backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

အမြင်ဆန်းသလို အရောင်အသွေးအရလည်း အေးမြစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အမြတ်တနိုး စိုက်ပျိုးထားတတ်တဲ့ လရောင်ဆမ်းမှ လန်းတယ်ဆိုတဲ့ ပန်းလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ ပဒုမ္မာကြာ ပါ။ နေအိမ်တွေမှာ စိုက်ပျိုးထားကြသလို ကော်ဖီဆိုင်တွေနဲ့ အပန်းဖြေ စခန်းတွေမှာ စိုက်ပျိုးထားတာမျိုးတွေလည်း ရှိကြပါတယ်။ ဒီလိုမျိုး လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးသွားပါမယ် နော်။ 

ပဒုမ္မာကြာ ဆိုတာ

ပဒုမ္မာကြာ ဆိုတာက ကြာပန်းမျိုးရင်းတော့ မဟုတ်ပါဘူး။ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ ကန္တာရမျိုးရင်းပင် တစ်မျိုးပါ။ နွယ်တက်တတ်တဲ့ အပူပိုင်း နွယ်ပင် တစ်မျိုးပေါ့။ ရိုးတံက အစိမ်းရောင် ဖျော့ဖျော့ကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပါတယ်။ ပွင့်ညှာလေးတွေကတော့ ခရမ်းရောင် ခပ်သန်းသန်းလေးပါ။  

ဒီပန်းလေးတွေရဲ့ ရိုးတံမှာ ရေတွေနဲ့ ပြည့်နှက်နေပြီး ရှားစောင်းလက်ပပ် ဂျယ်လီသားလို ခပ်ချွဲချွဲလေးပါ။ ပွင့်ခံဖက်လေးတွေကတော့ အညိုရောင်၊ လိမ္မော်ရောင်၊ သံပုရာခွံရောင်လေးတွေပါ။ အတွင်းက ပွင့်ဖက်လေးတွေကတော့ အဖြူရောင် လွှလွှလေးပါ။ ရနံ့လေးကလည်း မွှေးပါတယ်။ 

ပဒုမ္မာကြာက မက္ကဆီကို တောင်ပိုင်းနဲ့ တောင်အမေရိက မျိုးရင်ပင်တစ်မျိုးပါ။ လက်ရှိမှာတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က အပူပိုင်းဒေသတွေမှာ ပေါက်ရောက်နေကြပါတယ်။ 

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

အနံ့မွှေးသလို အသွင်ဆန်းတဲ့ ပဒုမ္မာကြာက သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး နှလုံးကြွက်သား တွေကို သက်သောင့်သက်သာ ဖြစ်စေပြီး နှလုံးရဲ့ သွေးလည်ပတ်မှု စနစ်ကို ကောင်းစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ရော နှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။

နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးသွေးကြောတွေ ပိတ်ဆို့တာ၊ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်

ပဒုမ္မာကြာပန်းရဲ့ အဆီအနှစ်က အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက်လည်း ပဒုမ္မာကြာပန်းကို အသုံးပြုကြတာတွေ ရှိပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေနိုင်တယ်

ပဒုမ္မာကြာပန်းက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်သလို ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ၊ ချွဲကြပ်တာ၊ ချောင်းဆိုးတာတွေကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာခေါင်းပိတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင် ပဒုမ္မာကြာကို အသုံးပြုပေးလို့ ရပါတယ်။ 

အစာကြေစေနိုင်တယ်

အစာမကြေတာ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့ ဖြစ်ဖြစ် ဝမ်းချုပ်တာကို သက်သာစေဖို့လည်း ပဒုမ္မာကြာပန်းကို အသုံးပြုပေးလို့ ရပါတယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေအက်ဆစ်ကို ဟန်ချက်ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

အစာအိမ်အူလမ်းကြောင်းထဲက အနာတွေကို သက်သာစေနိုင်သလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ 

နာကျင် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်

ပဒုမ္မာကြာက အကိုက်အခဲ ပျောက်စေနိုင်ပြီး ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်တာ၊ အဆစ်ရောင်တာ၊ နာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့  ရပါတယ်။ အဆစ်ရောင်နေတာတွေ ကိုယ်တွင်းမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ!

ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ  အသုံးပြုမိမယ်ဆိုရင်တော့ – 

  • နှလုံးခုန်မြန်တာ
  • အစာမကြေတာ
  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!

ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်

  • အစာခြေစနစ် ပြဿနာ ရှိသူတွေ
  • ရောဂါအခံ ရှိသူတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ အနေနဲ့ အသုံးမပြုသင့်ပါဘူး။ 

သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

# တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement