ထောလပတ်ရွက်လို့ ပြောလိုက်ရင် အုန်းဆီထဲထည့်ပြီး လိမ်းရမယ်။ ဆံပင် နက်စေတယ်။ ဆံပင် သန်စေတယ်။ ဆံပင်ကျွတ်တာကို သက်သာစေတယ် ဆိုတဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲကို အရင်ဆုံးရောက်လာတယ်ဟုတ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ထောလပတ်ရွက်လို့ ပြောလိုက်ရင် အုန်းဆီထဲထည့်ပြီး လိမ်းရမယ်။ ဆံပင် နက်စေတယ်။ ဆံပင် သန်စေတယ်။ ဆံပင်ကျွတ်တာကို သက်သာစေတယ် ဆိုတဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲကို အရင်ဆုံးရောက်လာတယ်ဟုတ်။
တကယ်ကတော့ ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
ထောလပတ်ရွက် ဆံပင်တွေကို သန်စွမ်းနက်မှောင်စေသလို အခုလို ကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
ထောလပတ်ရွက်က အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အရေပြားယားယံတာ၊ နှင်းခူ၊ ဆိုရီရေးစစ်၊ ပွေး စတာတွေ သက်သာစေဖို့ ရေစင်စင်ဆေးထားတဲ့ ထောလပတ်ရွက်ကို ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။ နနွင်းလေးနဲ့ ရောလူးရင် ပိုထိရောက်ပါတယ်။
ထောလပတ်ရွက်မှာ ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက အရေပြား ဓာတ်မတည့်မှုအပါအဝင် ဓာတ်မတာ့်မှု အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။
ထောလပတ်ရွက်ကို စားသုံးပေးတက မှတ်ဉာဏ်ကို တိုးတက်စေပြီး အသက်အရွယ်ကြောင့် မေ့တတ်တာကို သက်သာစေနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ။ ပါကင်ဆန်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
အကြောင်းကတော့ ထောလပတ်ပင်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ဦးနှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် မပျက်စီးအောင် ကာကွယ်ပေးလို့ပါ။
ထောလပတ်ရွက် အဆီအနှစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ထောလပတ်ရွက်ကို သုံးပေးလို့ ရပါတယ်။
ထောလပတ်ရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေက အစာအိမ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ လေပွတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်အနာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
ထောလပတ်ရွက်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တဲ့အခါ နာကျင်ကိုက်ခဲတဲ့နေရာမှာ ကြိတ်ခြေထားတဲ့ ထောလပတ်ရွက် နဲ့ နနွင်းကို ရောစပ်ပြီး အုံပေးလို့ ရပါတယ်။
ထောလပတ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာပါ။ ထောလပတ်ရွက်ကို နေရောင်အောက်မှာ အခြောက်ခံပြီး ရေနွေးကြမ်းထဲ ထည့်သောက်ပေးလို့ ရပါတယ်။
သွေးတွင်းကိုလက်စထရောကျစေဖို့လည်း ထောလပတ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ထောလပတ်ရွက်မှာပါတဲ့ antihyperlipidemic အာနိသင်က သွေးတွင်းကိုလက်စထရောကို ကျစေပါတယ်။
ကဲ…ထောလပတ်ရွက် ဆံပင်ကို သန်စေတာထက် ပိုပါတယ်နော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။