သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ဂျင်ဆင်း (သို့မဟုတ်) ကိုယ်ခံအားသို့ သွားရာလမ်း

နေ့ရက်တိုင်းကို စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဟုတ်။ ဒီဆန္ဒလေးပြည့်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က အရေးကြီးပါတယ်။ ကိုယ်ခံအားဆိုတာက လူတိုင်းပိုင်ဆိုင်ထားတဲ့ အရာပေါ့။ မွေးကတည်းက ကိုယ်နဲ့ ပါလာပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတဲ့ အရာတစ်ခုပါ။ ကိုယ်ခံအားက အခမဲ့ ရထားတာဆိုပေမယ့် သေချာ ဂရုစိုက်ဖို့တော့ လိုပါမယ်။ ရောဂါဘယတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအားကောင်းဖို့ဆိုတော့ ဒီ ကိုယ်ခံအားကို သေချာ ကာကွယ်ဖို့က မဖြစ်မနေ လိုအပ်တဲ့အရာပေါ့။ သူကျန်းမာနေမှ ကိုယ့်ကျန်းမာရေးကို ထိပါးလာမယ့် ရောဂါပိုးမွှားတွေကို အကောင်းဆုံး တိုက်ထုတ်နိုင်မှာလေ။ ဒီတော့ ကိုယ်ခံအားကောင်းအောင် ဘယ်လို အားဖြည့်ပေးမယ် စိတ်ကူးလဲ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ရှေးယခင်ကာလတွေကထည်းက အားကိုးလာတဲ့အရာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ အာရှဒေသက နိုင်ငံအတော်များများ နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ရောဂါတွေကို ကုသဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်ဂျင်ဆင်း၏ အကျိုးကျေးဇူးများ

ဂျင်ဆင်းကို တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ တိုင်းရင်းဆေးပညာရပ်တွေမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေမှာပါ စိုက်ပျိုးမှုတွေ ပြုလုပ်လာကြပါတယ်။ ဂျင်ဆင်းမှာ မျိုးကွဲတွေလည်း ရှိပါတယ်။ ဂျင်ဆင်းမှာအဓိက ပါဝင်တဲ့ ginsenosides နဲ့ gintonin ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဂျင်ဆင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ရောင်ရမ်းမှုကိုကျစေခြင်း ဂျင်ဆင်းမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကိုကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အရေပြားဆဲလ်တွေရဲ့ ရောင်ရမ်းမှုကိုကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် နှင်းခူလို အရေပြားပြဿနာတွေကို ကုသရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဖိစီးခြင်း (oxidative stress) တွေကို ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ခန္ဓာဆဲလ်တွေ အချိန်မတိုင်မီ ပျက်စီးခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာများကို အကျိုးပြုခြင်း ဂျင်ဆင်းဟာ မှတ်ဉာဏ်ပိုင်း၊ အမူအကျင့်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စတဲ့ဦးနှောက်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ အထောက်အကူပြုပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsenosides […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဖက်ဝင်အပင်အနေနဲ့လည်း လူသိများပါတယ်။ မျိုးကွဲပေါင်းလည်းများစွာရှိပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။ ကလျာဏီကို လတ်ဆတ်တဲ့အပင်အတိုင်းဖြစ်စေ၊ အခြောက်ခံထားတဲ့ ပုံစံနဲ့ဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကလျာဏီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း ကို ပြောပြပေးချင်ပါတယ်။ ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း ကတော့ အာဟာရဓာတ် ကြွယ်ဝခြင်း ကလျာဏီပင်မှာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလျာဏီအခြောက်မှုန့် တစ်ဇွန်းစာ (ဝ.၇ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ ၂ - ပရိုတင်း။ ဝ.၁ ဂရမ် - ကာဘိုဟိုက်ဒရိတ်။ ဝ.၄ ဂရမ် - အဆီဓာတ်။ ဝ.၁ ဂရမ် - သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ […]


သဘာဝဆေးဖက်ဝင်

ဗိုင်းရပ်စ်ဆန့်ကျင်သော ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင်များ

ရှေးနှစ်ပေါင်းများစွာကတည်းက ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း အပါအဝင် ရောဂါမျိုးစုံအတွက် ကုသရာမှာ ဆေးဖက်ဝင်အပင်များကို အသုံးပြုခဲ့ကြပါတယ်။ အပင်တချို့ဆိုရင် သုတေသနများအရ ဗိုင်းရပ်စ်ဆန့်ကျင်နိုင်တဲ့ အာနိသင်တွေရှိကြောင်း အတည်ပြုနိုင်တဲ့အတွက် ယနေ့ခေတ်ကာလထိ တိုင်းရင်းဆေးပညာနယ်ပယ်များမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ယခုဆက်လက်ဖော်ပြမယ့် ဆေးဖက်ဝင်အပင်များမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ အာနိသင် ရှိနေပါတယ်။ ၁။ ကလျာဏီ ကလျာဏီဟာ ပူစီနံအုပ်စုဝင် အပင်တမျိုး ဖြစ်ပါတယ်။ ရနံ့မွှေးပျံ့ပြီး ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကုသရာမှာ အသုံးပြုကြပါတယ်။ အဓိကအားဖြင့် ကလျာဏီမှာပါဝင်တဲ့ safficinolide ဓာတ်ပစ္စည်းဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ HIV ရောဂါပိုးကိုပါ တိုက်ခိုက်နိုင်ခြင်း ရှိ၊မရှိ သုတေသနတွေ ထပ်မံလုပ်ဆောင်နေကြကြောင်း သိရပါတယ်။ ၂။ ပင်စိမ်း ပင်စိမ်းမှာ အမျိုးအစားပေါင်းစုံတော့ ရှိပါတယ်။ ပင်စိမ်းပင်တွေမှာ ပါဝင်တဲ့ apigenin နဲ့ ursolic အက်ဆစ်ဆိုတဲ့ ဓာတ်ပစ္စည်းများဟာ ရေယုန်ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်အသားဝါ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ဆိုတာ သက်ရှိတစ်ပိုင်း၊ အပင်တစ်ပိုင်း လို့ သိထားကြသလို တန်ဖိုးကြီးတဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်း လည်း ဖြစ်ပါတယ်။ တကယ်တော့ သူဟာ သက်ရှိသတ္တဝါ မဟုတ်ပါဘူး။ အာရှဒေသတွေရဲ့ မြင့်မားတဲ့တောင်ထိပ်တွေမှာ တွေ့ရှိရတတ်တဲ့ မှိုတစ်မျိုးသာ ဖြစ်ပါတယ်။ အင်းဆက်ပိုးလောင်းတွေရဲ့ ကိုယ်ပေါ်မှာ ရှင်သန်တဲ့ ကပ်ပါးမှိုတစ်မျိုး ဖြစ်ပြီး လက်ခံပိုးလောင်းကို ကပ်တွယ်သိမ်းယူပြီး ပိုးလောင်းခန္ဓာကိုယ်မှာ အပင်အဖြစ် ရှင်သန်လာခဲ့တာပါ။ ဒါ့ကြောင့် သူ့ကို ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ဆိုကြတာပေါ့။ ရှီးပဒီး ဖြစ်လာတဲ့အခါ ပိုးလောင်းလေးရဲ့ ခန္ဓာကိုယ်ကနေ အညှောင့်လေးထွက်လာပြီး အခုလို ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ ဒီအပင်တွေကိုမှ တူးယူပြီး အခြောက်ခံကာ တန်ဖိုးကြီးဆေးဝါးတွေ အဖြစ် ပြန်လည်ရောင်းချကြပါတယ်။ ရောဂါအစုံကို ကုသနိုင်တယ်၊ ခွန်အားတိုးတယ်ဆိုပြီး တရုတ်တိုင်းရင်းဆေးလောကမှာတော့ ရှီးပဒီးက ဆရာတစ်ဆူပါပဲ။ https://hellosayarwon.com/herbals-alternatives/herbal-medicines/uses-and-benefits-of-weeping-willow/ ရှီးပဒီး […]


သဘာဝဆေးဖက်ဝင်

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း ဆိုတာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးကြတဲ့ အပင်တစ်မျိုးပါ။ အညွန့်နဲ့ အရွက်နု စိမ်းစိမ်းလေးတွေကို ဒီတိုင်း ကြွပ်ကြွပ်လေး တို့စားမလား၊ မန်ကျည်းမှည့်လေးနဲ့ အချဉ်ပြုတ်ပြီး တို့စားမလား ဒါမှမဟုတ် ရေနွေးဖျောပြီးသုပ်စားမလား အမျိုးမျိုး စားသုံးကြပါတယ်။ မြန်မာ့ ထမင်းဝိုင်းတွေမှာ ချဉ်ရည်ဟင်းလေး၊ ငပိချက်လေးနဲ့ ဘောစကိုင်းရွက်လေး တို့စားလိုက်ရရင် ထမင်းသိပ်မြိန်စေတာပေါ့။ တခြားနိုင်ငံတွေမှာတော့ သူ့ရဲ့အစေ့နဲ့ ပင်စည်အခေါက် ကိုပါ ဆေးဖက်ဝင်ပစ္စည်းတွေ အဖြစ် အသုံးပြုကြပါတယ်။ ဘောစကိုင်းအစေ့က ဆိုရင် တညင်းသီးလိုလို မျောက်ငိုသီး လိုလို အနံ့အရသာ ရှိပါတယ်နော်။ ကဲ စားလို့ကောင်းတဲ့ ဘောစကိုင်း ရဲ့ အရွက်၊ အသီး၊ အစေ့နဲ့ အခေါက် တို့မှာ ဘာတွေ ဆေးဖက်ဝင်စေသလဲ ဆိုတာ လေ့လာကြည့်ရအောင်။ ဆေးဖက်ဝင်တဲ့ ဘောစကိုင်း ဘောစကိုင်း […]


သဘာဝဆေးဖက်ဝင်

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။ ဗာဒံရွက်လို့  ပြောလိုက်ရင် ထုပ်ပိုးစရာ တစ်ခုလို့ပဲ မြင်မယ်ထင်ပါတယ်။ တကယ်က ဗာဒံရွက် ဆိုတာက ငယ်ငယ်က အမြင်ရ များသလို မရမ်းသီး ဆေးသကြားစိမ် ထည့်စားရုံ၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက် စတာတွေကို ထည့်စားရုံလောက်ပဲ မဟုတ်ပါဘူး။ လမ်းပေါ်မှာ အမှိုက်လို ပြန့်ကျဲနေတဲ့ ဗာဒံရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗာဒံရွက် အပူပိုင်း ဒေသတွေမှာ ပေါက်ရောက်တဲ့ ဗာဒံပင်တွေက မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ အရွက်ဖားဖား အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အရိုးတံလေးတွေ အမြှောင်းလိုက် ဖြစ်နေတတ်ပါတယ်။ နုစဉ်မှာ မွေးညှင်းလေးတွေ ပါတတ်ပေမယ့် ရင့်သွားတဲ့အခါ ပြောင်ချော နေတတ်ပါတယ်။ ဗာဒံရွက်ကို စားလို့ရလား။ ဗာဒံရွက်ကို စားစရာထည့်တာနဲ့ တိရစ္ဆာန် အစာ (အထူးသဖြင့် ဆိတ်စာ) […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ သစ်ကြံပိုးခေါက် ကို ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်အခါမှာလည်း သိပ္ပံနည်းကျ သုတေသနတွေ ပြုလုပ်ရာမှာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အာနိသင်တွေရှိကြောင်း သိရှိလာရပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ တွေပဲ ဖြစ်ပါတယ်။ https://hellosayarwon.com/herbals-alternatives/herbal-medicines/bay-leaf-health-benefits/ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ ကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပေါ်လီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများဆုံး ပါဝင်ပါတယ်။ ရောင်ရမ်းမှု ကျဆင်းစေသော ပစ္စည်းများပါဝင်ခြင်း ရောင်ရမ်းမှုဟာ ရောဂါပိုးဝင်ခြင်းနဲ့ တစ်ရှူးများပြင်ဆင်ခြင်းအတွက် အရေးပါတဲ့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက်ကို သစ်ကြံပိုးပင်ရဲ့ အတွင်းပိုင်း သစ်ခေါက်လွှာကနေ ထုတ်လုပ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ သစ်ကြံပိုးခေါက်ကို အတန်အသင့်စားသုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဓာတ်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ coumarin ဓာတ်ကို အလွန်အကျွံ စားသုံးမိရင် အသည်းကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေနိုင်ပါတယ်။ တခြားသော ကျန်းမာရေးပြဿနာတွေလည်း ရှိပါသေးတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သစ်ကြံပိုးခေါက်ကို လွန်ကဲစွာ သုံးစွဲမိတဲ့အခါ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ […]


သဘာဝဆေးဖက်ဝင်

ကျွန်းရွက်လေး ကဆေးဖက်ဝင်ပါတယ်။

ကျွန်းလို့ ပြောလိုက်ရင် ကျွန်းသစ်၊ အိမ်ထောင်ပရိဘောဂတွေလုပ်မယ် အိမ်ဆောက်မယ် စတာတွေပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ အာဟာရတန်ဖိုး မရှိနိုင်သလို ကျန်းမာရေးကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ထင်မထားမိလောက်ပါဘူး။ တကယ်တော့ ကျွန်းသစ်ကို ထုတ်လုပ်နေတဲ့ ကျွန်းပင်တွေရဲ့ အရွက်တွေဖြစ်တဲ့ ကျွန်းရွက်လေး က အခြား ဆေးဖက်ဝင် အပင်တွေ နည်းတူ ကျန်းမာရေး အာနိသင်ရှိနေပါတယ်။ ကျွန်းရွက် ဆိုတာ အရွက်ခပ်ဖားဖား နဲ့ ကြီးကြီးပြန့်ပြန့် သဏ္ဍာန်ရှိပြီးစင်တီမီတာ ၂၀ ကနေ ၃၀ လောက်အထိရှည်လျားပါတယ်။ အရွက်က ခပ်ကြမ်းကြမ်းရှိပြီး အရွက်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ မီးခိုရောင် ဒါမှမဟုတ် အဝါရောင်သန်းသန်း အမွှေးနုလေးတွေ ပါပါတယ်။ နုစဉ်မှာ အနီရောင်သန်းပြီး အစိမ်းရောင် ဖြစ်လာတာက ရင့်လာတာပါ။ ကျွန်းရွက်လေး ကပေးတဲ့ ကျန်းမာရေး အရွက်ဖားဖားနဲ့ လက်မှာပွတ်လိုက်ရင် နီနီလေးဖြစ်သွားစေတဲ့ ကျွန်းရွက်လေး က ပန်းနာရင်ကျပ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်