backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ဒီအပင်လေးကို လူတော်တော်များများ ပန်းထိုးတဲ့အခါ နောက်ခံ အလှအနေနဲ့ ထည့်ထိုးတာကို မြင်ဖူးနိုင်ပါတယ်။ အရွက်လေးတွေက ရိုးတံရဲ့ တစ်ဖက်တစ်ချက်စီမှာ အစီအရီထွက်တဲ့ အရွက်ရှည်မြောမြောလေးပါ။ လှေကားလေးလို အစီအရီလေး ထွက်နေတာကြောင့်ပဲ Ladder Fern လို့ ခေါ်ကြတာပါ။ အရောင်ကတော့ အစိမ်းရောင်ပါ။ ဒီလိုမျိုး လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ပါ။

Ladder Fern ဆိုတာ

Ladder Fern ဆိုတာက အရွက်လှတဲ့ အလှစိုက်ပင်တစ်မျိုးပါ။ ဖန်းပင် လို့လည်း အလွယ်ခေါ်ကြပါတယ်။ ကျောက်တုံးတွေကို ကပ်ပြီး ပေါက်တတ်သလို အပင်ကြီးတွေနဲ့ ပန်းပင်လေးတွေမှာလည်း ကပ်ပေါက်တတ်ပါတယ်။ အစိမ်းရောင်ရှိပြီး အရွက်ဆိုင်လေးတွေနဲ့ အစီအရီ ထွက်တတ်ကြတဲ့ အပင်လေးပါ။ အပွင့် မပွင့်တတ်သလို အကြမ်းခံတဲ့ အပင်လေး တစ်မျိုးပါ။

လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ 

  • ကောင်းကောင်း အိပ်ပျော်စေတယ်

ဒီအပင်လေးရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်ကတော့ ပတ်ဝန်းကျင် လေထုထဲက မသန့်ရှင်းတဲ့အရာတွေကို စုပ်ယူဖယ်ရှားပေးပြီး သန့်စင်ပေးတာကြောင့် အသက်ရှူရ အဆင်ပြေစေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ဓာတ်မတည့်မှု သက်သာစေတယ်

Ladder Fern ရဲ့ နောက်ထပ် အကျိုးအာနိသင် တစ်ခုကတော့ ပတ်ဝန်းကျင်နဲ့ အခန်းလေထုထဲက ဖုန်မှုန့်တွေနဲ့ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပေးတာကြောင့် ဓာတ်မတည့်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ပြီး ဓာတ်မတည့်ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

  • လေထုသန့်စင်ပေးတယ်

ဒီ Ladder Fern ရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ လေထုကို သန့်စင်ပေးတာပါ။ အပင်ရဲ့ အရွက်တွေက ဖုန်မှုန့်တွေကို စုပ်ယူပေးပြီး အခန်းတွင်း လေထုကို သန့်စင်ပေးပါတယ်။ လေထုထဲက အဆိပ်အတောက်တွေကိုလည်း စုပ်ယူပေးနိုင်ပါတယ်။

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

လေထုကို သန့်စင်ပေးတဲ့ Ladder Fern က အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေအနေနဲ့ စိုက်ထားသင့်ပါတယ်။ အသက်ရှူလမ်းကြောင်း ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

  • စိတ်ဖိစီးမှု လျော့ကျစေတယ်

Ladder Fern က စိတ်ဖိစီးမှုကို သက်သာစေသလို စိုးရိမ်စိတ်ကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ပင်ပန်းတာကို ပြေလျော့စေနိုင်ပြီး စိတ်ခံစားမှု ကောင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ စိတ်အနားရချင်တယ်ဆိုရင်တော့ Ladder Fern ကို အိမ်တွင်းမှာ စိုက်ပျိုးထားပေးလို့ ရပါတယ်။

  • ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေတယ်
  • Ladder Fern က အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ လုပ်ဆောင်ပေးသလို တွေးခေါ်မှု ဖန်တီးနိုင်စွမ်းတွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ကို အားကုန်သုံး အလုပ်လုပ်နေရသူတွေ အနေနဲ့ နေအိမ် အိပ်ခန်း ဒါမှမဟုတ် ရုံးခန်းထဲမှာ စိုက်ပျိုးထားသင့်ပါတယ်။

    • အရောင်ကျစေနိုင်တယ်

    Ladder Fern ပင်မှာ ဖလေဗာနွိုက် နဲ့ tannins တို့ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်စွမ်း ရှိပါတယ်။ ဒီအပင်မှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးက ခန္ဓာကိုယ်အနှံ့က ရောင်ရမ်းမှုတွေကို အရောင်ကျစေပြီး သက်သာစေနိုင်ပါတယ်။

    • စိတ်ခံစားမှု ကောင်းစေတယ်

    Ladder Fern ပင်က Fern မျိုးနွယ်ပင် ဖြစ်တာနဲ့အညီ စိတ်ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါ တယ်။ စိတ်ခံစားမှု ကောင်းစေသလို တီထွင်ဖန်တီးဉာဏ်လည်း ကောင်းစေပါတယ်။ စိတ်ကူးစိတ်သန်းကောင်း လေးတွေ ​ထွက်ပေါ်စေဖို့ စိုက်ထားသင့်တဲ့ အပင် တစ်ပင်ပါ။

    ဘာတွေ သတိထားရမလဲ

    Ladder Fern ပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ 

    Ladder Fern ပင် ဆေးဖက်ဝင်သလား!

    Ladder Fern ပင် ဆေးဖက်ဝင်သလား ဆိုတော့
    • အိပ်ပျော်စေတယ်
    • ဓာတ်မတည့်မှု သက်သာစေတယ်
    • လေထုသန့်စင်ပေးတယ်
    • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
    • စိတ်ဖိစီးမှု လျော့ကျစေတယ်
    • ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေတယ်
    • အရောင်ကျစေနိုင်တယ်
    • စိတ်ခံစားမှု ကောင်းစေနိုင်တယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement