home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေး​ကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။

သေချာစိုက်ထားတာ မဟုတ်တာတောင် အကောင်းဆုံး ရှင်သန်နေတဲ့ ဒီအပင်လေးတွေကို ငယ်ငယ်ကတော့ ဆင်နှာမောင်းလေးနဲ့ တူလို့ ချစ်စရာလေးဆိုပြီး ဆော့ဖို့ ခူးကြပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်ကတော့ ဒီအပင်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆင်နှာမောင်းပင် ဆိုတာ

တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။

အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ အပင် တစ်မျိုးပါ။

တောင်အမေရိက မျိုးရင်းပင် တစ်မျိုးပါ။ အပူပိုင်း နဲ့ သမပိုင်း ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ဘယ်လို ဆေးဖက်ဝင်တာလဲ ……..

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ကို လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများစွာကတည်းက ဆေးဝါးကုသမှုမှာ အသုံးပြုခဲ့တာပါ။ ဒီဆင်နှာမောင်း ပင်လေးကို

ကြွက်နို့ သက်သာစေတယ်

ကြွက်နို့ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အရွက်ကို ရေစင်အောင်ဆေး ကြိတ်ခြေပြီး ကြွက်နို့ပေါ်မှာ အုံထားပေးရမှာပါ။ အပေါ်ကနေ ပတ်တီးစ ခပ်ပါးပါးလေး စည်းထားပေးရင်တော့ အကောင်းဆုံးပါ။

အရောင်ကျစေနိုင်တယ်

ဆင်နှာမောင်းပင်လေးကို နောက်ထပ် အသုံးပြုလို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ပါ။ အရွက်ကို မီးအုံးပြီးဖြစ်ဖြစ် ကြိတ်ခြေပြီး ဖြစ်ဖြစ် ရောင်ရမ်းနေတဲ့နေရာမှာ အုံပေးပြီး အဝတ် ခပ်ပါးပါး ဒါမှမဟုတ် ပတ်တီးစလေးနဲ့ စည်းထားပေးရုံပါ။

အကိုက်အခဲ ပျောက်စေတယ်

ဆင်နှာမောင်းပင်ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အဆစ်ရောင်နာလေးဖက်နာတို့ကြောင့် ကိုက်ခဲတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်

ဒီ ဆင်နှာမောင်းပင် လေးကို အရေပြားမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အနာ၊ ယားနာ၊ နှင်းခူ၊ ဝဲ၊ ခရုသင်း စတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

မိတ်ပျောက်စေတယ်

နွေရာသီမှာ ဖြစ်တတ်တဲ့ ယားယံစေတဲ့ အရေပြားပေါ်က မိတ်တွေ သက်သာစေဖို့အတွက်လည်း ဆင်နှာမောင်းပင်ကို အသုံးပြုပေးလို့ ရပါသေးတယ်။

ဒါတွေအပြင် ဆင်နှာမောင်းပင်ကို

  • အကျိတ်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • မှက္ခရု သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဆီးချို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဆီး ခဏခဏ သွားတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • အနာ သန့်စင်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
  • လိပ်ခေါင်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဗိုက်အောင့် ဗိုက်နာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • အစာခြေစနစ် ကျန်းမာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • လေပြွန်ရောင်တာ၊ လည်ချောင်းနာတာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • အနာစိမ်း သက်သာစေနိုင်တယ်။
  • မျက်စိနာတာ သက်သာစေနိုင်တယ်။
  • ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်။
  • သွားဖုံးပိုးဝင်တာ သက်သာစေနိုင်တယ်။
  • အရေပြားမှာ ပိုးကောင် ကိုက်တာကို သက်သာစေနိုင်တယ်။
  • ဘေဘီလေးတွေ ချောင်းဆိုးတာ၊ ဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီ အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် လေးက ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးတွေ များပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အများကြီး သုံးမိမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Heliotropium indicum https://tropical.theferns.info/viewtropical.php?id=Heliotropium+indicum Accessed Date 23 November 2021

Heliotropium indicum http://www.flowersofindia.net/catalog/slides/Indian%20Heliotrope.html Accessed Date 23 November 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။