backup og meta

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

    အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။

    သဘာဝတရားကြီးက လူသားတွေကို ကမ္ဘာမြေပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးပါတယ်။ အစားအစာ ကနေစလို့ ဆေးဝါး၊ အိမ်ဆောက်ဖို့ လိုအပ်မယ့်အရာတွေနဲ့ သောက်ဖို့ ရေ ကအစ အစစအရာရာကို ထောက်ပံ့ပေးထားတာပါ။

    ဒီလို ထောက်ပံ့ပေးမှုတွေထဲမှ လူသားတွေ ရှင်သန်စေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာတွေကတော့ အပင်တွေပါပဲ။ အချို့သော အပင်မျိုးစိတ်တွေက လူသားတွေ မဖြစ်လာခင်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာပါ။ ဒီလိုမျိုး ရှေးအစဉ်အဆက် ကာလတွေကတည်းက ရှင်သန်ဖို့အတွက် အသုံးပြုခဲ့ကြတဲ့ အုန်းပင်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။

    အုန်းပင် ဆိုတာ

    အုန်ပင်ဆိုတာက လူတိုင်းနီးပါး မြင်ဖူးနေမယ့် အပင်ပါ။ ပင်လယ်ကမ်းခြေ ဒေသတွေမှာ အများဆုံး ပေါက်ရောက်ပါတယ်။ အုန်းပင်ရဲ့ အခက်အလက်တွေကို လူသုံးကုန် အဖြစ် ပြုလုပ် အသုံးပြုကြပြီး အုန်းသီးအသားကို စားတာ၊ အုန်းနို့ ညှစ်ပြီး ဟင်းချက်တာ၊ အချိုပွဲ လုပ်တာတွေ ရှိသလို အုန်းရည်ကိုလည်း အမေပြေ သောက်စရာ အနေနဲ့ သောက်ကြပါတယ်။

    အုန်းခွံကိုအပင်တွေ စိုက်ဖို့ အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြောဖို့ သုံးကြပါတယ်။ အုန်းသီးကို အခုလို နည်းလမ်း အမျိုးမျိုုးနဲ့ အသုံးပြုကြပေမယ့် အများစုက အုန်းပင်ရဲ့ အခက်အလက်တွေနဲ့ အုန်းမြစ်က ဆေးဖက်ဝင်တယ်ဆိုတာကိုတော့ မသိကြတာ များပါတယ်။

    အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

    အုန်းပင်ရဲ့ အစိတ်အပိုင်းတိုင်းက အသုံးဝင်တာပါ။ အုန်းရည်ကတင် ဆေးဖက်ဝင်တာ မဟုတ်ဘဲ အုန်းမြစ်နဲ့ အုန်းလက်ကလည်း အခုလို အသုံးဝင်ပါတယ်။

    အုန်းမြစ်က အခုလို ဆေးဖက်ဝင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ် – အုန်းမြစ်မှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ lauric အက်ဆစ်၊ Myristic အက်ဆစ် နဲ့ caprylic အက်ဆစ်တို့ ပါဝင်နေပါတယ်။ lauric အက်ဆစ်က စားသုံးလိုက်တဲ့ အစားအစာတွေကို လျင်လျင်မြန်မြန် ချေဖျက်ပေးပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။  ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    အရေပြား ကျန်းမာစေတယ် – အရေပြားတွေ ယားယံနေတယ်ဆိုရင် ၂ လက်မ ၃ လက်မ အရွယ် အုန်းမြစ်တွေကို ရေစင်အောင် ဆေးလို့ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ ပြုတ်ရည်ကို မနက်ခင်းတိုင်း တစ်ခွက် သောက်ပေးပါ။

    အဖျား သက်သာစေတယ် – အုန်းမြစ် ၁၅ ဂရမ်ကို ရေစင်အောင် ဆေးပြီး ရေ တစ်ဖန်ခွက်စာနဲ့ ၁၅ မိနစ်ခန့်  ပြုတ်ပါ။ ပြုတ်ထားတဲ့ ပြုတ်ရည်ကို အအေးခံပြီး သောက်ပေးရင် အဖျား သက်သာစေပါတယ်။

    ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ် – ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ အုန်းမြစ် ၁၅ ဂရမ်ကို ရေစင်အောင် ဆေးပြီး ရေ တစ်ဖန်ခွက်စာနဲ့ ၁၅ မိနစ်ခန့်  ပြုတ်ပါ။ ပြုတ်ထားတဲ့ ပြုတ်ရည်ကို အအေးခံပြီး သောက်ပေးလို့ ရပါတယ်။  ဒါတွေအပြင် အုန်းမြစ်ကို

  • သည်းခြေ မကောင်းတာ
  • ဆီးလမ်းကြောင်း ပိုးဝင်တာ
  • နှင်းခူ
  • ရင်ပူတာ
  • သွေးခဲတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါသေးတယ်။
  • အုန်းသီးနု

    အုန်းသီးနုနုလေးတွေကို ဗိုက်အောင့်တာ သက်သာစေဖို့အသုံးပြုပေးလို့ ရပါတယ်။ အရည်တည် အနေ အုန်းသီးကို တစ်ဖက်ဖွင့်လို့ ကျန်တစ်ဖက်ကနေ အပူပေးပါ။ ပြီးရင် အတွင်းက အသားကို စားပေးပါ။

    အုန်းလက်

    အုန်းလက်၊ အုန်းရွက်တွေကို ကြွက်သားနာကျင်တာ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ အုန်းလက် မနုမရင့်လေးတွေကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ ပြုတ်ရည်ကို နာကျင်တဲ့ ကြွက်သားတွေအပေါ်မှာ ရေနွေးဝတ်ကပ်ပေးလို့ရပါတယ်။

    နောက်တစ်နည်းကတော့ အုန်းလက်ပြုတ်ရည်နဲ့ ရေစိမ်ချိုးတာပါ။

    အုန်းပန်း

    ဘုးရား ကပ်လေ့ရှိတဲ့ အုန်းပန်းကလည်း ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ အုန်းပန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ပြုတ်ရပါမယ်။ ပြုတ်ရည်ကို အသုံးပြုပေးရမှာပါ။

    အရသာရှိတဲ့ အုန်းစိမ်းရည်ကို ပေးတဲ့ အုန်းပင်က အရွက် အလက်ကနေစလို့ အမြစ်အထိ အကုန် ဆေးဖက်ဝင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement