မြန်မာနိုင်ငံမှာ သဘာဝဆေးဖက်ဝင် အပင်တွေက တော်တော်ခေတ်စားပါတယ်။ အနောက်တိုင်း ဆေးဝါးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဆေးဖက်ဝင်အပင်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို ပြောပြပေးလိုပါတယ်။