖက်ဝင်

မိုးမခပင် ဆေးဖက်ဝင်သလား!

မိုးမခပင် ဆိုတာက နာမည်နဲ့ လိုက်အောင်ကို အပင်က မိုးဆီ မတက်ဘဲ ထိုက်သလောက် အမြင့်ကို ရောက်ချိန်မှာ မြေကြီးဆီကို  အကိုင်းတွေက ပြန်ပြီး တွဲလောင်းကျလာတဲ့ အပင် တစ်မျိုးပါ။ အပွင့် နီနီလေးတွေ ပွင့်တတ်ကြပါတယ်။ ဒီလို အမြင်ဆန်းတဲ့ မိုးမခပင် ဆေးဖက်ဝင်သလား! ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။  မိုးမခပင် ဆိုတာ မိုးမခပင် ဆိုတာက အပင်ကြီး တစ်မျိုးပါ။ မိုးမခပင်ကို Salicaceae မျိုးရင်းဝင် အပင်မျိုးပါ။ အရွက်က အစိမ်းရောင် ရှည်မြောမြော ပုံစံရှိပြီး အရှည်ကတော့ ၆ လက်မလောက်ထိ ရှည်ပါတယ်။ ရေနဲ့ နီးတဲ့ စိုစွတ်တဲ့ မြေဆီမှာ ပေါက်ရောက်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ မျိုးရင်းပင် တစ်မျိုးပါ။ တောရိုင်းတွေထဲမှာလည်း တွေ့ရနိုင်ပါတယ်။ ပင်စည်ရဲ့ အခေါက် […]


သဘာဝဆေးဖက်ဝင်

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား!

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား! လို့ မေးရင် တော်တော်များများ ပြန်ဖြေနိုင်မယ့် စကားလေး တစ်ခွန်းက ကြောင်လေးတွေအတွက်တော့ ဆေးဖက်ဝင်တယ်လေလို့ ဖြစ်မယ် ထင်တယ်နော်။ တကယ်ကတော့ ကြောင်ဆေးပင်က ကြောင်လေးတွေအတွက်ရော ကျွန်မတို့ လူသားတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ အတူတူ လိုက်ပါ ကြည့်ရှုလိုက်ပါဦးနော်။ ကြောင်ဆေးပင်ဆိုတာ ကြောင်ဆေးပင် ဆိုတာက ဆေးဖက်ဝင် အလေ့ကျပေါက်ပင် တစ်မျိုးပါ။ ကြောင်ဆေးပင်က ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ အရွက်လေးတွေက အစိမ်းဖားဖားလေးတွေရှိပြီး အပင်ငယ်လေး တစ်မျိုးပါ။ အပွင့်လေးတွေလည်း ပွင့်တတ်ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ယီမင်၊ တောင်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ ကြောင်ဆေးပင်လေးတွေကို ကားလမ်းမဘေး၊ ရထားလမ်းဘေး၊ မြစ်ကမ်းနားတွေ၊ တောတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ကြောင်ဆေးပင်ဆိုတာကို မိတ်ဆက်ပေးပြီးတဲ့ နောက်မှာတော့ ဘယ်လိုများ ဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/healthy-eating/nutrition-facts/kulekhara-health-benefits/ ကြောင်ဆေးပင် […]


သဘာဝဆေးဖက်ဝင်

သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား!

သင်္ဘောကသစ်ပင်ကို မြင်ဖူးသိဖူးသူ ရှားမှာပါ။ အနီရောင် အပွင့်လေးတွေ ပွင့်ပြီး အရွက်ကြောများများ အရွက်စိမ်း ဝိုင်းဝိုင်းလေးတွေ ရှိတဲ့အပင်တစ်မျိုးပါ။ ဒီလိုမျိုး အသွင်အပြင်အရ လှပတဲ့ သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။  သင်္ဘောကသစ်ပင် ဆိုတာ သင်္ဘောကသစ်ပင် ဆိုတာက အပင် တစ်မျိုးပါ။ အရွက်၊ ပင်စည်၊ အပွင့်၊ အမြစ်၊ အသီး၊ အစေ့ စတာတွေ အားလုံးလိုလို ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အပင်က အပင်ကြီးလို့ ဆိုလို့ မရသလို အပင်ငယ်တော့လည်း မဟုတ်ပါဘူး။ အပွင့်နီနီလေးတွေ ပွင့်တတ်ပါတယ်။ အရွက်ကတော့ ပိန္နဲရွက်နဲ့ ခပ်ဆင်ဆင်ပါ။ သင်္ဘောကသစ်ပင်က တောင်အမေရိက မျိုးရင်းပင်တစ်မျိုးပါ။ ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင်တဲ့ အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား! သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်သလဲ […]


သဘာဝဆေးဖက်ဝင်

ပျဉ်းမဖြူ ဆေးဖက်ဝင်သလား!

မြန်မာနိုင်ငံမှာ ဆေးဖက်ဝင် အပင်တော်တော်များများ ပေါက်ရောက်ကြတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုတတစ်ခေါက်မှာတော့ ကင်ဆာကို သက်သာစေတယ်ဆိုပြီး လူသိများလာတဲ့ ပျဉ်းမဖြူပင်အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဒါဆို မေးစရာ ရှိတာက အရိပ်ရအောင် စိုက်ပျိုးလေ့ ရှိတဲ့ ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ပျဉ်းမဖြူ ဆိုတာ ပျဉ်းမဖြူဆိုတာက အပွင့်လည်းပွင့်သလို အရိပ်လည်း ရစေတဲ့ အပင်ကြီးမျိုးပါ။ အရွက်တွေက ရွက်စုံထွက်တတ်ပြီး ရွက်ကြောဖြာဖြာ ဖားဖားဝိုင်းဝိုင်းပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်လာတာနဲ့ အမျှ ရွက်ကြောတွေ ထင်းလာသလို အစိမ်းရောင်ကလည်း ရင့်လာပါတယ်။ အပွင့်တွေကတော့ အဖြူရောင် အဆုပ်လိုက်လေးတွေ ပွင့်တတ်ပါတယ်။ အပွင့်ဖြူဖြူလေးတွေကြောင့်လည်း ပျဉ်းမဖြူလို့ ခေါ်ကြတာပါ။ https://hellosayarwon.com/herbals-alternatives/herbal-medicines/crepe-mrytle-benefits/ ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ […]


သဘာဝဆေးဖက်ဝင်

တတိုင်းမွှေး ဆေးဖက်ဝင်သလား!

တတိုင်းမွှေးပင်ကို မမြင်ဖူးရင်သာ နေကြမယ်။ အမည်ကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြောချင်တာက တတိုင်းမွှေး ဆေးဖက်ဝင်သလား  ဆိုတာပါ။ ကဲ …… ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တတိုင်းမွှေးပင် ဆိုတာ တတိုင်းမွှေးပင်ဆိုတာက ပန်းပွင့်တဲ့ အပင်တစ်မျိုးပါ။ Magnoliaceae မျိုးရင်းပင် တစ်မျိုးပါ။ ရှေးခေတ် ကာလတွေကလည်း ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အပင်ရဲ့ အပွင့်၊ အခေါက်၊ အဆီအနှစ် အားလုံးက ဆေးဖက်ဝင်ပါတယ်။  တတိုင်းမွှေးပင်က အရှေ့အာရှ နဲ့ အရှေ့တောင်အာရှ ဒေသမျိုးရင်းပင်တစ်မျိုးပါ။ များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။  တတိုင်းမွှေး ဆေးဖက်ဝင်သလား! တတိုင်းမွှေး ဆေးဖက်ဝင်သလား ဆိုတော့ တတိုင်းမွှေးပင်က ကျန်းမာရေးအတွက် ကောင်းကျိုး  များစွာ ရှိနေပါတယ်။ ဘယ်လို ကောင်းကျိုးတွေလဲဆိုတော့ တတိုင်းမွှေးပင်က […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း